ကြိတ်သား
ထည်ပစ္စည်များကို ၁၉၇၀ ခုနှစ်လောက် က စပြီ ကမ္ဘာ့ ဈေးကွက်ထဲသို့ ရောက်ရှိလာပြီ မြန်မာနိုင်ငံမှာတော့
၁၉၉၀ နှစ်မှစ၍ ယနေ့  အချိန်ထိ ရေပန်းစား သုံးစွဲလျှက်ရှိပါတယ်
ကြိတ်သား ထည်
ပြုလုပ်ရာတွင် ကုန်ကြမ်း အဖြစ် သစ်ခွဲစက်မှ ထွက်ရှိသော လွှစာ မှုန့် ကို အခြေံ၍ ၊ ဖိုက်ဘာမှုန်
့၊ ပလပ်စတစ်မှုန့်  များသာမက အခြာနည်းဖြင့် ကြိတ်ချေ ၍ ရသော အမှုန့် များ ကို ကော်စေး ၊ သစ်စေး ၊ ဓာတုဗေဒ ကော်စေး တစ်မျိုးမျိုးဖြင့် ရောစပ်ကာ ဖိအားနှင့်အပူးပေ စေပြီး အချပ်
အပြား အသွင် ပြုလုပ်ထား ခြင်းဖြစ်ပါတယ် ။
လူကို ဒုက္ခပေးရာတွင်
အဓိကကုန်ကြမ်းများထက် မသုံးမဖြစ်သုံးရသော ကော် က အဓိက ဒုက္ခ ပေးတာပါ ။
တချို့  ထုတ်လုပ်မှု
့ စရိတ်သက်သာစေ၇န် urea – formaldehyde ကို ကော်အဖြစ်အသုံးပြုတက်သောကြောင့်
သာမန် ကြိတ်သား
ထည်တွင်သုံးသော ကော် ထက် ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ ပိုထွက်စေပြီ လူကို အန္တရာယ်ဖြစ်စေပါတယ်
။
ကြိတ်သာထည်
ပစ္စည်းများသည် အပူချိန် များလေ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့  ပိုထွက်လေဖြစ်ပြီ ယင်းဓာတ်ငွေ
့ကို ရေနှင့်ရော စပ်လျှင် မပုပ်ဆေး ၊ တာရှည်ခံဆေး အဖြစ်သုံးနိုင်သော ဖော်မလင် ဓာတ်ပေါင်း
ကို ရနိုင်ပါတယ် ။
ဖော်မယ်ဒီ
ဟိုက် ဓာတ်ငွေ့ မြင့်မားစွာရှိနေသည့် အခန်းတွင်း နေထိုင်သူများသည် မျက်ရည်ပူကျခြင်း
၊ မျက်လုံးနီကျင်ခြင်း ၊ အသက်ရှူ ကျပ်ခြင်းအပြင်ကလေးများတွင် ပန်းနာရင်ကျပ် ကိုပင်ဖြစ်ပါတယ်
။ အစမ်းသပ်ခံ တိရစ္ဆာန်များတွင် ကာဆာဖြစ်စေသည်ကိုလည်းတွေ့ ရပါသေးတယ် ။
ယနေ့ အချိန်ခါတွင်
နေအိမ်များ ၊ရုံးခန်များ တွင် ကြိတ်သားထည် ပစ္စည်းနှင့် မကင်းသည့် နေရာအလွန်း ရှားမည်
ထင်ပါတယ် ။
ကြိတ်သားထည်
ရှိသော အခန်းအား လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်း ၊ လေအေးပေးစက် တက်ဆင်ခြင်း ၊ နိုင်ငံအများစုတွင်
ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့  အနည်းငယ်သာ ထွက်ရှိသည်ဟု အာမခံပေးထားသည့် ကြိတ်သားထည် များကိုဝယ်ယူ
သုံးစွဲခြင်း ဖြင့် အိမ်တွင်းနတ်ဆိုး တစ်ကောင်ကဲ့သို့ လူကို ဒုက္ခပေးစေသော ကြိတ်သားထည်ပစ္စည်း
များရဲ့ အန္တရာယ်မှ ကင်းလွတ်မည်ဖြစ်ပါတော့ သည် ….. ။
မောင်ဘုန်း
ကိုးကား
(သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)
ဆက်လက်ရေးသားပါမယ်
မောင်ဘုန်းပို့စ်ဖတ်ပြီး
ReplyDeleteအပေါ်မော့ကြည့်လိုက်တော့
လား..လား..မနည်းမနောပဲကိုးး)
ကျန်အပိုင်းများအား..စောင့်မျှော်လျှက်
သမီးစံ
အပျိုကြီးတော့ လုပ်ပြန်ပြီ ဘာတွေ မနည်းမနော လည်းဗျ
ReplyDeleteကျနော် အပေါ်မှာလည်း ဘာမှမ၇ှိပါလား
ကြိတ်သားနဲ့လုပ်ထားတဲ့ ပရိဘောဂတွေဆိုရင် စိတ်ဝင်စားတယ်မောင်ဘုန်းရေ ပေါ့လည်းပေါ့ပြီး ဝယ်ရတာလည်း ဈေးသက်သာလို့း)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အွန် အိမ်မှာလဲရှိနေတယ်
ReplyDeleteမှိုတွေလိုက်တယ်ခနခနပဲ စူပါဝမ်းက ၀ယ်ထားတာ .
ဘာလုပ်ပစ်ရမလဲ အောင်မလေး အိမ်ကိုဖုန်းဆက်ပြီး
အခန်းအပြင်တွေထုတ်ထားဖို့ပြောမှပဲး(
နာတို့အိမ်မှာလဲရှိဒယ် တူတို့ပဲကြွားနေတာပဲ
ReplyDeleteဟင်းဟင်း
ခင်ခင်မင်မင် jasmine
အယ်
ReplyDeleteအခန်းထဲမှာ ကြိတ်သားစားပွဲလေးတစ်လုံး ကုတင်ဘေးနားမှာတင် ရှိတယ်.
အနံ့နည်းနည်း ထွက်တယ်..
အဲသလိုဆိုးကျိုးတွေရှိတယ် ဆိုတာ တကယ်မသိဘူး.
နေရာရွေ့မှဖြစ်မယ် . ကုတင်နဲ့ သိပ်ကပ်လွန်းနေတယ် မကောင်းဘူးထင်တယ်.
ကျေးဇူးဗျို့