အမှန်တရား
ဒီနေ့ တော့ ပုံပြင်လေးတပုဒ် ပြောပြမယ် …ထုံစံ အတိုင်း … ဟိုအဝေးကြီးတုံးကပေါ့ကွယ်… ဘာတိုင်းပြည်ပါလိမ့်… အဲ … ဘာမင်းကြီးလဲ … ဟင်း …. ထားပါတော့လေ ..တိုင်းပြည်တပြည်မှာ အလွန်တော်တဲ့ မင်းကြီးတပါးရှိသတဲ့ …. မင်းကြီးလုပ်တဲ့သူ တော်မှတော့ … တိုင်းပြည်ကြီးလည်း တိုးတက်သာယာ တာပေါ့နော် …. အယ် … အဲ့ဒီမင်းကြီးက ဘာစိတ်ကူးပေါက်တယ်မသိဘူး … တနေ့ မှာ တောကစားထွက်လေတယ် …. လေ … အမဲလိုက်တယ်ဆိုပါတော့ကွယ် …. မင်းကြီးကသူရဲ့စီးတော်မြင်းနဲ့  ဘယ်သူမှ ခေါ်မလားပဲတယောက်တည်း တောထဲကိုထွက်လာခဲ့တယ်လေ …. တောထဲရောက်တယ်ဆိုရင်ပဲ တွေ့ သမျှသားကောင်းကိုပစ်မယ်ဆိုပြီး လေးကတဖက် လက်စွဲတော်ဓားကတဖက်နဲ့  သားကောင်နောက်ကိုလိုက် လိုက်တော့တာပဲကွယ် …. တိုင်းရေးပြည်ရာ မှာအလွန်တော်တဲ့မင်းကြီး ဟာ အချိန်တော်တော်များများ တွေ့ သမျှ သားကောင်းနောက်လိုက်သော်လည်း တစ်ကောင်မှ မရရှာဘူးကွယ် ….
ကြာလာတော့ သားကောင်နောက်ကိုပြေးလိုက်ရလွန်းတော့ သူ့ ရဲ့စီးတော်မြင်းက ရေ မဆာပဲ မြင်းပေါ်မှာထိုင်လိုက်ရတဲ့ မင်းကြီးက ရေ ဆာ လာသတဲ့ကွယ် …. ဒါနဲ့ ပဲ အမဲမလိုက်တော့ပဲနဲ့  ရေလိုက် …….. အယ် …… ရေလိုက်ရှာသတဲ့ ….
ဟိုဟိုဒီဒီ ရှာရင်းနဲ့  တဲအိမ်လေးတစ်လုံးသွားတွေ့ တယ်ဆိုပါတော့ကွယ် … မင်းကြီးလည်း ရေဆာနေတာနဲ့  တဲထဲဝင်ပြီး ရေ တောင်းသောက်တာပေါ့…. ရေသောက်ပြီးကာမှပဲ သူ့ ကိုရေတိုက်တဲ့ သူ့  ကိုသေချာကြည့်မိ သတဲ့ … သူ့ ကိုရေတိုက်တဲ့သူက အဖွားအိုးတစ်ယောက်ဖြစ်နေတယ်လေ …
အဖွားအိုက မင်းကြီးကိုနေရာထိုင်ခင်းပေးပြီး ခဏလောက်အနားယူ မို့ ပြောသတဲ့ …. မင်းကြီးလဲ ဖွားအိုပေးတဲ့နေရာမှာထိုင်ပြီ အဖွားအိုကို ထိုသို့ မေးလေတယ် ကွယ် ….
“ အဖွားက အဘယ်ကြောင့် လူမနီးသူမနီးတဲ့ ဒီတောထဲမှာတစ်ယောက်တည်းနေရတာလည်း ….. နောက်ပြီး ကျွန်တော်မျိုး ကိုဘယ်ကြောင့် မင်းသားတစ်ပါးလို ပြောဆိုဆက်ဆံရတာလည်း …..အဖွား …. “
အဖွားအိုးကလည်းထိုသို့ ပြန်ဖြေတယ် …. လေ ….
