Pages
Saturday, December 17, 2011
ရတု ကဗျာ အကြောင်း တစေ့ တစောင်း နှင့် ကျနော် ၏ ပန်းရတု
မင်္ဂလာပါ … ကျနော် စိတ်ဝင်စား မိသော ရတု ကဗျာ များ နှင့် ရတု ကဗျာ ရေးဖွဲ့  ဟန် ကြောင်း ကို အခုရက်ပိုင်းမှာ လေ့လာမိပါတယ် … စာပန်းချီ ဟု တင်စား ခေါ် ဝေါ်သော ရတု ကဗျာ အကြောင်းလေး ကို  မှတ်သားမိ သမျှ အရင် ပြောပြပါမယ် ….။
ရတု ဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ `အခါရာသီ´(ရာသီဥတု)ဟု အဓိပ္ပါယ် ရ ပါသည် ။
ရတုသည် လင်္ကာ မှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည် ။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊ ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိဟု မှတ်သား ခဲ့ရပါသည် ။
ရတုတွင် တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ် ၊ နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ ၊ သုံးပိုဒ် ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။ အဖျားချများတွင်လည်း ခိုင်ညွန့်ခက်ဖြာ ၇-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ၀တ်ဆံ ၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တစ်ခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် ပေါ်မူတည် ၍  သတ်မှတ် ခေါ်ဆို သည် ဟု သိရပါသည် ။
ဤ နေရာတွင် ပညာရှင်များ အငြင်းပွား ဖွယ်ရာ တစ်ခု ကိုလည်း တွေ့ ရှိခဲ့ပါသည် ။ သုံးပိုဒ် ထက်ပို၍ မဖွဲ့  ရ ဟု ဆိုသော် လည်း အပိုဒ် တစ်ရာ ထိဖွဲ့ ဆိုသော ရတု များ ကို လည်းတွေ့ ပါသည် ။
နောက်ထပ် ရတု ဖွဲ့  ဆို ပုံကို ခေါ်ဆိုရာ တွင် ပုံပြင် (သို့ ) ဇတ်တော် အကြောင်းကို ဖွဲ့ ဆို လျှင် ပျို့  (ပျို့ ရတု ဟုမခေါ်) ၊ သမိုင်းဝင်ဖြစ်ရပ် တစ်ခုကို ဖွဲ့ ဆို လျှင် မော်ကွန်းရတု ၊ ခရီးသွာ (သို့ ) တောထဲသွား သည့် အကြောင်း ကို ဖွဲ့  ဆို လျှင် တောလားရတု ဟုခေါ်ဆိုသည် သလို လေးလုံးစပ် လေးဆစ် ရတု ၊ စကြာဟုခေါ်သော ထပ်ဆင့် ဖွဲ့ ရသော ရတု နှင့် အခြားသော ရတု များလည်း ရှိသည် ဟု မှတ်သားရပါသည် ။
ဤ ကဲ့သို့  ရတု ခေါ်ဆို ပုံ အမျိုးမျိုး ကွဲ လွဲနေသောကြောင့် ယနေ့ ခေတ် တိုင် ပညာရှင်များ  ဤသည်ကာ လင်္ကာ ၊ ဤသည်ကာ ရတု ဟု အငြင်းပွား ဖွယ်ရာ ဖြစ်ခဲ့ရပါသည် ။
မြန်မာ စာပေတွင် ပုဂံ ခေတ် မှစ ၍ ရတု ပေါ် လာခဲ့ဟု ယူဆ ခဲ့ပါသည် ထိုသို့ ယူဆ သော် လည်း
ပုဂံခေတ် ‎ပေါ် ရတုများကို မျက်ဝါးထင်ထင် မတွေ့ရှိ ခဲ့ပေ ။ ရတုသဘော သက်ဝင်သော လင်္ကာတိုကလေးများကို ‎တွေ့ရှိရခြင်းဖြင့် လည်းကောင်း၊ ပုဂံခေတ်ပေါ်ကျောက်စာများတွင် ကာရန်အစပ်အဟပ်ညီသော အဖွဲ့ကလေးများကို တွေ့ရ ‎ခြင်းဖြင့် လည်းကောင်း၊ ထို ထင်မြင်ယူဆချက်မှာ မှားသည်ဟု မဆိုနိုင်ပေ။ ဥပမာ ပြရမည်ဆိုသော် သက္ကရာဇ် ၅၃၆ ခုနှစ် ‎နရပတိစည်သူ မင်းကြီးလက်ထက်တွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယ အမတ်သည် မင်းပြစ်မင်းဒဏ် ‎ရာဇသံကြောင့် သေရအံ့ဆဲဆဲတွင် ရေးခဲ့သော ...‎
“ သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"‎ အစရှိသည့် လင်္ကာတိုကလေးကို ဖွဲ့ဆိုခဲ့သည်ကို ထောက်၍လည်းကောင်း ……     
 ထို ခေတ်ထိုကာလလောက်ပင် ဖွဲ့ဆိုသည်ဟု ‎ယူဆသော ...‎
"သိုးကလေး။ ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ‎ရွှေနှင့်ယိုးမှား၊ ပန်းစကား"‎ အစရှိသည့် ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာသည်လည်းကောင်း
ထို့ပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုသည်ဟု ယူဆ ရသော ...‎ ‎" မြကန်သာ” …..
တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ‎ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။"‎ အစရှိသော 'မြကန်ဘွဲ့' လင်္ကာတိုကလေးသည်လည်းကောင်း …..
ပဒလေးလုံး၊ ပဒသုံးလုံးဖြင့် အစချီ၍ လေးလုံးစပ် ကာရန် ‎ဖြင့် ဖွဲ့ဆိုပြီးလျှင် အချအပိုဒ်တွင်လည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖွဲ့နွဲ့သည်ဖြစ်၍ လင်္ကာဟုပင် တပ်အပ်ခေါ်သော် ‎လည်း စင်စစ်သော်ကား ရတုသဘော သက်ဝင် နေသည် ဟု မှတ်သား ခဲ့ရပါသည် ။
မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိသော ရတုမှာ သက္ကရာဇ်(၇၀၀)ကျော်လောက်က ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးသားသော ရတု ဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာရတု ဖြစ်သည်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်ကို လည်း တွေ့ ရပါသည် ။
ရတုကဗျာအဖွဲ့မှန်ဟု ဆိုအပ်သော စတုရင်္ဂဗလ အမတ်ရေးသည့် ရတု မှာ  ...‎…..
“ ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ ‎စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ” ……. အစချီသောရတုကို မယ်ဘွဲ့၊ မောင်ဘွဲ့ ‎မဟုတ်သောကြောင့် ဓမ္မသဘောသက်ဝင်သည့် ရတု ဟု ခေါ် ဆိုကြသည် ။
အင်းဝခေတ်မှ အစပြု၍ ရတု ဖွဲ့ ဆိုမှု့ မှာ ထွန်းကားလာခဲ့သည်ဟု မှတ်သားရပါသည် ။ ထိုခေတ်တွင် မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုများ ‎ပေါ်ပေါက် လာခဲ့ပြီ ။ သက္ကရာဇ် ၉၀၀-ကျော်လောက်တွင် ရတုနဝဒေးကြီးဟု ကျော်စောထင်ရှားသော စစ်ကိုင်း ‎ထောင်သင်းမှူး(ခေါ်) စလင်းလက်ျာ(ခေါ်)ပြည် န၀ဒေးကြီးသည် ရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးမျှကို စပ်ဆို ဖွဲ့နွဲ့ ခဲ့သည်ဟု မှတ်သားရပါ သည် ။
ထိုနောက် တောင်ငူခေတ်တွင် နတ်သျှင်နောင် ရတုကဗျာအဖွဲ့ ‎သည် များစွာ ခေတ်စားလာပြီးလျှင် လူပုဂ္ဂိုလ်တို့ အများအပြားဖွဲ့ဆိုလာကြသဖြင့် ထိုတောင်ငူခေတ်ကို ရတုခေတ်ကြီး ဟူ၍ ‎လည်း ခေါ်တွင်ခဲ့သည် ဟု မှတ်သားရပါသည် ။‎
ဤ သည်မှာ ကျနော် လေ့လာ မှတ်သားမိ သော ရတု ကဗျား များ ၏ သမိုင်းဖြစ်ပါသည် ။ယနေ့  ခေတ် တွင် ရတု ကဗျာ ဖွဲ့  ဆိုဟန် မှာ ပြောက်ကွယ် ပြီ ဟု ပြောရအောင် ရှားပါး နေပါပြီ ။
အထက်မှာ ပြောခဲ့ သလို ရတု ကဗျာ အမျိုးမျိုး အယူဆ လွဲနေသော် လည်း ရတု ဖွဲ့ ဆိုသော စာဆိုရှင် သည် လင်္ကာ ကို ပိုင်ပိုင် နိုင်နိုင် ကျွမ်းကျင်မှ သာ ရေးဖွဲ့  နိုင်သည် ဟု မှတ်ချက် ချမိပါသည် ။
အင်းဝခေတ် စာဆိုတော် ရှင်သီလဝံသ ရေးသော အောက်ပါ ရတု ကို ဖတ်ကြည့်ပါ
“ နွယ်လှ ရိုးတံ ၊ နွယ်လျှံ နွယ်ပြူး
နွယ်ဖူး ရှက်ထွေး ၊ နွယ်လေး တလိုက်
နွယ်နွယ် ဆိုက်သား ၊ နွယ်၌ စွဲလာ
နွယ် ဂီဝါမူ ၊ နွယ်သာ ခြုံမည်
နွယ်ရှည် ရွက်ဝန်း ၊ နွယ် စိမ်းလန်း၍ ”…… စသော “ နွယ် ” ဟူသော စကားလုံးကို ထပ်ဆင့် ဖွဲ့  ၍
စပ်ဆိုခဲ့ သော စာဆိုရှင် ၏ လင်္ကာ ပိုင်နိုင်မှု့  မှာ အံ့သြ ၍ မဆုံးနိုင် အောင် ဖြစ်ရပါသည် ။
ဤကဲ့သို့  “ နွယ် ” ဟူသော စကားလုံး ထပ်ဆင့် ဖွဲ့ ဆိုထားသောကြောင့် စကြာရတု ဟု ခေါ်ဆိုကြောင်းကို လည်း မှတ်သားခဲ့ ရပါသည် ။
ထိုကဲ့ သို့ စိတ်ဝင်စား ဖွယ်ကောင်းသောကြောင့် ရတု ကဗျာ များ စွာကို လက်လှမ်း မှီ သမျှ ရှာဖွေ ခဲ့ပြီး လေ့လာ ခဲ့ပါသည် ။ အထူး သဖြင့် စကြာရတု ဟု ခေါ်သော ရေးဖွဲ့ ဟန် ကို အလွန် ကြိုက်မိ၍
အထက်ဖော်ပြပါ ရှင်သီလဝံသ ဖွဲ့ ဆိုသော ရတု ကို အကြိမ်ကြိမ် ဖတ်မိပါသည် ။
ထိုသို့  ဖတ် နေ ရင်း ကျနော် မောင်ဘုန်းမှာ မတန်မရာ စိတ်ကူး တစ်ခု ဝင်လာမိတော့သည် ။ ကျနော် ၏ စိတ်ကူးမှာ စကြာရတု တစ်ပုဒ် လောက် ရေးကြည့် မည် ဟု တွေးမိတော့၏ ။
စာတစ်ပုဒ် ကိုပင် ဖြောင့်အောင် မရေးတက်သော ကျနော် မှာ မတန်မရာ စိတ်ကူးကို
“ စမ်းကြည့်မည်” … ဟု တွေးကာ အသက်ကြီးလာ လေလေ ချာ လေလေ ဖြစ်သော ကျနော် ၏ ဦးနှောက် ကို လက်ပူတိုက် ၍ ရှာဖွေ ရသမျှ စာဆိုတော်ကြီးများ ၏ ရတုကဗျာ များကို အတုယူ   ကာ စကြာရတု တစ်ပုဒ် ရေးမိပါတော့ သည် …။
နှစ်ရက် ခန့် ကြာသော အခါ “ ပိုဒ်စုံစကြာ ရတု ” (သုံးပိုဒ် ရှိသောကြောင့် … ပိုဒ်စုံ ၊                 ထပ်ဆင့်   ဖွဲ့ ဆိုသောကြောင့် စကြာ …. ထို့ ကြောင့် ပိုဒ်စုံစကြာ ဟု ကိုယ့်ဘာသာ ပေးလိုက်ခြင်းသာ) တစ်ပုဒ် ကို အောင်မြင်စွာ ရေးဖွဲ့ နိုင်ခဲ့ပါသည် ။
ကဗျာ လေး ၏ နာမည် ကိုတော့ “ ပန်းရတု ” ဟုအမည်းပေးခဲ့ပါသည် … ကျနော် ကဗျာ မှာ အောက်ပါအတိုင်း ဖြစ်ပါတော့ သည် ….။
 ပန်းရတု
ပန်း လှ ဝတ်ဆံ ၊ ပန်းဖူး ပန်းပွင့်
ပန်းဖြူ ရောင်နှော ၊ ပန်းပွင့် တစ်သိုက်
ပန်း .. ပန်း .. ထပ်လည်း ၊ ပန်း သစ္စာတည်
ပန်း ၌ သာစွဲ ….
ပန်း ခ နန်းစံ ၊ ပန်း လှ စံပျက်
ပန်း နံ့ ရယ်ပြေ ၊ ပန်း ပွင့် ရယ် ခြောက်
ပန်း နွယ်  တောဖြစ် ၊ ပန်း လှ ပျက်လည်း
ပန်း ၌ သာစွဲ ….
ပန်း ပျိုးလက် မို့  ၊ ပန်း  အလှ ကို
ပန်း ထက် မြတ်နိုး ၊ ပန်း လှ ပွင့်စေ
ပန်း အတွက် သာ ၊ ပန်း ပန် တော့ပါ
ပန်း ချယ်ရီ  ငယ်  ….. …
မောင်ဘုန်း
ကိုးကား
စာရေးဆရာ မောင်သာနိုး ရေးသော ဂ န္ထဝင် မြန်မာ့ ကဗျာ
စာရေးဆရာ ဦးဖေမောင်တင် ရေးသော မြန်မာ့ စာပေ သမိုင်း
online စွယ်စုံကျမ်း မှ ရတု ရှင်းလင်းချက်
အထက်ပါ စာအုပ်များ ကို ကိုးကား ၍ ကျနော် ၏ ထင်မြင်ချက် သက်သက် ကို ရေးသားမိပါသောကြောင့် တခြားသော  ကျမ်း စာပေ  သို့ မဟုတ် တစ်စုံ တစ်ခု လွဲ မှား နေပါ လျှင် ကျနော် ၌ သာ တာဝန် ရှိပါသည် 
 မောင်ဘုန်း
Thursday, December 15, 2011
တန်ဖိုး
အားလုံးပဲ မင်္ဂလာပါ ….. ။ စိတ်ကူး ပေါက်ရာ တွေ ရေးတက်သော ကျနော် မောင်ဘုန်း တစ်ယောက် အခုရက်ပိုင်း မှာ အချိန် တော်တော် လေးပေး ကာ … ဝတ္တု တို လေးတစ်ပုဒ် ကို ရေးသား မိ ပါတော့သည်။
ဒီ ဝတ္တု တိုလေး ဟာ ကျနော် ဘဝ မှာ ပမထ ဦး ဆုံး ရေးဖြစ် တဲ့ ဝတ္တု တို လေး ဖြစ်သလို ၊ အမြဲတမ်း သတိတရ ဖြစ်နေတဲ့ အကြောင်းရာ လေးကို အခြေခံ ရေးသား မိသောကြောင့် မောင်ဘုန်း ဘဝ အတွက် အမှတ်တရ တစ်ခုအဖြစ် ထာဝရ ရှိနေမဲ့ ဝတ္တု တို လေးလည်း ဖြစ်ပါတယ် ။
