Pages

Thursday, November 3, 2011

ပုံပြင်လေးရဲ့ ... အဖြေ


မင်္ဂလာပါ … ဗျာ …ဒီနေ့ တော့  ကျနော် ပုံပြင်လေးရဲ့ အဖြေကို ပြောပြပါမယ် …

ကျနော် တို့ သူငယ်ချင်း တစ်စု ကို … ကိုဇော် ဒီပုံပြင်လေးပြောပြတုံး ကလည်း အခု ကျနော် မိတ်ဆွေ သူငယ်ချင်းတွေ ပြောသလိုပါပဲ .. တချို့ က B ကို ရွေးသလို တချို့ က A ကို ရွေးပါတယ် ..
အယ် ...  တချို့ ကလည်း ဘယ်သူ့ ကိုမှ မရွေးဘူးတဲ့ …

ဒါပင်မဲ့ … B ကို ရွေးတဲ့သူ များခဲ့ပါတယ် .. ကျနော် လည်း B ကို ပဲ ရွေးခဲ့တယ်လေ … သူက ချစ်သူ အတွက် သစ္စာ ရှိတယ်ဆိုပြီ တော့...ပေါ့ ဗျာ …

အမှန်တော့ ပုံပြင်လေးထဲ က ကောင်မလေး က ….. A ဆိုတဲ့ ကောင်လေးကို ရွေးသွားပါတယ် တဲ့ ဗျာ …

ဘာကြောင့်လည်းဆိုရင် … ဒီလို ရွေးဖြစ်သွားအောင် လုပ်ပေးလိုက်တဲ့ အဓိက တရားခံ ကတော့ 
 မိုးနတ်မင်းကြီးပါပဲ ဗျာ … ဒီလိုပါ ….

မိုးနတ်မင်းကြီးရဲ့ တန်းခိုးတော်ကြောင့် …

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် ….
၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် …
၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် …
၎ … သုံးယောက် စလုံး သူတို့  ဘာဖြစ်ခဲ့ တယ်ဆိုတာ ပြန်မှတ်မိစေတယ် …..

အဲ့လို ဖြစ်သွားတယ်နော် …

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် …. ဒီကောင်လေး အရင်လိုပဲ ပြန်ရှင်လာ တာ ဘာမှ ပြောစရာ မရှိပါဘူး … အားလုံးကို ပြန် မှတ်မိစေ တော့ အရင်လိုပဲ ဘာမှမထူး ဆန်းဘူးလေ …

၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် … သူလည်း A ဆိုတဲ့ ကောင်လေးနဲ့  တူတူပဲနော် …ရင်လိုပြန်ရှင် လာတယ်ဆို တော့ အရင်တိုင်းပဲပေါ့ …

၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် … အယ် ..သူကတော့ မိုးနတ်မင်းကြီး သနားတာလွန် သွားတယ် ထင်ပါရဲ့ … အရင်လို တော့ စိတ် ပုံမှန် ဖြစ်သွာပင်မဲ့ .. နှစ်ပေါင် ၄၀ လုံးလုံး ဆုတောင်းနေတဲ့ သူ့ ရဲ့ အသက်ဟာ … အဖိုးကြီးတစ်ယောက် အရွယ် ဖြစ်နေတာပေါ့ ….နော် …. မိုးနတ်မင်းကြီး က သူ့ ကိုအရင်လို အသက်ရွယ်မျိုး ပြန်မလုပ်ခဲ့ဘူးလေ …

ကဲ …. C ဆိုတဲ့ ကောင်မလေးက သူ့ ရှေ့ မှာ သူ့ ကို အ၇မ်းချစ်တဲ့ နှစ်ယောက် ရှိနေပါတယ် …

တစ်ယောက်က အချစ်တွက်ဆို အသက်တောင် ပေးရဲ တယ် … နောက်တစ်ယောက် က သူ့ အပေါ် သစ္စာရှိ တဲ့ သူ … ဒါပင်မဲ့ တစ်ယောက်က သူမ နှင့်ရွယ်တူ … ကျန်တစ်ယောက်ကတော့ အဖိုးကြီး ဖြစ်နေ ပါပြီ ……

ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်း တို့  ခဗျာ … မိန်ကလေးတစ်ယောက် ဟာ …
သူ့ အပေါ် အရမ်းချစ်မှန် သိပင်မဲ့လည်း သူမ ဘဝအတွက် လက်တွဲဖော် တစ်ယောက်ဟာ သူ့ မ နဲ့  အသက် ၄၀ ကျော် ကွာနေမယ်ဆို …. သူမဘဝ အတွက် မရွေးချယ်လောက်ဘူး ထင်တယ်နော် … .

