Pages
Friday, December 23, 2011
cheryQQ အကြောင်း တစေ့ တစောင်း
မင်္ဂလာပါ ... ဗျာ ..ဒီနေ့  လိုင်းပေါ်ရောက်ရောက် ခြင်း မင်္ဂလာရှိတဲ့ သတင်း နှစ်ခု ကြားခဲ့ရပါတယ် ...
တစ်ခုကတော့ ကျနော် တို့ လို ပြည်ပ မှာ အလုပ်လုပ်နေတဲ့သူတွေကို မြန်မာ အစိုးရက အခွန်ကင်းလွတ် ခွင့်ပေး တော့မယ် ဆိုတာရယ် (အတိကျတော့ မဟုတ်သေးဘူးနော်) ၊ cheryQQ ကားတွေ ပြည်တွင်းမှာ ဒေါ်လာနှင့် တိုက်ရိုက်ရောင်းပေးနေပါသော ကြောင့် ပြည်တွင်းမှာ ဒေါ်လာငွေဈေး တက်သွား တယ်ဆိုတဲ့ သတင်းကြောင့် ဒီနေ့ တော့ အရင်နေ့ တွေလို ... ဟိုနား ဗုံးကွဲလို့ ၊ ဟိုနိုင်ငံမှာ ခုန်ချပြန်ပြီ ဆိုတဲ့ သတင်းတွေ ထက်တော့ ... ဒီနေ့  ဟာ မင်္ဂလာရှိတဲ့ သတင်း ပါလားလို့  တွေးမိပါတယ်...။
ကယ် ...chery QQ ကားတွေ မြန်မာပြည် သွင်းနေပြီဆိုတော့ ကား နဲ့ ပတ်သက်တဲ့ post လည်းမရေးဖြစ်တာကြာလို့ ကျနော် သိသလောက်လေး cheryQQ ကားကြောင်းလေး ပြောပြမယ်နော် ..
အခုမြန်မာပြည်မှာ ပြောနေတဲ့ cheryQQ ဆိုတဲ့ ကားတွေကို Chery Automobile Co Ltd ထုတ်လုပ်တာဖြစ်ပြီး တရုတ် Government-owned corporation လုပ်ငန်း တစ်လည်း ဖြစ်ပါတယ် ။
 Chery Automobile ဆိုတဲ့ ကုမ္မဏီ ဟာ နိုင်ငံ အစိုးရနှင့် ပူးပေါင်း ၍ လည်းကောင်း ၊ တခြာ ကုမ္မဏီ တစ်ခုနှင့် ပူးပေါင်း ၍ လည်းကောင်း နိုင်ငံတော်တော်များများ မှာ ကားထုတ်တဲ့ စက်ရုံတွေ တည်ထောင်ပြီ ထုတ်လုပ်တယ် လို့ လည်း သိရပါတယ် ... မှတ်သား မိသလောက်တော့ China ၊ Ukraine ၊Iran ၊ Chile ၊ South America ၊ Russia စတဲ့ နိုင်ငံတွေမှာ ကားထုတ်တဲ့ စက်ရုံတွေ ရှိတယ်လို့  သိရပါတယ် ။
ကမ္ဘာ့ ကားဈေးကွက်မှာတော့ တရုတ်နိုင်ငံအတွင်း ထုတ်လုပ်သော cheryQ3 ၊ cheryQ6 မှလွဲ ၍ ကျန်သော cheryA1 ၊ cheryA3 ၊ cheryA5 (တခြားအမျိုးစာ တွေရှိပါသေးသည်) ... စသော ကားတွေကတော့ အရည်သွေး အသင့်တင့် ရှိတယ်လို့  နာမည်ရ ထားတဲ့  ကားတွေ ဖြစ်ပါတယ် ... ။
အခု မြန်မာပြည်ကို သွင်းမယ် ဆိုတဲ့ ကားတွေဟာ တရုတ်နိုင်ငံ ထုတ်လို့ သိရပါသောကြောင့် cheryQ3 နှင့် cheryQ6 အမျိုးစားတွေ ပဲ ဖြစ်လိမ့် မယ်လို့  ခန့် မှန်းရပါတယ် ... ။
ထို့ ကြောင့် cheryQ3 နှင့် cheryQ6 အကြောင်းကို ပဲ ရေးတော့မယ်နော် ...