သည် ဝတ္တု တိုလေး ရေးဖြစ်တဲ့ အကြောင်းကို အနည်းငယ် ပြောပြလိုပါတယ် ။ လွန် ခဲ့ သော ၃ နှစ်လောက် က ကျနော် ထိုင်း နိုင်ငံသို့  ကိုယ်ရေး ကိုယ်တာ ကိစ္စ လေး ရှိသည်က တစ်ကြောင်း ၊ သူငယ်ချင်း တစ်ယောက် ဖိတ်ကြား သည်က တစ်ကြောင်း ၊ ရောက်ဖူး ချင်းသည်က တစ်ကြောင်း …. ကြောင့်  ၃ ရက်တာ အလည် သဘော မျိုး သွားရောက် ခဲ့ပါသည် … ကိုယ်ရေး ကိုယ်တာ ကိစ္စ များ လုပ်ဆောင်ပြီး သောကြောင့် သူငယ်ချင်း ဖြစ်သူ နှင့် ဘန်ကောက် မြို့ နေရာ တော်တော် များများ ကို အလည်ပတ် ထွက်ဖြစ်ခဲ့ပါသည် ။ ကျနော် ပြန်မည့် ည တွင် သူငယ်ချင်း ဖြစ်သူ နှင့် ညီဝမ်းကွဲ တော် စပ်သူ ၏ နေအိမ် တွင် သူငယ်ချင်း မှ ခေါ်သွား ပါသောကြောင့်
တစ်ည တာ တည်းခို ခဲ့ရသည် ။
ဘန်ကောက် မြို့  နှင့် ခပ်ဝေးဝေး မှာ ရှိသော ထိုး အိမ် လေး သည် ကျနော် အတွက် မေ့ မရနိုင်အောင် ထူးခြားသော ခံစားမှု့  များပေးခဲ့ ပါတယ် ။ အိမ်သုံး ပစ္စည်း ဟောင်းများ ရှိသော ထို အိမ် လေး ၏ သန့် ရှင်း တောက်ပ မှု့  ကို ဦးစွာ သတိထားမိ၏ ။ အိမ် ရှင် လင်မယား နှစ်ဦး ၏ တစ်ဦးပေါ် တစ်ဦး ကြည်နာ ယုယ မှု့ များကို ကျနော် ရေးပြတက် မည် မဟုတ်ပါ ။ အမြဲတမ်း တစ်တစ်ခုခု လုပ်နေတက်သော အိမ်သူမ နှင့် သူမ ၏ ဘေးတွင် ကူညီပေးနေတက်သော ခင်မွန်း သည် တို့ ၏ အေးချမ်းသော အိမ် လေး မှ ကြင်နာနွေးထွေးမှု့  သည် ဧည့်သည် ဖြစ်သော ကျနော် သည်ပင်လျှင် ဤ ကြင်နာနွေးထွေး မှု့ ကို ခံစားရမိ၏ ။ 
တစ်ညတာ တည်းခို ပြီး အပြန် လမ်း တွင် သူငယ်ချင်း ဖြစ်သူ အား ထို အိမ်းလေး နှင့် အိမ် ရှင် လင်မယား အကြောင်းကို  စပ်စု မိ ပါသည် ။ သူငယ်ချင်း ပြောပြ ၍ အကြောင်းစုံ သိရသော ကျနော် မှာ ထို လင်မယား နှစ်ဦး ၏ တစ်ဦးပေါ် တစ်ဦး တန်ဖိုးထား ချစ်မြတ် တက် သော ဘဝ လေးကို လေးစာမိပါတော့ သည် … ။
ထို့ ကြောင့် ကျနော် ၏ blogger မိတ်ဆွေ သူငယ်ချင်း များ နှင့် မတော် တဆ ဖတ် မိသော သူ များအား ချစ်သူ နှစ်ဦး၏ တန်ဖိုး ထား ချစ်တက်မှု့  ကို လေးစား စေရန် နှင့် မိမိ ဘဝ မှာ တစ်စုံ တစ်ဦး ၏ တန်ဖိုး ထားတက်ကို နားလည်တက်စေရန် ၊ သူငယ်ချင်း ပြောပြသော အထက်ပါ လင်မယား နှစ်ဦး ၏ ဖြစ်ရပ်များ ကို အခြေခံကာ  ဤ “  တန်ဖိုး ”  ဟု အမည်ပေးထား ဝတ္တု တို လေးကို ရေးသား မိ ပါသည် … ။
စာဖတ်သူ များအနေ နှင့် ကျနော် ရည်ရွယ်လို သော ခံစာမှု့  ရသ မရရှိပါက စာ ရေးသားမှု့  အလွန် ညံ့ သော ကျနော် မောင်ဘုန်း ၌ သာ တာဝန် ရှိပါ သည် …. ။
လောကကြီးမှာ ရှိသော သက်ရှိ သက်မဲ့
အရာအားလုံးကို … ကျနော် တို့  တန်ဖိုး ထားတက် လျှင်
တန်ဖိုး ရှိနေတက်ပေသည် ….
ဥပမာ တစ်ခုအနေ နှင့် ပြောရလျှင်
စိန် ၊ ရွှေ ၊ ငွေ ၊ ရတနာ တို့ ကို လူ့ အမိုင်း အဆက်ဆက်
တန်ဖိုး ထားခဲ့ သောကြောင့် … တန်ဖိုး ရှိနေခြင်း ဖြစ်ပါသည်
ထို ပစ္စည်း များ ဟာ ၊ ကျနော် တို့ အသက်ရှင် မို့  စားသောက် နေရသော
ဟင်းရွက် ပင်း လောက် မျှ တန်ဖိုး ရှိသည် မဟုတ်ပါ ….
မောင်ဘုန်း
ဘာအကြောင်း ပြချက် မှ မရှိပဲ သူမ ကို ချစ်မိ ခဲ့ပါသည်
သူမ ရှင်သန် ခွင့် ရတဲ့ အချိန်လေး မှာ
ကျွန်တော် မြတ်နိုး တန်ဖိုးထား ချစ်ခဲ့ရ၏
တစ်နေ့  သူမ ထွက်ခွာ သွာလျှင်
ကျွန်တော် ချစ်သူကို
မြတ်နိုးခွင့် … တန်ဖိုးထား ခွင့် ရလိုက်သည့် အတွက်
ကျွန်တော် အတွက် ဖြေသာလိမ့် မည်ဟု မျှော်လင့်ရပါ သည်
ကျွန်တော် (သို့ ) ကျော်ဇင်
ပညာမတက် ၊ ဉာဏ်နည်း ဆင်းရဲ တဲ့ ကျွန်မ ဘဝ ကို
ရုန်းထွက်မို့  ကျွန်မ ဆုံးဖြတ် ချက် တစ်ခု ချမိ၏
ကျွန်မ ဆုံးဖြတ် ချက်တွေ မှား သွားပြီ ဆိုတဲ့ အသိ နှင့် ကျွန်မ သေဆုံး ခဲ့ပါသည်
ကျွန်မ ရှင်သန် ခြင်း ဟာ မောင့် အတွက်သာ ဖြစ်၏
ကျွန်မ ရှင်သန် ခွင့်ရတဲ့ အချိန် လေးမှာ
မောင့် … ကို တန်ဖိုး ထား ချစ်မြတ်နိုး လိုသည်
သည့် အတွက် သေဆုံးခြင်း ဆိုတာ ကို ကျွန်မ ကြောက်နေမည် မဟုတ်ပါ … ။
ကျွန်မ ကြောင့် မောင် … တစ်တစ် ခုခု ဖြစ်မှာ တော့ …
ကျွန်မ အရမ်း ကြောက်မိသည် …..
ယမင်း (သို့ ) ယမင်းသူ
ကျွန်တော် စိတ် အတော် ပင် တုန်လှုပ်နေမိပါသည် ။ လာရာလမ်း အတိုင်း ကျွန်တော် ခြေလမ်း တွေ မမှားအောင် တော်တော် ဂရုစိုက်နေရ ၏ ။ ဆရာဝန် ပြောလိုက်သော စကားက ကျွန်တော် နားထဲက အခု ချိန်ထိ မထွက်သေး ပါ ။
အမှန်ဆို ဒီ အခြေနေကို ကျွန်တော် ကြို တွေးကြည့် ပြီးသား ပါ ။ ဘဝ ဆိုတာ လက်တွေ့  ရင်ဆိုင် ရင် စိတ်ကူးတွေ နဲ့  လွဲနေတက်တာလည်း ကျွန်တော် နားလည်း ပါတယ် ။ ကျွန်တော် တိကျတဲ့ ဆုံးဖြတ် ချက်တစ်ခု ကို အမြန် ချ ရတော့မည် ။ ဒီ ဆုံးဖြတ်ချက် အတွက် ကျွန်တော် ဘဝ ရဲ့ အချိန် တစ်ခု မှာ နောင်တ ဆိုတဲ့ ဖြစ်ရပ်မျိုး မဖြစ်ရအောင်  ဆုံးဖြတ် ရမည် ။ ကျွန်တော် ရင်ထဲမှာ တော့ မေးခွန်း တစ်ခု ပဲ့တင်သံ ထပ်နေပါတော့ သည် ။ 
ကျွန်တော် NGO ဆေးခန်း ရဲ့ အပြင်ဘက်သို့  ရောက်ခဲ့ပါပြီ ....။
အသင့်တွေ့ သော အငှားကား ပေါ်သို့  တက်လိုက်ပြီ
ကားသမား မျက်နှာ ကိုတောင် သေချာ မကြည့်မိ ကျွန်တော် သွားလိုရာသို့  ပြောလိုက်သည် ။
ကား စထွက် ပြီးသည် နှင့် ကျွန်တော် စိတ် တွေ အနည်းငယ် ငြိမ် စပြုလာပါသည် ။ ကျွန်တော် ရင်ထဲ ပဲ့တင်ထပ်နေသည့် မေးခွန်း တစ်ခုကို ပါးစပ်က အသံ ထွက်အောင် ရွတ်ဆို မိပါတော့ ၏  ....
သူမ ကို တစ်ကယ်ပဲ မြတ်မြတ်နိုးနိုး ချစ်မိ ခဲ့ တာလား ”  .....