ပုံပြင်လေးရဲ့ အဖြေ ကို ကျေနပ်ကြ လိမ့်မယ်လို့  မျှော်လင့်ရပါတယ် …

ပုံပြင်လေးထဲက C ဆိုတဲ့ကောင်မလေး နေရာကနေ ပါဝင်ရွေးချယ်တဲ့ ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးပါပဲနော် ….

ခင်မင်စွာဖြင့်

မောင်ဘုန်း

9 comments:

  1. ဟေးးးးးးးးးးးးး

    မီးမီးအဖြေမှန်တယ်...မုန့်ဝယ်ကျွေး..

    ReplyDelete
  2. ဟွန်း ဒါကတော့ မိုးနတ်မင်းကြီးမတရားတာပေါ့..တကယ်တော့ အေ နဲ့ စီ က ဖူးစာပါပြီးသားကို ဘီ က ကြားထဲ ရူးရတာ မကျေနပ်ပါဘူး.သူဆုံးရှုံးရတာပိုများတယ်.. လုံးဝကျေနပ်ဖူးဟေ့..

    ReplyDelete
  3. အော.. ဂလိုကိုး...
    မိုးနတ်မင်းကြီးကလည်း ရက်စက်လိုက်တာ
    မျက်နှာလိုက်တယ်..
    ဘယ့်နှယ် သုံးယောက်လုံး အသက်တူတူထားပေးရမဲ့ဟာကို
    ဟိုတစ်ယောက်ကိုဘဲ ကွက်ပြီး အသက်မငယ်ဘဲ ချန်ထားပေးတယ်.. မတရားဘူး
    မိုးနတ်မင်းကို တရားစွဲမယ်.. ဒါဘဲး)

    ReplyDelete
  4. ဒီအစီအစဉ်လေးမှာ..ပါဝင်ကြတဲ့
    ညီမလေးတို့ရေ......းP
    ဒီမေးခွန်းမှာ..ပါဝင်ဖြေဆိုကြတဲ့
    အဖြေတွေအားလုံးက..အမှန်တွေပါပဲကွယ်
    မမှန်တာက..တောင်ပြုန်းက..
    မောင်ဘုန်းကိုယ်တိုင်ပါပဲရှင်းP
    အမတော်တွေကို..ခေါင်းစားအောင်လုပ်ပီး
    မိုးနတ်မင်းကို.လွဲချလိုက်တာပါး)
ဲ့မောင်ဘုန်း..
    လာပလေ့စေ..တွေ့ဦးမယ်
    ထားဝယ်ကြိမ်နဲ့း))

    ပြီးတော့..ပြောသေးတယ်..အသက်လေးဆယ်
    ကွာရင်..မိန်းကလေးတွေက.မစဉ်းစားဘူးတဲ့း)
    သူများတွေက..လေးဆယ်ကျော်မှ.ဘ၀စကြတာ
    သူမသိသေးဘူးနဲ့တူရဲ့းP
    ဘာပဲပြောပြော..
    (အစ်မရို့စ်ကိုတော့အားနာပါရဲ့ရှင်)
    မောင်ဘုန်းအဖြေကို..သဘောမတွေ့တာတော့
    အမှန်ပါပဲး))

    ပုံ/
    သမီးစံ (အပျိုကြီး)း)

    ReplyDelete
  5. ဆုံးဖြတ်ပိုင်ခွင့်ဆိုတာ မေးခွန်းထုတ်တဲ့သူရဲ့ လုပ်ပိုင်ခွင့်လေးမို့ မောင်ဘုန်းအဖြေမှန်ပါတယ်း))
    မောင်ဘုန်းနဲ့ Blackroze မုန့်ကျွေးရင်မမေ့ကြနဲ့နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. C ဆိုတဲ့ ဘိုးဘိုးကိုသနားလိုက်တာ...........
    ဒီဘဝတော့ C ဆိုတဲ့ ဘိုးဘိုးမျိုးမဖြစ်ပါစေနဲ့......

    ReplyDelete
  7. C ဆိုတဲ့ ဘိုးဘိုးကိုသနားမိပါရဲ့... ချစ်သူနဲ့လည်းဝေးရသေးတယ်. သူ့အသက်လည်း ပြန်မငယ်တော့ဘူး.. မိုးနက်မင်းကြီးက မတရားဘူး..

    ReplyDelete
  8. ဒီလို ... ကို ...

    ReplyDelete