Pages

Monday, August 29, 2011

blog day အမှတ်တရ (တဂ်)





အားလုံးပဲ မင်္ဂလာညချမ်းလေးပါဗျာ …. ဒီနေ့ တော့ စာရေး ချင်တာ ဆပ်ဆပ်လူးနေတဲ့ ကျနော် blog day အမှတ်တရ post လေးရေးမိပါတော့ တယ် …. ။
သြဂုတ်လ ၃၁ ရက်နေ့ ဟာ  bloger များနေ့ လို့  ဦးလေးပြောပြဘူးပါတယ်  …. ဒီနေ့ အတွက်
သူများတွေ တဂ် post ရေးတာတွေ့ တော့ ကျနော် လည်းရေးချင်နေတာကြာပါပြီ … ငိုချင်ရဲ့ လက်တို့  ဆိုသလို bloger အပျိုကြီးမမ သမီးစံ တဂ် ပေးတော့ မောင်ဘုန်း blog မှာ post တစ်ခုတင်နိုင်တော့မယ် ဆိုပြီး ပျော်လိုက်၇တဲ့ အတွက် ဒီ ဝါကျွတ်မှာ အပျိုကြီးမမ သမီးစံ လည်း တခါတည်း ကျွတ်ပါစေလို့  ဆုတောင်းမိပါတယ် … ( အပျိုကြီး ဘဝ ပြောတာနော် ) …. :D … ။

ကဲ … ရေးပြီနော် ….

နာမည်က ဘုန်းလတ်  ဇာတိက ရန်ကုန် တစ်ရပ်ကွက်လုံးတော့ မောင်ဘုန်း ဆို အားလုံးသိ ….နာမည် ကြီးတယ်လေ …. ကြီးဆို ငယ်ငယ်ရွယ်ရွယ်နဲ့  ဘာသာရေးလိုက်စား တက်လို့  အားလုံးသိကြတာပေါ့ …
အယ် … မောင်ဘုန်းက လည်း  ဘယ်ဘာသာရေးပွဲမှ အလွတ်မပေးဘူးလေ မဖိတ်လည်း လိုက်စားတက်တာကို .. ပြန်ရင် ပါဆယ်လေးပါ ထုပ်တက်တယ်လေ ….. ဒါကြောင့်လည်း ဘာသာရေးလိုက်စားတယ်လို့  ပြောကြတာပေါ့ …. ။
အစ်မ ကတော့ ပြောဘူးပါတယ် အရှက် မရှိဘူးတဲ့ …. ကျနော် ကိုအရမ်းချစ်တဲ့ အမေကတော့ ငါ့သားက အရှက်မရှိဆို …. မွေးတုန်းက ချက်ကြိုးနဲ့  ရှက်ကြိုး မှာဖြတ်လိုက် လို့ ပါတဲ့ …
အယ် …. တဂ် post ရေးပါတယ်ဆို …ဘာတွေ ရေးနေမိပါလိမ့် …. ရှက်လိုက်တာ …. အဟီး …. ။

ကဲ ..ပြန်ရေးမယ် ....