ကျွန်တော် ရင်ထဲက တိကျတဲ့ အဖြေတစ်ခု ချက်ချင်း ထွက်လာပါတယ် ကျွန်တော် သူမ ကို အရမ်းချစ်ပါတယ် မြတ်နိုးမိပါ သည် ။  အချစ်ဆိုတာ ဘာမှန် မသိပင်မဲ့ သူမ ကို ကျွန်တော် အရမ်း ချစ်မိပါတယ် ကျွန်တော် ဘဝမှာ ဒီလို ခံစားမှု့ မျိုး တခါ မှ မကြုံခဲ့ဘူး ပါ ၊ သူမကို အချစ် ဆိုတာထက် မြတ်နိုး တန်းဖိုး ထားရပါသည် ။ 
ကျွန်တော် မြတ်နိုး တန်းဖိုး ထား ချစ်ရ ပါသော သူမ နှင့် ကျွန်တော် ဆုံတွေ့ မှု့ က ဘယ်လိုမှ ကဗျာ မဆန်
ရေကြည်ရာမြတ်နုရာ ဆိုသလို ရှာဖွေလုပ်ကိုင်ရင်း အမိတိုင်းပြည် နှင့်ဝေးဝေးမှာ ရှိသည့် မဲဆောက် ဟု အမည်ရသောမြို့ လေးတွင် ရှိသည့် ပျော်ပွဲစားရုံ တစ်ခု မှာ အလုပ်လုပ်နေသော ကျွန်တော်နှင့် ဆင်းရဲသော မိသားစုအတွက် စွန့်စားကာ ၊ မျှော်လင့် ချက်များစွာ ဖြင့် တိုင်းတပါး သို့ ရောက်ကာမှ ပျော်ပွဲစားရုံ မှာ ရောင်းစားခံရမှန် မသိ ၊ လူကုန်ကူးခံ ရသော သူမ နှင့် ကျွန်တော် တွေ့ ဆုံမှု့ က ဘယ်လိုမှ ကဗျာ ဆန်နေမည်မဟုတ်ပါ ။
မျက်ရည်များနှင့် ကုန်ဆုံးခဲ့ သော နေရက် များကို အဆုံးသတ် မို့  ကြိုးစားနေသော သူမ ကို  ကျွန်တော် နှစ်သိမ့် ပေးခဲ့ မိပါသည် ။ ခဏ ဆိုတဲ့ အချိန်လေးမှာ ပင် သူမ ရဲ့ ဖြူစင်ရိုးသားတဲ့ စိတ်လေးက ကျွန်တော် ရင်ထဲ မသိမသာ ရောက်ခဲ့ တာပေါ့ ၊ မဖြစ်သင့် ဘူးလို့  အကြိမ်ကြိမ် သတိပေးနေတုန်း ကျွန်တော် နှလုံးသားမှာ သူမ ရောက်နေ ခဲ့ပါပြီ ။ ၃ လဆိုတဲ့ အချိန် အတွင်းမှာ ကျွန်တော် ဘဝ တစ်လုံးကို သူမ အတွက် ပေးဆပ် မို့  ဝန်မလေးတဲ့ အခြေနေကို ရောက်ခဲ့ ပါတော့သည် ။
သူမ ကို ဒီ ဘဝ ထဲက စွဲထုတ် ပြီး ကျွန်တော် ဘဝ လက်တွဲ ဖော်အဖြစ် တစ်သက်လုံး ချစ်ခွင့် ရအောင် ကျွန်တော် ကြိုးစား ခဲ့ပါတယ် ။ ကျွန်တော် ရဲ့ ဖြူစင်တဲ့ ချစ်ခြင်းတွေ က သူမ ပေါ် ရောင်ပြန် ဟပ် မိတာပေါ့ ။ သူမ လည်း ကျွန်တော် ကို အရမ်း ချစ်တယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် သူမ ကြောင့် ကျွန်တော် ဘဝ ကို မထိခိုက်စေ ချင်တဲ့ သူမ ရဲ့ မတ္တာ က ၊ ကျွန်တော် ချစ်ခြင်းတွေ ထက် လျှော့နည်း မည်မဟုတ်ပါ ။ သူမ ကို အကြိမ်ကြိမ် ဒီ ဘဝ မှ တူတူ  ထွက်ပြေးမို့   တောင်းဆိုခဲ့ပါတယ် ။ ဒါပင်မဲ့ သူမကြောင့် ကျွန်တော် ဘဝ ကို ထိခိုက်စေတဲ့ အလုပ် မျိုး ဘယ်တော့မှ မလုပ်ဘူး ဆိုပြီး သူမ မနေချင်တဲ့ ဘဝမှာ ကျွန်တော် ချစ်ခြင်းတွေ နှင့် သူမ အသက်ဆက်လျှက် ရှင်သန် နေထိုင်ခဲ့ ပါတယ် ။
တစ်နေ့  တစ်နေ့  ပို ချစ်လာရ လေလေ သူမ ဘဝ ကို သနားမိလေ ပါပဲ အချိန်တိုင်း သူမ နှင့် အတူ ဒီနေရာကနေ ထွက်ပြေး ကြမို့  တောင်းဆိုခဲ့ပါတယ် ။ နောက်ဆုံးတော့ သူမ နှင့် ကျွန်တော် နားလည်မှု့  တစ်ခု ရခဲ့ ပါသည် ။ ထို နားလည်မှု့ ကတော့ သူမ ရဲ့ သွေး ကို ဆေးခန်းတစ်ခုမှာ ရောဂါ ရှိမရှိ စစ်မည် ။ သူမ မှာ ဘာရောဂါ မှ မရှိ ရင် ကျွန်တော် နှင့်အတူ ထွက်ပြေး ကြမယ် လို့  သူမ ကိုယ် တိုင် ဆုံးဖြတ် ပေးခဲ့ပါတယ် ။
အပြင်ထွက်ခွင့် မရသည့်  သူမ ကိုယ်တိုင် သူမ ရဲ့ လက်ထိပ် ကို အပ် နှင့် ဖောက်ပြီ ကျလာသည့် သွေးများကို ပုလင်း ထဲသေသေချာချာ ထည့်ကာ မဲဆောက် မြို့ ရဲ့ NGO ဆေးခန်း တစ်ခု မှာ သွေးစစ်မို့  ကျွန်တော် ဆေးခန်း ကို ရောက်လာခဲ့ပါသည် ။
ဆေးခန်းက ပေးတဲ့ ရက်ချိန် ဒီနေ့ မှာ ကျွန်တော် သွေးစစ်ထား တဲ့ အဖြေကို လာယူခဲ့ပါသည် … ဆရာဝန်က မင်း သူငယ်ချင်းရဲ့ သွေးမှာ HIV ဗိုင်းရပ်စ် ပိုးရှိနေပြီတဲ့  ရောဂါပိုးကို မပြန့် ပွားအောင် ထိန်းသိမ်း မို့  လူနာကို အမြန် ဆုံး ဆေးခန်း ခေါ်လာမို့  ပြောလိုက်  သည့် အသံ က ကျွန်တော် နားထဲက အခု ထိမထွက်သေးပါဘူး ။
ကျွန်တော် စီးလာသော အငှားကာ ရပ်သွားပါသည် ။ အခုမှ ပတ်ဝန်း ကျင်း ကို ကြည့်မိပါတော့သည် ကျွန်တော် အလုပ်လုပ်သော ပျော်ပွဲစားရုံး နှင့် တစ်လမ်း အလို ကျွန်တော် ကားသမားကို ပြောထားသော
နေရာသို့ ရောက်နေပါပြီ ။ ကားသမားကို ကျသင့် ငွေပေးပြီး ကားသမား ပြန်အပ်ငွေ ကို မစောင့် တော့ပဲ ကားထဲက ခပ်မြန်မြန် ထွက်ခဲ့ပါသည် ။
ခပ်လှမ်းလှမ်း မှနေ၍ ကျွန်တော် အလုပ်လုပ်သော ပျော်ပွဲစား ရုံ ကြီး ဆီသို့  လှမ်းကြည့်နေမိ ပါသည် ။ ကျွန်တော် စိတ်ထဲမှာ တိကျတဲ့ ဆုံးဖြတ် ချက်တစ်ခု ချ လိုက်နိုင်ပြီ ။ ဒီ ဆုံးဖြတ် ချက်အတွက် ကျွန်တော် ဘာလုပ်လုပ်ရမည် ကို ကြိုတင် စီစဉ် ပြီးသော်လည်း အသေးစိပ် ပြန်တွေးနေမိ၏ ။ ကျွန်တော် ဆုံးဖြတ် ချက် အတွက် ဘယ်တော့မှ နောင်တ ရမည် မဟုတ်ပါ ။ 
ကျွန်တော် မြတ်နိုး တန်ဖိုး ထားရသော သူမ ကို ဒီလို နေရာမျိုး မှာ မထားခဲ့ နိုင်ပါ ။ လူ့ လောက ကြီးထဲကနေ မကြာမှီ ထွက်ခွာရတော့ မည့် သူမ ကို ကျောခိုင်းပြီး ထွက်ခွာ သွားမို့  ဘယ်လိုမှ ဖြစ်နိုင်မည် မဟုတ်ပါ ။ ရှင်သန်ခွင့် ရတဲ့ သူမ ရဲ့ အချိန် လေးမှာ သူမ ဘေးမှာ ကျွန်တော် ရှိနေချင် တယ်လေ …. ကျွန်တော် ချစ်ခြင်းတွေနဲ့ သူမ ရဲ့ နောက်ဆုံ အချိန်ကို အေးချမ်း အောင် ဖန်တီး ပေး ချင်တယ် ဒါဟာ ကျွန်တော် ဆုံးဖြတ် ချက်ပါပဲ …။
သုံးနှစ်လောက် နေထိုင်လုပ်ကိုင်ခဲ့ ဒီနေရာ မှာ အခြေနေရာရာ အားလုံ ကို ကျွန်တော် ကျွမ်းကျင် ပါသည် ။ သူမ ကို ဒီနေ ရာ ကနေ ခေါ်ထုတ်မို့  အစောင့်တွေ ကို ပိုက်ဆံပေး လက်ထိုး လိုက်ပါသည် ။ အစောင့်က နာရီဝက်အဝင်းဒီနေရာကနေ ထွက်ခွာမို့  ပြောပြီး နာရီဝက်ထိ တာဝန်ယူပေးမယ်လို့ ပြောထားပါသည် ။ ကျွန်တော်မှာ အချိန်သိမ့်မရပါ ။ ယူစရာ ပစ္စည်းများများမရှိ အသင့်ပြင်ထားတဲ့ ဘေးလွယ်အိပ် တစ်လုံး လွယ်လျှက် သူမ ရှိရာ အခန်းသို့ ခပ်မြန်မြန် ထွက်လာခဲ့ ပါသည် ။
အခန်း တံခါးကို အသာခေါက် လိုက်သည် … အထဲမှ သူမ တံခါး ဖွင့်လိုက်ပြီ ကျွန်တော် အထဲရောက်သည်နှင့် တံခါးပြန်ပိတ် လိုက်ပါသည် ။ သူမ က ကျွန်တော် မျက်နှာ ကို သေသေချာချာ ကြည့်လျှက် ….
