Pages

Tuesday, August 27, 2013

လွမ်းစိတ်ဆူး




ပန်းရုံ မှာ လှိုင်ပျံ့ လို့ 
လေယူရာ ကြူမွှေး စေ တယ်
ပန်းခ တဲ့ စမ်းဆီမှာ
အေးမြလို့  စီးစေတယ်
တောင်ယံမှာ တေးထပ်လို့ 
ကျေးငှက်တို့  မြူးစေတယ်

ဒီရေမြေကို လွမ်းမိလို့ 
ပြည်တော် ပြန်ရေး တွေးမိတယ်
ဘဝင်မှာ မောရှာလို့ 
ရင်မှာဖြင့် ဆွေးပို တယ်
ဘယ်ကုသိုလ် နည်းပါလို့ 
တပြည်ဆီမှာ လွမ်းစေတယ်

ဇမ္ဗူဝယ် ကြုံခဲ့လေ သမျှ
မာန်းတင်းကာ ရှိစေ  တော့
အာကာခွင် ညိုပြာနှော တဲ့
ဒီဆည်းဆာ ရောင်နီအောက်မှာ
ဘယ်ဆီကို ရှောင်ပြေး ပါလို့ 
လွမ်းစိတ်တွေ ဆူး ပါစေကွယ် …..……….. ။



မောင်ဘုန်း 



 


0 comments:

Post a Comment