                                      cheryQ3
                               cheryQ3
                               cheryQ3
cheryQ3 
cheryQ3 ကို တရုတ် နိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပြီး အဓိက တင်ပို့ တဲ့  နိုင်ငံတွေကတော့ Iran ၊ Chile နှင့် Russia တို့ ဖြစ်ပြီး တရုတ်နိုင်ငံ ပြည်တွင်းမှာ အများအပြား အသုံးပြုနေသော ကားဖြစ်ပါတယ် 
ထိုကားကို ၂၀၀၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး model အနေနှင့် ၂၀၀၃ မှ ၂၀၀၅ ထိ ရှိပါတယ်
အမျိုးစားမှာ city car ဖြစ်၍ Body style မှာ 5-door hatchback ပုံစံ ဖြစ်ပါတယ် .. ။ အသုံးပြု ထားသော Engine  မှာ 0.8 L SQR372  နှင့် 1.1 L SQR472F I4 တို့ ဖြစ်ပါတယ် ။
Transmission(ဂီယာ)  5-speed manual နှင့် EZ-drive Semi-automatic transmission ဆိုပြီး ပုံစံ နှစ်မျိုး ထုတ်လုပ်ထားပါတယ် ။
                                    cherryQ6
                                      cheryQ6
cheryQ6
Q3 လိုပဲ တရုတ်နိုင်ငံ မှာ ထုတ်လုပ်တာဖြစ်ပြီး ပြည်တွင်းမှာလည်း အသုံပြုသလို Ukraine နှင့် Egypt ကို အဓိက တင်ပို့  တဲ့ ကားဖြစ်ပါတယ် ။
၂၀၀၆ model ဖြစ်ပြီး city car အမျိုးစာဖြစ်သလို  4-door sedan Body style ဖြစ်ပါတယ် ။
1.1 L SQR472F   နှင့်1.3 L SQR473F  Engine  ကို အသုံးပြုထားပြီး ဂီယာ အနေနှင့် 5-speed manual တမျိုး တည်းကိုသာ အသုံးပြုထားတာတွေ့ ရပါတယ် ။ Q3 ထက် အရည်သွေးရော တန်ဖိုးပါ သာလွန် တဲ့ ကား လည်းဖြစ်ပါတယ် ...။
ှcheryQ3 ရော Q6 နှစ်မျိုးစလုံးရဲ့ အဓိက အားသာ ချက်ကတော့ ဆီစားသက်သာတယ်လို့ နာမည်ကြီးသော ကား များ ဖြစ်ပါတယ် ... ။
အားနည်း ချက်ကတော့ တရုတ်ကားတွေ မှာ ဖြစ်တက်တဲ့  Engine အထိုင်တပ်ဆင်မှု့  အရည်သွေး ညံ့ သောကြောင့် Engine  vibreation အလွန်များ တာတွေ့ ရပြီး အသုံပြုထားသော Body သံသား အရည်သွေး အလွန် ညံ့ တယ်လို့  သိရတယ် ။ 
အောက်က ပုံတွေကတော့ cheryQ3 ကားတွေကို body အရည်သွေးစစ်ဆေး ထားတဲ့ ဓာတ်ပုံ မှတ်တမ်းလေးပါ google မှာတွေ့ တာနဲ့ ထပ်ဆင့် ဖော်ပြလိုက်ပါတယ် .. သူများတွေ က အခုမှ အသစ်ဝယ်မဲ့ ကားကို စိတ်အနှောက်ယှက် ဖြစ်အောင် လုပ်တာမဟုတ်ပါဘူး .. အရှိကို အရှိအတိုင်း ဖော်ပြရတာပါ ... ကျပ်ငွေ သိန်း ၁၀၀ ဆိုတဲ့ တန်ဖိုးနဲ့ တော့ ဒီလောက်ပဲ ရမှာ ပေါ့နော် ...
ကယ် ...နောက်ထပ် Chery Automobile မှထုတ်တဲ့ ကားတွေကို ကြည့်ရအောင်နော် ..
cheryA1
ဒီ ကား ကတော့ Ukraine နိုင်ငံမှ ထုတ်တဲ့ cheryA1 ပဲ ဖြစ်ပါတယ်  ကားရဲ့ အချက်လက်တွေက တော့ ...
Production 2007–present
Class Supermini
Body style 5-door hatchback
Layout FF layout
Engine 1.1 L 16V / 1.3 L 16V
Transmission  5-speed manual or automatic 
cheryA5
သူကတော့ Egypt နိုင်ငံမှာ ထုတ်တဲ့ cheryA5 ပါ ... သူ့ ရဲ့ အချက်လက်တွေကတော့ ...