ကျနော် ကောင်းကင်ဖြူဆိုတဲ့ blog လေးကို လုပ်ဖြစ်တာ ၁၀ လကျော်ရှိလာပါပြီ …တစ်ရက်ကိုonline သုံးတဲ့ အချိန် ၂နာရီလောက်ပဲ အချိန်ရတဲ့ ကျနော်ဟာ … ..အရင်က blog ရေးမယ်လို့ အစီစဉ်မရှိခဲ့ပါဘူး ….. blog တော်တော် များများကို ဝင်ပြီး စာတွေဖတ်ပါတယ် … c box မှာစာရေးခဲ့တာတို့ commemts ရေးတာတို့  မလုပ်ခဲ့ပါဘူး … ကောင်းကင်ဖြူနဲ့  ချစ်သူဖြစ်ပြီတဲ့နောက်ပိုင်းမှာ ချစ်သူက ကျနော် ထက် စာပိုဖတ်တာသိရတော့ ကျနော် ချက်ချင်းကြီးကို စာရေးချင်တဲ့ စိတ်တွေ ဝင်လာပါတော့တယ် … ဒါနဲ့ ပဲ … blog လေးတစ်ခုလုပ်မယ်လို့  စီစဉ်ခဲ့ပြီး … bloger ကို ထာဝယ်နေမျိုးကို blog လုပ်နည်းသင်ပေးပါလို့ တောင်းဆိုခဲ့ပါခဲ့ပါတယ် …. ကိုနေမျိုးရဲ့ လမ်းညွှန်မှု့ ကြောင့် ကျနော် ကောင်းကင်ဖြူဆိုတဲ့ blog လေးဖြစ်ခဲ့ပါတယ် ….. ဒါပင်မဲ့ စိတ်တိုင်းမကျဘူးဗျာ …. ကျနော် လိုချင်တဲ့ template ပုံစံ မရဘူးလေး ….. ဒီလိုနဲ့ ပဲ အလုပ်အားတဲ့ အချိန်တိုင်းမှာ blog ကိုပြင်နေတာနဲ့  အချိန်ကြာသွားခဲ့ပါတယ် နောက်တော့ ကျနော် ဦးလေးက အခု template ကို ရှာပေးလို့ ကောင်းကင်ဖြူဆိုတဲ့ blog လေးဖြစ်လာခဲ့ပြီ  ကောင်းကင်ဖြူကို ချစ်သူဖြစ်တဲ့ ၂လပြည့် လက်ဆောင်အဖြစ် ပေးနိုင်ခဲ့ပါတယ် ….။

Blog လေးပြီးသွားတော့ ကျနော် အတွက် ပိုပြီးအခက်တွေ့ ပါတော့တယ် …. စားမရေနိုင်ခဲ့ဘူးလေ ...  ရေးလည်းမရေးတက်ဘူးလေ အခုချိန်ထိ ကျနော် blog လေးကို လာလည်တဲ့  အကိုတွေ အစ်မတွေကို အားနာမိပါတယ် ….။

အခုတော့ ကျနော် စာရေချင်တဲ့စိတ်တွေ နေ့ တိုင်းလိုလိုရှိနေပါပြီ …. ရေးလည်းရေးဖြစ်ပါတယ် …. ဒီလိုဖြစ်လာအောင်အားပေးတဲ့ ကျတဲ့ bloger တွေကတော့ ……. ဘုန်းဘုန်း (ချယ်ရီမြေ) ကိုငွေလမင်း  သမီးစံ အကိုကြီး ကိုရင်သာပျော့ (မဒမ်းကိုး)အစ်မ သဒ္ဒါလှိုင်း ကဗျာ ဆရာ လင်းခေတ်ဒီနို ၊ နောက်ပြီ အရင်ကတည်းက ဘာမှမရှိတဲ့ ကျနော် blog လေးကို ခဏခဏ လာလည်တဲ့ အစ်မ Jasmine(တောင်ကြီး ) အစ်မ ရွှေစင်ဦး အစ်မ နှင်း (နှင်းနဲ့ မာယာ ) နှင့် ကိုထွဋ် …. တို့ ကို ကျနော် မောင်ဘုန်း နှင့် ကောင်းကင်ဖြူ တို့ က ထာဝရ ကျေးဇူးတင်ရပါတယ် …။

ကျနော် ရဲ့ blog လေးကို လာလည်တဲ့ သူတွေအတွက် အကြိုးရှိမဲ့ စာတွေ မရေးတက်ပင်မဲ့ ….. နောက်ပိုင်းမှာ ကျနော် ကျွမ်းကျင်တဲ့ ကားဆေးမှုတ်တဲ့  ပညာအကြောင်း ၊ ကား modifies လုပ်တဲ့ ကြောင်းတွေ ရေးမို့  အစီစဉ်ရှိပါတယ် … ကိုယ်ပိုင်ကားရှိတဲ့ အကိုတွေ အစ်မ တွေအတွက် နည်းနည်းတော့ ကြိုးရှိမယ် ထင်လို့ ပါ..။

