XEROX တံဆိပ် Phaser 3200 MFP ပရင်တာ
အိမ်တွင်းနတ်ဆိုး
အမှတ် ၃ ( အသွင်ပြောင်း နာမည် လေဆာပရင်တာ)
အခုလို ကွန်ပြူတာခေတ်မှာ
ကွန်ပြူတာနှင့် စပ်ဆက်တဲ့ ပစ္စည်းများ ကို ကွန်ပြူတာသုံးကြသော အိမ်တိုင်းလိုလို ရှိတက်ကြပါတယ်
… ။
ကွန်ပြူတာနှင့်
တွဲဖတ်သုံးရသော ပစ္စည်များအနက် ပရင်တာ ဆိုတာ မရှိမဖြစ် သုံးပြုနေကြတဲ့ ပစ္စည် တစ်ခုပေါ့
ပရင်တာ အမျိုးစား
များစွာ ရှိတဲ့ အထဲမှာ မှ လူသုံးများတဲ့ လေဆာပရင်တာ ဟာ အိမ်တွင်းလူ များကို နတ်ဆိုးတစ်ကောင်လို
ဒုက္ခ ပေးတက်ပါတယ် ။
၂၀၀၇ ခုနှစ်
တွင် သြစတြေးလျှ နိုင်ငံ ကွင်းစ်လန်း နည်းပညာတက္ကသိုလ် က လေဆာပရင်တာ မှ သာမာန် မျက်စိနှင့်
မမြင်နိုင်သော အမှုန့်  များထွက်လေ့ရှိကြောင်း ထုတ်ဖော် ကြော်ငြာခဲ့ပါတယ် …။
လေဆာပရင်တာ
များသာမက ink-jet ပရင်တာများတွင်လည်း VOCs
(volatile organic compounds) နှင့် Ozone particulates များ ထွက်လေ့ ရှိပြီး ၊ ယင်း
ဓာတ်အများစုမှာ ပရင်တာ ပုံနှပ်နေ ချိန်အတွင်းသာ ထွက်ရှိပြီး ပုံနှပ်ပြီးနောက် မိနစ်ပိုင်းအတွင်း
ပျောက်ကွယ်သွားတက်သည် ဟု သိရပါတယ်
အမှုန့် ထွက်ခြင်း
အနည်းအများ မှာ သုံးစွဲသည့် မှင်ဗူး အရည်သွေးပေါ်တွင် ကွာခြားတက်ပြီး ၊ မှင်ကို ပြန်ဖြည့်ပြီးသုံးသည့်
အချိန်ခါမျိုးမှာ အမှုန့် ပို့ ထွက်လေ့ ရှိပါတယ် ။
ယင်း အမှုန်
့ များတွင် ပါဝင်သော ဓာတ် အများစုမှာ လူကို အဆုတ်နှင့် နှလုံးကို အလွယ် တကူ ထိခိုက်စေပြီး
၊
ကလေးငယ်များတွင်
အဆုတ်ရောဂါ အလွယ်ကူ ဖြစ်စေတက်ပါတယ် ။
ထို့ ကြောင့်
လူကို မထိခိုက်စေပါဟု အာမခံပေးထားသော Xerox ၊ Hewlett-packard နှင့် တခြား အရည်သွေးကောင်းသော ပရင်တာများ ကို ဝယ်ယူသုံးစွဲ သင့်ပေသည် ။
စီးပွားဖြစ်
ပရင့် ထုတ်သူများအဖို့  နှာခေါင်းစည်း တပ်ထားခြင်းဖြင့် နတ်ဆိုးတစ်ကောင် ကဲ့သို့  ဒုက္ခ
ပေးတက်သော ပရင်တာများ ၏ ရန်မှ ကင်းလွတ်မည်ဖြစ်ပါတော့သည် ။
မောင်ဘုန်း
ကိုးကား
(သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)
ပရင်တာသုံးနေချိန် ဝေးဝေးမှာ နေတာကောင်းမယ်..
ReplyDeleteကျေးဇူးဗျို့..
အေးဟယ်..
ReplyDeleteတော်သေးရဲ့..အဲ့ပရင်တာမျိုး
မသုံးနိုင်သေးလို့း)
မျှဝေပေးလို့
ကျေးဇူးပါမောင်ဘုန်းရေ
အဲလိုကြီးလား အောင်မလေး များရှေ့မှာပရင်တာကြီးထားတာ ရွှေလို့လဲရဘူးး(
ReplyDeleteနဂိုကတဲက ကျန်းမာရေးမကောင်းပါဘူးဆိုမှ
ReplyDeleteအိမ်က ဟာကို သူလေးပြန်လာမှစစ်ခိုင်းရဦးမယ်
ခင်ခင်မင်မင် jasmine