Pages

Thursday, August 22, 2013

သူမအတွက်


ရွှေဖီမြေ မှာ လက်ဖက်ခူးတဲ့
သူမ လက်တစ်စုံ က
အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခဲ့တယ် …. ။

ရွှေဖီမြေ မှာ လှမ်းခဲ့တဲ့ ခြေတစ်စုံက
ဘဝမုန်တိုင်းတွေ အလည်မှာ
ကြံ့ကြံ့ခိုင် စေခဲ့တယ် ….။

နေဝင်ချိန်အထိ ထွန်းလင်းတောက်ပနေ တဲ့
သူမ ရဲ့ မျှော်လင့်ချက်တွေ ကို
ဖြူစင်တဲ့ စိတ်တစ်ခုတည်းနဲ့ 
ရှင်သန်နေခဲ့တယ် ….။

တကယ်တော့ …….
သူမ ဆိုတာ ……
တော်ဝင်ပန်းလို မလှပါဘူး
တော်ဝင် တဲ့ ဂုဏ် တွေ မရှိ ခဲ့ပါဘူး ….. ။

ဒီနေ့  ကျရောက်တဲ့ သူမရဲ့မွေးနေ့  မှာ
ကျနော် ရင်ထဲ စကားလုံးတွေ လည်း
ကဗျာ မဖြစ်ခဲ့ပါဘူး …..။

ဒါပင်မဲ့ ….
ကျနော် ရင်ထဲမှာ တော့
သူမ …… ဆိုတာ ……..
ပြီးပြည့်စုံတဲ့ တော်ဝင်ပန်းလေး တစ်ပွင့် ပေါ့ ….. ။


ယနေ့ ကျရောက်တဲ့ မွေးနေ့ မင်္ဂလာရက်မြတ် မှ သည် နောင်နှစ်ပေါင်းများစွာထိ အေးချမ်းသာယာသော ဘဝ တစ်ခု ပိုင်ဆိုင်ရပါစေ ချစ်သော ကောင်းကင်ဖြူ ရေ ....... ။


မောင်ဘုန်း




4 comments:

  1. ချစ်သူအတွက်အမှတ်တရကဗျာလေးအားပေးရင်း ...ကောင်းကင်ဖြူတစ်ယောက် မွေးနေ့မင်္ဂလာရက်မြတ်မှတိုင်..........နောင်နှစ်ပေါင်းများစွာအထိ...ကိုယ်စိတ်နှစ်ပါးကြည်လင်အေးချမ်းစွာဖြင့်... လိုအင်ဆန္ဒများပြည့်ဝပါစေလို့ တောင်းဆုလေးချွေခဲ့တယ် မောင်ဘုန်းရေ...

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မွေးနေ့ရှင်လေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မွေးနေ့လေးမှာ လိုရာဆန္ဒပြည့်ဝပါစေ။
    ကဗျာရေးသူကလည်း အရေးကောင်းမို့ အားပေးသွားတယ်။

    မေတ္တာဖြင့်
    အလွမ်းမြို့

    ReplyDelete
  3. သူမအတွက် ကဗျာလှလှတပုဒ်လာဖတ်သွားပါတယ်

    ReplyDelete
  4. ပျော်ရွှင်ဖွယ်
    မွေးနေ့ရက်ပေါင်းများစွာ
    ထာဝရ ပိုင်ဆိုင်နိုင်ပါစေ...း)

    ReplyDelete