“ မောင် …. ဆရာဝန် က ဘာပြောလဲ ဟင် ”
ကျွန်တော် သူမ ကို ရင်ခွင်ထဲ ဖတ်ထားလိုက်မိ၏ …………
“ ယမင်း …. မောင် တို့  သွားရအောင်နော် … အချိန် မရဘူး ချစ်သူရယ် … အစောင့်တွေ ကို မောင် ပိုက်ဆံ ပေးထားတယ် ….သူတို့ က နာရီ ဝက် ပဲ အချိန်ပေးတယ် ကွာ ….…. မောင် တို့  မြန်မြန် သွားရနော် ….  ချစ်သူမှာ ဘာရောဂါမှ မရှိဘူး လို့  ဆရာဝန် တွေက ပြောလိုက်တယ် မောင် တို့  ဒီနေ ရာ ကနေ မြန်မြန်သွားရအောင်နော်  ….”
သူမ ကျွန်တော် မျက်နှာကို ဒုတိယအကြိမ် သေသေချာချာ ကြည့်လျှက် ….
“ မောင် … ယမင်း ကို ဘယ်တုန်း က လိမ်ဘူးလို့  လည်း မောင် ရယ် …  မောင် မလိမ် တက်မှန် ယမင်း သိပါတယ် .. ယမင်း …. ကို …. မောင် ….. လိမ်နေတယ် ဆိုတာ… မောင့် …. မျက်နှာ မှာ ပေါ်နေတယ် မောင်  ….
မောင့် ကို … ယမင်း အရမ်း ချစ်ပါတယ် … ယမင်း ရဲ့ ဘဝမှာ မောင် သာမရှိ ရင် … ယမင်း အသက်ဆက်ရှင်နေမှာ မဟုတ်တော့ပါဘူး ….  ယမင်း ကို နားလည်ပေးပါ မောင် ရယ် … ယမင်း အရမ်း ချစ်တဲ့ မောင် … ယမင်းကြောင့် ဘာမှ မဖြစ်စေချင် ဘူး …. ယမင်းမှာ ဟို ရောဂါ ရှိနေပြီ လို့  ဆရာဝန် က ပြောလိုက်တယ် မှတ်လား … ယမင်းကို အမှန် တိုင်းပြောပါ မောင် … ယမင်း သေရမှာ မကြောက်ပါဘူး  …ယမင်း ကြောင့် မောင် တစ်ခုခု ဖြစ်သွားမှာတော့ ယမင်း အရမ်း ကြောက်တယ် မောင် …..”
သူမ ပါးပြင် ပေါ် က မျက်ရည်တွေ ကျနေပါပြီ  ကျွန်တော် လက်နှင့် အသာယာ သုတ်ပေးလိုက် သည်  ….
“ ယမင်း ….. မောင် ပြောတာ နားထောင် ပါကွာ … မောင် မလိမ် တော့ ပါဘူး …… ဟုတ်ပါ တယ် … ယမင်း မှာ ဟို ရောဂါ ရှိ နေပြီတဲ့ … မောင် … ယမင်း ကို ဒီတိုင်းထားခဲ့ ရမှာ လား … မောင် ယမင်း ကို ဘယ်လောက် ချစ်တယ် ဆိုတာ ယမင်း သိပါတယ် …. ယမင်း အသက် ရှင် ခွင့် ရတဲ့ အချိန် လေးမှာ ယမင်း ဘေးမှာ မောင့် ကို ရှိနေခွင့် ပေးပါ …. ကွာ ……”
“မဟုတ်သေးဘူး …. မောင် …. ” 
“ ယမင်း … သိပါတယ် … မောင် …… ယမင်း ကို ဘယ်လောက် ချစ်တယ်ဆို တာ ”
“ ယမင်း လို တန်ဖိုး မရှိ တော့ မိန်းကလေး တစ် ယောက် အတွက် မောင့် ဘဝ ကို မထိခိုက်စေ ချင်ဘူး  ”
“ အကြောက် ဆုံးကတော့ ယမင်း ရဲ့ ရောဂါတွေ မောင် ဆီ ကူး သွားမှာ .... ယမင်း အကြောက် ဆုံးပဲ မောင် …”
“ မောင် … ယမင်း ကို အရမ်း ချစ်တယ် ဆို … ယမင်း မောင် ဆီက ဘာမှ မတောင်း ဆို ခဲ့ဘူးနော် …. ”
“ ယမင်း တစ်ခုလောက် တောင်းဆို ပါရစေ …. မောင် …. ယမင်း ကို ချစ်တယ် ဆို ရင် … ယမင်း ပြော စကားနားထောင်ပါနော် … ယမင်း ဘဝ နဲ့  ယမင်း ရှိပါစေတော့ ….. မောင် …. ရယ် …. ယမင်း ကို ထားခဲ့ ပြီ ဒီနေ ရာနေ ဝေးတဲ့ နေရာ ကို ထွက်သွားပါတော့ နော် …. ”
“ ယမင်း တောင်းပန်ပါတယ် မောင် ရယ် ……. ယမင်း … မောင့် ကို အရမ်း ချစ်လို့  ပါ … ယမင်း ကြောင့် မောင့် … ကို ဘာမှ မထိခိုက် စေချင် ဘူး …. ယမင်း ကို ထား ခဲ့ ပြီး သွားပါတော့ နော် …
 ယမင်း တောင်းပန်ပါတယ် ….”
ကျွန်တော် လည်း သူမ ကဲ့သို့  ဒူးထောက် ချလိုက်ပါ သည် ။ သူမ ကို ဒုတိအကြိမ် ဖက်ထား လိုက်မိ ၏ … ကျွန်တော် ဆုံးဖြတ်ချက် တွေ ကို ကျွန်တော် ပြောင်း လှဲ မည်မဟုတ်ပါ …….
“ ..မောင် … ယမင်း ကို ထားခဲ့ ရမယ် … မဖြစ် နိုင်တာ ကွာ … ယမင်း မရှိပဲ မောင် ဘယ်လို နေ မလည်း ယမင်း ရယ် …. ”
“  မောင့် အတွက် မစိုးရိမ် နဲ့ နော် … မောင့် ဆီ ကို ယမင်း ရဲ့ ရောဂါ တွေ မကူးအောင် မောင် နေမှာပေါ့ … ဒီနေ့  ဆေးခန်း က မောင့် ကို စာအုပ်တစ်အုပ် ပေးလိုက်တယ်လေ ….”
