အမှန် နည်းခိုက် ၊ ဤ လောက ဝယ်
တက်သိ စုံစေ ၊ မျိုးဂုဏ် တင့် နှင့်
ခေတ်တန်း ရှေ
့မှ ၊ ခေတ်စမ်း လူငယ် ၊
ချစ်ဆန်း
သာလို့  ၊ ချစ်ကြိုက် တွေ့ ဆုံ
ချည်မျှဉ်
တစ်လွှာ ၊ အပ် တစ်ချောင်းခြား
ရှိစေ များလည်း
၊ စိတ် ၏ ကွယ်ရာ
ယုံမှား ထင်လျှက်
၊ မုသားမဲ့ ကင်း
မာယာ ရှင်းစေ
၊ ဆန္ဒ စေရာ
သိက္ခာ ကင်းမဲ့ 
၊ ပန်းခြွေ မြေခ
ငို မျက်ရည်
လည်း ၊ ကတိ ကိုထပ်
သစ္စာ ထိပ်တင်
၊ ချစ်ရင်း စိတ်ဖြင့်
ချော့တေး ဆို
တဲ့ ……. ကို လူငယ် ……… ။
ကတိသစ္စာ ၊
သည်းသည်း ရွာပြီး
ပျော်ရွင်
မြူးကာ ၊ အိပ့်တန်း ဝင်ချိန်
အိမ်ရှေ့ ရောက်မှ
၊ အသွင် ထူးထူး
ဒေါသ ဖုံး
တဲ့ ၊ အဖေ အသံ
အိမ်လုံး
လွှမ်း လျှက် ၊ အမေ့ မျက်ရည်
မိုးသည်း
ထက်မှ ၊ အသံ တိတ်ဆိတ်
ရှိုက် ရှိုက်
ငိုငြီး ၊ ရင် နစ် စေရာ
အကြောင်း
စုတော့ ၊ ချစ်လှ စွာသော
ပျိုစင် နှမ
၊ ကိုယ်ဝန် နှစ်လ
မိုက်ဇာတ်
ရယ် ပေါ် ၊ ရင်ထက် ငို ငြီး
အရှုက် ဒေါသ
၊ သိမ့်သိမ့် မြို ၍
ချစ်ရင်း
စိတ်ဖြင့် ၊ ချော့တေး ဆို ရာ
တေး၏ ကျိန်စာ
၊ ရင်၌လောင် လေတော့ ….. ၏ …… ။
မောင်ဘုန်း
အင်း
ReplyDeleteကိုဘုန်းတို့များ ရေးလိုက်ရင်ဖြင့်
နင့်အင့် နေအောင် ခံစားရတယ် ။
မောင်ဘုန်းရေ
ReplyDeleteကောင်းလိုက်တဲ့ အရေးအသား။ဖတ်ရသူ ကျေနပ်ပီတိဖြစ်ရတယ်။
ကိုယ်သာဘာမှ မတတ်တာ။ခုလို ရေးတတ်သူတွေကို အစဉ်လေးစားတယ်။
မကြီးလွမ်း
အသံနေအသံထားနဲ့ ရွတ်ကြည့်ရင် တော်တော်ရွတ်လို့ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ။
ReplyDeleteကိုဘုန်းရေ ပျောက်နေပါလား ရှိသေးလား
ReplyDeleteFrom. မောင်တလုံး
ကဗျာဖတ်လိုက်ရတာ ဒေါသတောင်ထွက်လာသလိုဘဲ
ReplyDeleteမောင်ဘုန်းရေ
အေ၇းအသားက ဆွဲခေါ်သွားတာ