ကားရောင်ရွေးချယ်ခြင်း ဆိုတဲ့ post လေးကို စတင်ရေးသာနေပါတယ် အခု အလုပ်ပိတ်ရက်မှာ တင်ဖြစ်အောင်ကြိုးစားသွားပါမယ် ….။

စာမရေးတက်တဲ့ ကျနော် ကို အားပေးတာတွေ့ ရတော့ ကျနော် အရမ်းကိုပျော်ရပါတယ် blog လေး သက်တမ်း ၉လကျော် မှ comment ၃ ခုလို့  အ၇မ်းပျော်နေမိတယ်လေ …. အစ်မ Jasmine က သွေးစွန်းခဲ့သောလက် တစ်ဖက် post မှာ comments ရေးခဲ့တယ်လို့  ပြောပါတယ် … ကျနော် လည်းဘာမှမလုပ်ပါဘူး  ကျနော် blog မှာ တစ်ခုခုများလွဲနေတယ်ထင်လို့ လိုက်ရှာနေတုံးပါပဲ ကျနော် အတွက် comments တစ်ခု အားဆေးတစ်ခွက်လို တန်ဖိုးထားပါတယ် ….။

ကျနော် ရေးခဲ့သမျှ post တွေထဲမှာတော့ သွေးစွန်းခဲ့သောလက်တစ်ဖက် ဆိုတဲ့ post လေးကြိုက်နှစ်သက်ပါတယ် ….. blog အတွက် post အသစ်ရေးမယ်လို့ တွေးနေရင်နဲ့  ခြင် ကိုက်ခံရတဲ့ ကျနော် အဖြစ်ကို တွေးကြည့်ရင်းနဲ့  အဲ့ဒီ post ကို ရေးဖြစ်တာပါ ….။

ကဲ ကျနော် လည်းဘာဆက်ရေးရမှန်မသိတော့ဘူး …. ဒါကြောင့်မို့ ပြောတာပေါ့ ရေးချင်တာလည်း ဆပ်ဆပ်ကိုလူး ဆွေ့ ဆွေ့ ခုန်နေတာပဲ ဒီစာလေးရေတာ တစ်နာရီကျော် ကြာတဲ့ ကျနော် ရဲ့ စာရေးခြင်းတက်ပညာကို သီးခံပြီး အားပေးတဲ့ သူငယ်ချင်း မိတ်ဆွေ အကို အစ်မ တို့ ကို မောင်ဘုန်းက ဒီ post လေးနှင့် ကျေးဇူးတင်လိုက်ရပါတယ် ………။


မောင်ဘုန်း

4 comments:

  1. ဒီလိုဘဲ စရေးခါစတော့ နည်းနည်းချင်းကနေ နောက်တော့ရေးတတ်လွန်းတော့ စုပြိး သိမ်းထားနေရမယ် ကျွန်တော်တို့နဲ့ အဖြစ်ချင်းတူတယ် ကျွန်တော်တို့က ချစ်သူသက်တမ်းတလပြည့်တော့ ငွေလမင်းဘလော့လေး စလုပ်ဖြစ်တာလေ အားပေးနေမယ်
    နောက်တူတာ တစ်ခုရှိသေးတယ် စာလုံးပေါင်းမှားတာတူတယ် စိတ်မဆိုးနဲ့ဗျာ ခင်လို့ပြောတာပါ ကျွန်တော်လည်း အခုထိ စာလုံးပေါင်းမှားတုန်း

    ခင်မင်စွာဖြင့်
    ငွေလမင်း

    ReplyDelete
  2. ကောမန့်တွေ မတက်ပါလား

    ReplyDelete
  3. ကြိုးစားထားပါ....ဘလော့လောကမှ ကြိုဆိုပါတယ်...။ လင့်ချိပ်ထားပါမယ်...။

    ReplyDelete
  4. ဘလော့လောကမှ နွေးထွေးစွာကြိုဆိုပါတယ်ရှင်..

    လင့်လေးလည်းချိတ်ထားပါရစေနော်..

    ReplyDelete