“ HIV ဗိုင်းရပ်စ် ပိုး ရှိတဲ့ သူနှင့် အတူနေထိုင်ရင် ရောဂါ မကူးစပ် အောင် ဘယ်လို နေရမယ် ဆို တဲ့ အကြောင်း တွေ ရေးထားတာ ယမင်း ရဲ့ …. ”
“ မောင့် အတွက် ယမင်း ကို မောင့် အနားမှာ ထားပြီး ချစ်ခွင့် ရနေရင် … မောင် ကျေနပ်ပါပြီ ….ယမင်း ကို ထားခဲ့ မို့ တာ့ ဘယ်လို မှ မဖြစ် နိုင်ဘူး …. ကွာ …”
“ အချိန် မရဘူး ယမင်း …. ဒီလို အခြေ နေ ကို တစ်ယောက် ယောက် မြင် သွားရင် …မောင် ရော …ယမင်း ပါ ဘာဖြစ် မယ် ဆိုတာ … ယမင်း သိပါတယ် ….မောင် တို့  သွားရအောင်နော် … ”
သူမ ရဲ့ လက်နှစ်ဖက် က ကျွန်တော် ခါး ကို တင်းတင်း ကျပ်ကျပ် ဖတ် ထား ပါသည် … 
“ မောင် …. ရယ် … ယမင်း လို တန်ဖိုး မရှိ တဲ့ သူ တစ်ယောက်ကို ချစ် ပေးတဲ့ အတွက် …. မောင့် ..ကို ယမင်း တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး … ယမင်း လည်း မောင့် ဘေး မှာ …… မောင့် အတွက် လိုအပ်ချက်တွေ ကို လုပ်ပေးရင်း … ယမင်း ရဲ့ နောက်ဆုံး အချိန်တွေ မောင့် နားမှာပဲ နေချင်တာပေါ့ …”
“ မောင် … ယမင်း ကို ကတိ တစ်ခု ပေးပါလား …. ”
“ ယမင်း ရောဂါ တွေ မောင့် ဆီကို မကူးအောင် နေကြမယ် လို့  မောင် ကတိ ပါနော် …. ယမင်း ကို နားလည် ပေးပါ …မောင် …..  ယမင်း …. တန်ဖိုးထား ချစ်ရတဲ့ မောင့်  ကို ယမင်း ကြောင့် ဘာမှ  မဖြစ်စေချင်ဘူး … မောင် ကတိ ပေးတယ်ဆိုရင် … ယမင်းရဲ့ နောက်ဆုံး အချိန် တွေ ကို မောင့် အတွက် …. ရှင်သန် ချင် လို့ ပါ …မောင် ….”
ကျွန်တော် ယမင်း ၏ မျက်နှာလေးကို သေသချောချာ စိုက်ကြည့်လိုက် သည် ……….
“ မောင် … ကတိ ပေးပါ …တယ် … ချစ်သူ …….”
“ မောင် ဘာမှ မဖြစ်အောင် နေမယ်နော် …. ”
“  … မောင် တို့  အချိန် မရဘူး … သွားရအောင်နော် … ယမင်း လိုမဲ့ ပစ္စည်း လောက် ပဲ ယူ ခဲ့နော် …”
ကျွန်တော် လက်က နာရီ ကို ကြည့်မိလိုက်သည် ….
“ ယမင်း ၅ မိနစ်ပဲ လိုတော့တယ် …. ဘာ ပစ္စည်း မှ ယူမနေ နဲ့ တော့ နော် …”
သူမ နှင့် ကျွန်တော် တူတူရပ် လိုက်သည် … သူမ လက်လေး ကို စုတ်ကိုင် ရင်း …
“ မောင် …ပြောတာ သေချာ နားထောင် … မောင် တို့  အနောက်ဘက် က နေ ထွက်မယ် … မောင့် နောက် က နေ ပုံ မှန် ပဲ လိုက်လာ ခဲ့ နော် … ယမင်း ဘာမှ မကြောက် နဲ့ ဟုတ်ပြီလား …. ”
သူမ ပါးပြင်ပေါ်က မျက်ရည် တွေကို သုတ်လိုက်သည် ။ ကျွန်တော် ပြောတဲ့ စကားကို ကလေးတစ် လို နားထောင်းနေ၏ ။ အခုမှ သူမ မျက်နှာ ပေါ်မှာ ကြောက်စိတ် ဝင်နေသည် ထင်မိပါသည် … သူမ ရဲ့ မျက်ဝန်းတွေ က ကျွန်တော် ကို အားကိုးလိုတဲ့ အကြည့်လေးနှင့် ကျွန်တော် ကို ကြည့်နေပါသည်။
ကျွန်တော် အတွက် အချိန် မရပါ … ။ 
အခြေအနေ အရ အမြဲပြောင်းလှဲ တက်သည်ကို သဘောပါက်ထားပါသည် ..။့ အသင့် ကိုင်ထားတဲ့ လက်ထဲက ပိုက်ဆံ ဘတ်ငွေ ၅၀၀ ခန့်  ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် ထားမိသည် ။
ကျွန်တော် အတွက် ကံတရားက သာ အားကိုးရာ အခြေနေ သို့ ရောက်ရှိခဲ့ပါသည်။ ကျွန်တော် အချိန် စွဲမနေတော့ပါ … သူမ အခန်း တံခါး ကိုဖွင့် ပြီး ကျွန်တော် ဝင်ခဲ့သော လမ်းအတိုင်း မှန်မှန် လျှောက်လာခဲ့ပါသည် ။ ကျွန်တော် အနောက် ခြေလမ်း ၁၀ လှမ်း ခန့်  အကွာတွင် သူမ လိုက်လာခဲ့သည် ကို ကျွန်တော် သတိပြုမိသည် ….. ။
ကံတရား ကမျက်နှာသာ ပေးလိုက်သည် ထင်မိပါသည် … ကျွန်တော် တို့  အတားဆီးမရှိ ပျော်ပွဲစားရုံ ကြီး ၏ အနောက်ဘက်သို့  သွားရာလမ်း ပေါ်သို့ ရောက်ခဲ့ပါသည် … ။
ကျွန်တော် အတွေးမဆုံးခင် … ကျွန်တော် ခြေလှမ်းတွေ အနည်း ငယ် တွန့် သွား ပါတော့သည် … ကျွန်တော် ရှေ့ ပေ ၂၀ ခန့် အကွာတွင် .. ကျွန် တော် ပိုက်ဆံ ပေးခဲ့ သော အဖွဲ့ မှ အစောင့် တစ်ဦး ကျွန်တော် ကို တွေ့ သွားပါသည် ။ ထို အစောင့်မှာ ကျွန်တော် အား သူလက်ထဲမှ နာရီ ကို လက်ညိုး ထိုးပြနေသည် … ။
ကျွန်တော် နားလည်းပါသည် ။ အချိန်ပြည့်နေပြီပေါ့ … ကျွန်တော် ခြေလှမ်းတွေ အစောင့်ဆီ သို့  ခပ်မြန်မြန် လှမ်း ခဲ့မိသည် ။ အနားသို့ အရောက်တွင် ဘာစကားမှ မပြောပဲ လက်ထဲက အသင့်ပါလာ ငွေ အကုန် မသိမသာ ထိုသူ၏ လက်ထဲ သို့ ထည့်ပေးလိုက်ပါသည် ။ ခပ်မြန်မြန် ဆိုတဲ့ ထိုသူ ၏ အကြည့်ကြောင့် ပျော်ပွဲစားရုံ ကြီး နောက်ဘက် သို့  ကျွန်တော် ရောက်ခဲ့ပါ သည် ….။ ခဏ ဆိုတဲ့ အချိန် အတွင်းမှာ သူမ ရောက်ခဲ့ပါသည် ။
သူမရဲ့ အေးစက်နေတဲ့ လက်လေးကို ဆုပ်ကိုင်းပြီး ….
