Pages

Monday, October 29, 2012

သီတင်းကျွတ်တော့မည် .... ။










တိမ်ညိုညို ဖုံးပါလို့ 
ဆန်းသော်တာ ရောင်ဖြာညှိုး
မှောင်တစ်ခါ ထိန်တစ်ချက်
မရွှင်သာ လွမ်းတမိလေ ….
(သြော်) … ဒီအချိန် ရွှေပြည်မှာဖြင့်
နှင်းမှုံတွေ ဝေပါလို့ 
ဆန်းသော်တာ ရောင်ဖြာထွန်း
သုံးရာသီ ဘယ် မမှီဘူး
တို့  ပြည်မှာဖြင့် သီတင်းကျွတ်တော့ မည် ။


သုံးလူ့ သခင် ဓမ္မအရှင်
ရည်မျှော်မှန်းဆ  ကြိုသည့်ပွဲမှာ
ဆီမီးတွေဖြာ သီလရှာ
ဘိုးဖွား မိဘ ဆရာ အစ
 ဦးခိုက် ရှစ်ခိုး ရိုးရာထူးနှင့်
မြတ်မဟာပွဲ ကို
တရပ်မှာနေ တမြေခြားပါလို့ 
လွဲရပေါ့ အခါခါ
လွမ်းတမိ လေ … သီတင်းကျွတ်တော့မည် … ။



ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများ ထူးမြတ်လှတဲ့ သီတင်းကျွတ်ပွဲတော်မှာ လွမ်းမောခြင်းကင်းစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေလို့  ဆုတောင်းမိပါတယ် .... ။



Photo: Aye Lwin Oo, Shwe Pachi (Yamaethin) ဓာတ်ပုံကို photoshop အသုံပြုပြီး လက်ဆော့ ထားမိပါသည် ။



မောင်ဘုန်း




2 comments:

  1. သုံးလူ့ သခင် ဓမ္မအရှင်
    ရည်မျှော်မှန်းဆ ကြိုသည့်ပွဲမှာ
    ဆီမီးရောင်ဖြာ သီလရှာလို့ 
    ဘိုးဖွား မိဘ ဆရာ အစ
    ကြီးသူရိုသေ ဦးခိုက် ရှစ်ခိုး
    မြတ်မဟာ ပွဲကို
    တရပ်မှာနေ တမြေခြားပါလို့ 
    လွဲရပေါ့ အခါခါ
    လွမ်းတမိ လေ … သီတင်းကျွတ်တော့မည် … ကဗျာခေးဖတ်ပြီပိုလွမ်းသွားတယ်
    မောင်ဘုန်းရေးးးးးးးးးးးးးးးးး

    ReplyDelete
  2. ရောက်တယ်ညီလေး..
    သီတင်းတော့ ကျွတ်ပြီ..
    မောင်ဘုန်းကတော့ ပုံမှန်အတိုင်းသာ ရှိသေးသည်တကား.. :D

    ReplyDelete