Production 2006–present
Class                      Compact car
Engine                    1.6L ACTECO DOHC 16v
                              1.8L ACTECO DOHC 16v
                              2.0L ACTECO DOHC 16v
Transmission           5-speed manual 4-speed automatic
cheryA13
သူက cheryA13 ဖြစ်ပါတယ် Ukraine က AvtoZAZ ဆိုတဲ့ ကုမ္မဏီ နှင့် ဖက်စပ် ထုတ်တဲ့ ကားပါ .. သူ့ အတွက် အချက်အလက်ကတော့ .........
Production 2008–present
Class Subcompact car
Body style 5-door liftback
5-door hatchback
Layout FF layout
Engine 1.5 L I4
 ကယ် ဒီလောက်ဆို ကျေနပ်တော့နော် .. အရမ်းလည်းနောက်ကျနေပါပြီ နောက်ထပ်လည်း အများကြီး ရှိပါသေးတယ် ... chery15 (သို့ ) chery cowin ၊ chery X1 စတဲ့ နာမည်ရ အမျိုးစားတွေ ရှိပါသေးသည် မနက်အလုပ် ဆင်းရအုံးမှာ မို့  အချိန်များရ လျှင် ဖော်ပြပေးပါအုံးမည် ....
ခင်မင်စွာဖြင့်
စာလုံးပေါင်းသတ်ပုံတွေ မနက်ကျမှပဲ စစ်တော့မယ် ဗျာ ... အခုတော့ တင်လိုက်ပြီ ...
ဓာတ်ပုံကို google မှ ရယူဖော်ခဲ့ပါသည်
မောင်ဘုန်း
9 comments:
  1. ၀ယ်နိုင်သေးဘူးတော်း)
    အခွန်မဆောင်ရတော့ အဲပိုက်ဆံကိုမုန့်ဝယ်စားပစ်မယ်း) ဟိဟိ
    မဒိုးကန်
    ReplyDelete
  2. သတင်းကောင်းပဲ ဗျို့
    ကားအကြောင်းလေးလဲလေ့လာသွားပါတယ်
    ReplyDelete
  3. ဒီကားလေးတွေ.သဘောကျနေတာနဲ့
    အတော်ပဲ.မောင်ဘုန်းရေ
    ပိုက်ပိုက်ရှိရင်တော့
    ReplyDelete
  4. မောင်ဘုန်းရေ
    လူကိုရောဂါတိုးအောင်လုပ်နေတာတော့ မဟုတ်ပါဘူးနော်
    (မင်းနဲ့ဝေးရာ အဝေးဆုံးမှာနေမယ်အချစ်ရယ် နေပါမယ်)
    ဆိုပြီးတော့သာ အော်လိုက်ချင်ပါရဲ့ဟယ်
    ထိပ်ဆုံးကတစ်ယောက်ကတော့ပြောရှာပါတယ်
    (ကားလေးတွေ လှတယ်ဟေ့)တဲ့ ၀ယ်ပေးမယ်ဆိုတာမပါဘူး
    ReplyDelete
  5. ကားတွေကလှပါတယ်
    ပိုက်ဆံမလှလို့
    နောက်များမှပဲ စဉ်းစားမယ်
    Merry Christmas & Happy New Year ပါဗျာ
    ReplyDelete
  6. ကားတော့ မ၇ှိဘူး နွားလှည်းပဲ၇ှိတယ် ကိုဘုန်းရေ..နွာ်းလှည်းကျုကျု ရမယ်..တိန်
    ခင်မင်စွာဖြင် မောင်(စွယ်စုံကျမ်း)
    ReplyDelete
  7. ဟုတ်ပ မောင်ဘုန်းရယ်
    ကားမပြောနဲ့ လှည်းကလေးတစ်စီးတောင် ဝယ်နိုင်ပါဘူး..
    QQ ကားတွေတော့ ကြားဖူးတာကြာပြီ
    ပေါ့ပေါ့ပါးပါးတော့ရှိတယ် ဒါပေမဲ့ သိပ်တော့ စိတ်ချရမယ် မထင်။
    ဒါကြောင့် ဝယ်မစီးတော့ပါဘူးလေး)
    ခရစ္စမတ်မှာ ပျော်ပါစေနော်။
    ReplyDelete
  8. ကားတွေရောက်နေပါပြီ
    ဒါပေမယ့် အားမရပါဖူးဗျာ
    ဘော်ဒီလေးတွေကြည့်ရတာ ဂျိမ်းကနဲ့ဆိုရင် ပြားဝပ်သွားမှာ သေးသေးပိစိလေးဗျာ့
    ကားဆိုလို့ ဆိုက်ကားတောင်မဝယ်နိုင်သေးဖူး ကားနေတယ်း)း)
    မောင်ဘကြိုင်
    ReplyDelete