“ ယမင်း မြန်မြန် သွားရအောင်နော် … ဒီနေရာက မလုံခြုံသေးဘူး …”
သူမ လက်ကို တွဲ လျှက် ကျွန်တော် တို့  ခပ်မြန်မြန် ပျော်ပွဲစားရုံ ကြီးနှင့် ဝေး ရာအရပ် ကို ရောက် ခဲ့ပါပြီ ….။
သူမ မျက်နှာ ပေါ်က ကျွန်တော် တစ်ခါမှ မမြင်ဘူးသော အပြုံး တစ်ပွင့် နှင့် အတူ ကျွန်တော် တို့ ရဲ့ ဘဝ သစ်ကို စတင်ခဲ့ ပါပြီ …… ။ 
အချိန်ဆိုတာ ကုန်လွယ် တက်သည်လော … တစ်နှစ် ဆိုတဲ့ ချိန်အတွင်းမှာ ကျွန်တော် မြတ်နိုးတန်းဖိုးထားရပါသော ချစ်ဇနီး နှင့် အတူ ဖြတ်သန်း ခဲ့ တာ မြန်လွန်းတယ်လို့  ထင်မိပါတယ် …
ကျွန်တော် တို့  မဲဆောက် မြို့ နဲ့  ဝေးဝေးမှာ ရှိတဲ့ မြို့ လေးတစ်မြို့  မှာ အကိုဝမ်းကွဲ တစ်ယောက်ရဲ့ အကူညီ နှင့် ပျော်ရွှင်စွာ နေထိုင် ခဲ့ပါသည် … တစ်ရက် ဘတ် ၂၀၀ ဆိုတဲ့ ကျွန်တော် လုပ်အား ခ ငွေဟာ ကျွန်တော် နှစ်ယောက် အတွက် ပြည့်စုံတယ်လို့  မဆိုပင်မဲ့ ဘယ်တော့မှ စိတ်မဆင်းရဲ ခဲ့ရပါဘူး …။
သူမ ကို ဒီမြို့ လေး ရဲ့ NGO ဆေးခန်း မှာ လစဉ် ဆေးမှတ်တမ်း ထားပြီး သူမ မှာ ရှိတဲ့ HIV ပိုးတွေ မပြန့် ပွားအောင် နေ့ စဉ်နှင့် အမျှ အေအာတီ လို့  ခေါ်တဲ့ဆေးတွေ သောက်နေရတာပေါ့ …။
သူမ ကို ကတိ ပေးတဲ့ အတိုင်း သူမ ဆီ က ရောဂါ ကျွန်တော် ဆီ မကူး အောင် သူမ ကပင် အထူးဂရု စိုက်နေထိုင် ခဲ့ပါသည် … အစ တုန်း က ကျွန်တော် စိတ်တွေ သတိ လက်လွတ်ဖြစ် ခဲ့ တဲ့ အချိန် တိုင်းမှာ သူမ က မကြာခဏ ဆိုသလို သတိ ပေးခဲ့ပါတယ် ။ တစ်နှစ် ဆိုတဲ့ အချိန်မှာတော့ ကျွန်တော် နေသားကျ သွားပါပြီ ။
သူမ နေ့ စဉ်နှင့် မျှ ဆေး သောက်နေသော် လည်း တစ်နှစ် ဆိုတဲ့ အချိန် အတွင်းမှာ သူမ ရဲ့ နုပျို မှု့ တွေ သိသိသာ ကုန်ဆုံး ခဲ့ပါပြီ ။ တစ်ခါ တစ်ခါ ချောင်းဆိုး လျှင် အရင် က တစ်ရက် နှစ် နှင့် ပြောက်သွားတက်သော် လည်း အခု တစ်ပတ် ဆယ်ရက် ကြာထိ ပြောက် တက်ပေ … မကြာ ခဏ ဆိုသလို သူမ မောတက်နေပါပြီ ။
သူမ ရဲ့ နုပျိုမှု့  တွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ သူမ ဟာ ကျွန်တော် အတွက် ထာဝရ လှပ နေသော ပန်းချီ ကား တစ်ချပ် ပမာ ရှု့ မဝ အောင်ရှိနေပါ သည် ။
သန့် ရှင်းသပ်ရပ်စွာ နေထိုင်တက်ပြီ ဖြူစင်တဲ့ သူမ ရဲ့ ပင်ကိုယ် စိတ်လေး နှင့် ကျွန်တော် ပေါ် ချစ်မြတ်နိုး တဲ့ သူမ ကို ကျန်ရှိနေသေးသော အချိန်လေး မှာ
ကျွန်တော် မြတ်နိုးနိုး တန်ဖိုးထား ၍ ချစ် ရပါတော့ သည် …..။
မောင်ဘုန်း (၁၆.၁၂.၁၁)
Monday, December 5, 2011
ထုဆစ် မိ သော မြတ်နိုးရာ
အမြဲတမ်း တစ်ခုခု လိုအပ်နေတာ
 ဘဝ လို့ ခေါ်မလား .....
နေ့ ရက် နာရီတွေ ပြောင်းလဲ ခဲ့တယ်
လိုအပ် မှု့ က အသစ် ဖြစ်နေ ဆဲပဲ
ကံတရား က အခြေခံ မလှတဲ့
ဘဝ တစ်ခု ကို လက်ဆောင်ပေး ခဲ့လို့ 
ခမ်းနား မှု့ တွေနဲ့  ဝေးဝေး မှာ
နေ သား ကျ ပင်မဲ့
အေးချမ်းတဲ့ အရိပ်တစ် ခုကို ခိုလှုံမို့ 
မျှော်လင့်ချက် နဲ့ 
အချိန်တွေ မေ့ ခဲ့တယ်
နေ့ ရက် တွေ ကို
မကြည့် ဖြစ်ခဲ့ သလို
နှစ်တွေ ကို မသိချင်ဟန် ဆောင်ခဲ့ပါတယ်
ဒါပင်မဲ့ ….
ကုန်လွယ် တက်တဲ့ အချိန် ရယ်
ဖြတ်သန်းခဲ့ တဲ့ နေ့ ရက်တွေ တော့
အတိတ် ဖြစ်ခဲ့သလို
နုပျို မှု့ တွေ တဖြည်းဖြည်း ဆုံးရှုံး ခဲ့ ရပြီ
လိုအပ်ခြင်းတွေ ကတော့
ဟောင်း မသွားခဲ့ဘူး …..
တကယ်ဆို ….
လူတစ်ယောက် ရှင်သန် ရပ်တည်မို့ 
သဘာဝက လိုအပ်ချက် မရှိအောင်
ဖန်တီးခဲ့ ပင်မဲ့
မနက်ဖြန် ဆိုတဲ့ နေ့ ရက် တိုင်းမှာ
လိုအပ် ခြင်း တွေ က
 စောင့်ကြိုလျှက် …. ပါ
ဘာပဲဖြစ်ဖြစ်လေ …..
လိုအပ်ခြင်းတွေ နဲ့ 
ကျင့်သား ကျနေတဲ့  ဘဝတစ်ခုမှာ
ဒုက္ခ ကို ခပ် ပစ်ပစ်လေး ဖျှော်
ချွေးသုတ်ထား တဲ့ ပါမုန့်  လေးနဲ့ 
ကျနော် ရဲ့ နံနက် စာကို စားသောက်ရင်း
နေ့ သစ် ရဲ့ …. လိုအပ်ခြင်း တွေကို
ကြိုဆိုလျှက် ….
သာယာပျော် ရွှင်မှု့  တွေ
လွှမ်းခြုံ ထားတဲ့
ကျနော်  ၏ မြတ်နိုးရာ ကို ထုဆစ် ပုံဖော် မိပါတော့ …. တယ် ….
မောင်ဘုန်း
Saturday, December 3, 2011
ပုံပြင်လေးရဲ့ အဖြေ
အားလုံးပဲ မင်္ဂလာပါ ဗျာ ... ကျနော် အခုရက်ပိုင်း အတွင်း အလုပ်လည်းများ တစ်ဦးတည်းသော ညီမ လေးနှင့် ချစ်သူ ကောင်းကင်ဖြူ က တိုင်ပင်ထားသလို ချက်ချင်း ဆေးရုံ ရောက်တဲ့ အဆင့်ထိ ကျန်းမာရေး မကောင်းဖြစ်နေပါသောကြောင့် ဒီရက်ပိုင်း မှာ ဘယ်သူ ဆီကိုမှ အလည်မရောက် ဖြစ်တဲ့ အတွက် အရင်ဆုံးတောင်းပန် ပါရစေ ....
ဒီနေ့  တစ်ပတ်တိတိ ပြည့်တဲ့ နေ့ မို့ လို့ ပုံပြင်လေးရဲ့ အဖြေကို ပြောပြပါမယ် ... ဒီပုံပြင်လေးကို ဆရာမပြောပြတုံးကလည်း ကျနော် တို့ ကို အခုလိုပဲ မေးခွန်း နှစ်ခုမေးခဲ့ပါတယ် ... လူ ၆၀ ကျော်ရှိတဲ့ စာသင်ခန်းထဲမှာ ဆရာမပြောတဲ့ ပုံပြင်လေးရဲ့ အဖြေကို တစ်ယောက်မှ အတိကျ မဖြေ နိုင်ခဲ့ပါဘူး ... ။
အခုတော့  အရေးရော အချက်ပြုတ် ပါ ကောင်းမွန်လှတဲ့  ကျနော် တို့ ရဲ့
အစ်မ ချော (အစိမ်းရောင်လွင်ပြင်) က ပုံပြင်လေးရဲ့ အဖြေကို အတိကျ ဖော်ပြသွားပေးပါတယ် ... ။
အစ်မ ရေ ... အခုလို ဖြေဆိုပေးတဲ့ အတွက် ကျနော် မောင်ဘုန်းက အထူးပဲ ကျေးဇူးတင်ရှိ ပါတယ် ဗျာ ...