“ သူငယ် ကို နန်းတော် က မင်းသားတစ်ပါလို့ ထင်မိတာလွယ်ပါတယ် …ကွယ် … သူငယ်ရဲ့ နေပုံထိုင်ပုံ နောက်ပြီး သူငယ်လက်မှာကိုင်ထားတဲ့ ရတနာဓားဟာ မင်းမျိုးမင်းနွယ်ဆိုတာ သက်သေခံနေတယ်လေ သူငယ်ရဲ့ …. တောထဲမှာနေရတာတော့ ရွာထဲကလူတွေက လက်မခံလို့  ဒီမှာလာနေရတာပါ ..။ အဖွားမှာ အကျင့် တခုရှိတယ်ကွဲ့  မင်းသားလေး ရဲ့ အဖွားက မှန်တာတွေ့ ရင်မှန်တဲ့အတိုင်းပဲပြောမိတယ် .. ကြာလာတော့ ရွာထဲကလူတွေက အမှန်တွေကြီးပြောလို့ ဆိုပြီး ရွာအပြင်ထုတ်ထားကြတယ်လေ .. အရင်ကတော့ဟို့ ရှေ့  ကရွာမှာနေတယ် …. မင်းသားလေးရဲ့ ….”
အမှန်တရားကိုမြတ်နိုးတဲ့ မင်းကြီးက အဖွားအို ကိုသနားမိသတဲ့ … နန်းတော်ပြန်ရောက်ရင် အဖွားအိုအကြောင်းကို သေသေချာချာလူလွတ် စုံစမ်းပြီး အမှန်တရားကိုမြတ်နိုးတဲ့ အဖွားအိုကို သူကောင်းပြုမယ် စဉ်းစားနေမိတယ်လေ ……..
စိတ်မြန်လက်မြန်ရှိတဲ့ မင်းကြီးဟာ အခုချက်ခြင်း ပဲ နန်းတော်ပြန်မယ်ဆိုပြီး အဖွားအိုကိုနှုတ်ဆက်၍ သူ့  ရဲ့စီးတော် မြင်းရှိရာကိုထွက်ခဲ့သတဲ့ ….
အယ် … အဖွားအိုကတော့ မင်းကြီးရဲ့ လျှင်မြန်မှု့ ကြောင့်ဘာမှာကိုမပြောလိုက်ရပဲ ကျန်ခဲ့တာပေါ့ကွယ် …
မင်းကြီးထိုင်တဲ့နေရာကိုကြည့်လိုက်တော့ မင်းကြီးရဲ့ လက်စွဲတော်ဓား ကျန်ခဲ့သတဲ့ … ဒီတော့မှ အဖွားအိုလည်းမနေသာတော့ပဲ မင်းကြီး နောက်ကိုလိုက်ပြီး လက်စွဲတော်ဓား ကိုလိုက်ပေး သတဲ့ ….
အဲဒီအချိန်မှာ မင်းကြီးဟာ သူ့ စီးတော်မြင်းနဲ့ တဲ ရှေ့  က ထွက်ခွာစ ပြုနေပြီလေ ……
အဖွားအိုဟာ လက်တစ်ဖက်က ဓား ကိုင်ပြီ “ အမောင် မင်းသား အမောင် မင်းသား “ ဆိုပြီး နောက်ကနေ လိုက်ခေါ် တာပေါ့ကွယ် …
ဒါပင်မဲ့ မင်းကြီးကမကြားရှာဘူး ….ကွယ် ..
အဖွားအိုလဲ ပြေးရင်းနဲ့ ရှိသမျှ အသံကုန်အော်ခေါ်တော့တာပေါ့ …..
“ အိုး …. အမောင်မင်းသား …မျက်စိစောင်းနေတဲ့ မင်းသား … အို မျက်စောင်းမင်းသား ဓားကျန်ခဲ့ပြီး ကွယ့် …”
ဒီတော့မှပဲ မင်းကြီးက ကြားသတဲ့ ကွယ် မင်းကြီးလဲ ဓားကို ပြန်လာယူ ပြီး အဖွားအိုကို ဘာစကားတခွန်းမှမပြောပဲ နန်းတော်ရှိရာသို့ ထွက်ခွာသွာလေ တယ်လေ ….
မင်းကြီးရဲ့ စိတ်ထဲ မှာတော့ အဖွားအို ကိုဒီလို ပြောသွားခဲ့တယ် ကွယ့်
“ ဒီ အဖွားကြီး ဒီထက်ဝေးတဲ့ နေရာကိုပို့ ရမယ် …. ”
ကယ်ပုံပြင် လေးကတော့ပြီးသွားပါပြီး
ပုံပြင်ထဲကလိုပဲ အမှန်တရားဆိုတာ နေရာတိုင်းမှာ မရှိဘူးဆိုတာ အားလုံးနားလည်းကြပါနော် ….
ကျနော်လည်း ဗိုက်ဆာလာပြီ ထမင်းစားလိုက်အုံးမယ် ….
အချိန်ရရင် နောက်ထပ်ပုံပြင် တစ်ပုဒ်လောက်ပြောပြချင်ပါတယ် …
ကဲ … အားလုံးပဲ …. Bye …bye …