အစ်မ ချော (အစိမ်းရောင်လွင်ပြင်) ရဲ့ အဖြေက ...
ထင်တဲ့အဖြေကိုရေးမယ်နော်..
စော်ဘွားကြီးက အဲဒီလူ၂ယောက်ကို ဘာလို့သူခိုးလို့ ထင်သလဲဆိုတော့ အဲဒီ ၂ယောက်ဟာ လင်းတရဲ့ လက်၂ဖက်ကို မကိုင်ခဲ့လို့ ပါဘဲ.
သူခိုးဆိုတာက တကယ်ခိုးထားတဲ့သူ ဖြစ်လေတော့ စိတ်ထဲက မလုံပါဘူး.. သူကိုင်လိုက်ရင် ငှက်က အော်လိုက်မှာကိုစိုးပါတယ်. ဒါကြောင့် လင်းတကို မကိုင်ရဲပါဘူး။
စော်ဘွားက သူတို့၂ယောက် ငှက်ကို မကိုင်မှန်း ဘာကြောင့်သိသလဲဆိုတော့ လင်းတဟာ အလွန် ညစ်ပတ် ပေရေနေတယ်လို့ စာထဲမှာရေးထားတဲ့အတွက် လင်းတကို ကိုင်လိုက်ရင် ကိုင်တဲ့လူရဲ့ လက်ဟာလည်း ညစ်ပေသွားမယ်ဆိုတာသိနိုင်ပါတယ်။ 
ဒီလိုဆိုတော့လင်းတကိုမကိုင်ခင်အဝင်အထွက်မှာ စော်ဘွားရဲ့ လက်ကိုကိုင်ပြီး ဂါရဝပြုရတယ်ဆိုတော့ လင်းတကို မကိုင်တဲ့လက်ကို (မညစ်ပတ်တဲ့လက်ကို) စော်ဘွားက အလွယ်တကူ စစ်ဆေးရှာဖွေနိုင်ပါတယ်. ဒီနည်းနဲ့ သူခိုးဖမ်းမိသွားတာပါ
လင်းတဟာ ဘာတန်ခိုးမှ မရှိတဲ့ သာမန် ငှက်တစ်ကောင်ပါ။
(မှန်ရင် ဘာလက်ဆောင်ပေးမတုန်း) :P ......
အစ်မ ရဲ့ အဖြေကအတိကျ မှန်နေတဲ့အတွက် ကျနော် ပြန်မရေးတော့ဘူးနော် ... အနည်းငယ်ဖြည့် စွက် ရရင်တော့ စော်ဘွားကြီးက လင်းတ ဌက် မှာ သစ်စေး တစ်မျိုး သုတ်ထားပြီး ညစ်ပတ် အောင်လုပ်ထားခဲ့ပါတယ် ...
မှန်ရင် ဘာလက်ဆောင်ပေးမတုန်း  .... တဲ့ ... အယ် ... မောင်ဘုန်း အစ်မ comment စဖတ်မိ ကတည်းက စဉ်စားပါတယ် ... ဘာလက်ဆောင် ပေးရမလည်းလို့  ... အစ်မရေ ... ကျနော် လက်ဆောင်ရဲ့ တန်ဖိုးဆိုတာကို မကြည့်ပဲ စေတနာ အရင်းခံနဲ့  ရှိတာလေး ပေးလိုက်ပါတယ် ...နော် ..
အစ်မ ချော (စိမ်းရောင်လွင်ပြင်) နှင့် ပုံပြင်လေးမှာ ပါဝင် comment ပေးခဲ့ကြသော မိတ်ဆွေ သူငယ်ချင်းများအတွက် မောင်ဘုန်း ကြိုက်မိတဲ့ wallpaper ပုံလေးတွေ လက်ဆောင်အဖြစ် ပေးလိုက်ပါတယ် ... 
နောက်ထပ် နီးဆုံး အဖြေမှန်တဲ့ သူကတော့ အပျိုကြီး(သမီးစံ) ပါ
Blogger သမီးစံ said......ဒီမေးခွန်းမှာ..အဖြေက
အသွားအပြန်ကိုင်ရတဲ့စော်ဘွားကြီး
လက်ကြောင့်ဖြစ်မယ်
ပြီးတော့..လင်းတငှက်.
အော်သံရယ်လို့..တစ်ခါမှမကြားဖူးဘူး အဲ့ဒီ့ငှက်က.မအော်တတ်ဘူးလို့ယူဆပါတယ် :P
... ဇာတ်တော် ထဲမှာ ဖတ်ဘူးတယ်ဆိုလို့  ရှိတဲ့ စာအုပ်တွေ လိုက် ဖတ်ကြည့်ပါသေးတယ် ...
အပျိုကြီးရေ မောင်ဘုန်း တော့ စာဖတ်အားနည်း တယ်လို့  ဆိုရမှာပဲ ရှာမတွေ့ ဘူး နော် ...
နောက်ထပ် သူငယ်ချင်းတွေက တော့ 
Blogger လမင်းငယ် said...
ဟီဟီ နောက်တစ်ပတ်မှာအဖြေစောင့်တော့မယ်နော်
အဖြေရေးပေးခဲ့ ပြီနော် ... ဟီဟီ (သူ့ လိုလုပ်ကြည့်တာ)
Blogger mstint said......တီတင့်လည်း အဖြေကိုနောက်အပတ်မှ ဖတ်တော့မယ် မောင်ဘုန်းရေး)
ချောဖြေတာမှန်လို့ တစ်ခုခုကျွေးမယ်ဆိုရင်တော့ တီတင့်ကို လက်တို့လိုက် လာအားပေးချင်လို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အန်တီရေ ... မောင်ဘုန်း ၁၀ စုနှစ်အတွင်း အဆိုးရွားဆုံး ဆင်းရဲမွဲတေမှု့ နှင့် ကြုံတွေ့ နေရလိုပါ .. မောင်ဘုန်း အခန်းထဲမှာ စားစရာ ဆိုလို့  ကော်ဖီ တောင်မရှိတော့ လို့ ပါ .. အဟီး ....
AH said..... လက်ကိုမကိုင်ပဲ လင်းတရဲ့ ပါးစပ်ကို ပိတ်ပြီး ကိုင်ထားလို့ ဖြစ်မှာပေါ့... :)
နောင်တော် အတွေးလည်း ကောင်းတယ် ဗျာ ... ခက်တာက စော်ဘွားကြီး လင်းတ ဌက်ရဲ့ ပါးစပ်ကို သစ်စေး မသုတ်မိဘူးထင်တယ်နော် ... ကျေးဇူးပါ နောင်တော် .. အခုလို ပါဝင်ဖြေဆိုပေးတဲ့ အတွက်ပါ ....
Delete
Blogger မောင်(စွယ်စုံကျမ်း) said... အဖြေပေးနော် ကိုဘုန်းးးး လာရောက်ဖတ်သွာတယ် အဖြေကတော့ မပေးဘူး..ဟန်ဂျီအင်းပေးရမှာမလို့ ..နော်
ချင်းချင်းတွေ ဖြေတောင်း၇ဘူး
နောင်တော်ရေ ... ဟန်ဂျီအင်းကို အဖြေ ပေးလိုက်တော့လေ ... သနားပါတယ် ..သူ့ မှာ စောင့်နေရတာမော ရောပေါ့ ....
Delete
Blogger blackroze said..... မီးမီးမသိပါဘူး...
ဟုတ်ကဲ့ မောင်ဘုန်းလည်း ဘာပြန်ပြောရမှန်ကို မသိပါဘူး ... အဟီး ...
ကျေးဇူးပါ ... အစ်မရေ .... 
Blogger jasmine(တောင်ကြီး) said..... ဂျက်စမင်း မသိပါဘူး
ခင်မင်တာလေးပဲသိပါတယ်
ကဗျာတွေ အရေးကောင်တဲ့ အစ်မ ဂျက် ရေ .. ကျေးဇူးပါ နော် ...
Blogger မဒမ်ကိုး said.....ဆံပင်ဖြူနေပါတယ်ဆိုမှ ကိုမောင်ဘုန်း လာအုန်းစားပြန်ပြီ
စောင့်ဖတ်မယ်ဒါဘဲး)
အစ်မရယ် ... စိတ်မကောင်း မဖြစ်ပါနဲ့  ကိုရင် ရဲ့ အာလပ်ချိန် တွေမှာ အလုပ်ရတာပေါ့ ... အဟီး
ခင်မင်စွာဖြင့်
မောင်ဘုန်း