Pages

Friday, January 6, 2012

တနေ့တာ တဂ်


မင်္ဂလာပါ … ဗျာ … လိုင်းပေါ် မရောက်  ဖြစ်တာလည်း ၃ ရက်ရှိပြီ ။ ဖြစ်ပုံ ကတော့ သုံးတဲ့ လိုင်းက လစဉ်ကြေး မဆောင် လို့  ဆိုပြီး ဖြတ်လိုက်တယ် လေ … မောင်ဘုန်း လည်း ပေးရ မဲ့ ကိစ္စ ဆို အမြဲ မေ့တက် တယ် …. အေးလေ … အသက်ကြီး လာလို့  ထင်ပါရဲ့ …

ကယ် … လိုင်းပေါ် မရောက်ဖြစ် တဲ့ နေ့ တွေမှာ ရေးထားတဲ့ ရေးမိရေးရာ အကြောင်းလေး တွေလည်း လက်စ မသတ် နိုင်သေးတော့ … အစ်မ ပစ်ပစ် တဂ် ပေးထားတာလေး ပဲ အရင် ရေးလိုက်ပါတယ် …


အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ ….????????????

ဟုတ် … ၇ နာရီ ခွဲ တိတိမှာ ဖုန်းမှာ ပေးထားတဲ့ alarm ထအော် လို့  မိုးလင်းပြီ ဆိုတဲ့ အသိ နဲ့  ဘယ်ရောက်နေမှန် မသိတဲ့ စောင် ကို မျက်လုံး ပိတ်လျှက် အ၇င် ရှာ ပါတယ် … နေ့ စဉ် လုပ်နေကျမို့ လို့  ကျွမ်းကျင် စွာဖြင့် မျက်လုံး ပိတ်ထားသော်လည်း ခဏ အတွင်းမှာ စောင် ကို ရှာတွေ့  လို့  စောင် ခြုံ ပြီး ပြန်အိပ် လိုက်ပါတယ် …
၂ မိနစ် အကြာမှာတော့ ဒုတိယ အကြိမ် ဖုန်း က alarm က ထအော် တဲ့  အသံကို  မသိ ချင်ဟန် ဆောင် လိုက် ပါတယ် …
တတိယ အကြိမ် alarm မြည်တော့မှ မျက်လုံး ဖွင့် ပြီး ဖုန်း alarm ကို ပိတ် ရင်း screen ပေါ်က ပြုံး ပြနေတဲ့ ချစ်သူ ပုံ ကို ကြည့်ပြီး ပြန်ပြုံး ပြမိပါတယ် … မထင်ရင် မထင်သလို အာဘွား ဆို ပြီး လုပ်တက်သေးတယ် ….

မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ …..?????????????

အယ် …. ရန်ကုန် က ဦးရေခဲ မုန့် ဟင်းခါး ရယ် ၊ မန္တလေး ဈေးချို နားက ဆရာဝန် လင်မယား ရောင်းတဲ့ နန်းကြီး သုပ် ရယ် ကို အမေ ဖျော် ပေးတဲ့ ကော်ဖီ လေးနဲ့  စားလိုက် ချင်တယ် ဗျာ …..


လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ... ??????

လောလော ဆယ် … ဟုတ်လား …. အင်း ………….. အခုရက်ပိုင်း .. အယ် ၃ရက်ရှိပြီ ကော်ဖီ ကုန်နေလို့  ရေနွေးကြမ်း နဲ့  ကုလားဆိုင်းက ရောင်းတဲ့ ပြား ၈၀ တန် ရိုတီ ရယ် စားဖြစ်ပါတယ် … အယ် မေ့လို့  ရိုတီ က ဒီနေ့ ပဲ ဈေးတက်သွားတယ် … ပြား၉၀ ဖြစ်သွားပြီ ….


နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ ….?????????????

နေရာမရွေးဘူး … အလကား ဆိုရင်ပေါ့လေ …


အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ …. ?????

ခက်ပါရော လား … ငို ချင်ရဲ့ လက်တို့  ဆိုသလိုတော့ ဖြစ်နေပြီ … အင်း … အခုစားချင်တာက ရှောက်သီးသုပ် ကို အမေ လုပ်ပေး တဲ့ လက်ဖက် ထမင်းနဲ့  ငါးဖယ် ဟင်းခါး ပူပူလေးနဲ့  ….. အယ် …. ကျကုန်ပြီ … ကျကုန်ပြီ ….


အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ ….???????????????

အပူတော့ မသောက်ဘူးဖြစ်ဘူးလေ … ဒီမှာ လည်း အရမ်း ပူတော့ ကော်ဖီအေး ပဲ သောက်ဖြစ်ပါတယ် ….. ၃နာရီ ခွဲ ဆို အအေးသောက် နားပါတယ် … ကင်တင်း မှာ တစ်ယောက်ကို အအေး တစ်ခွက် နဲ့  မုန့် တစ် တစ်ခု စားခွင့် ရှိတယ်လေ … ကျနော် ကတော့ နေ့ တိုင်း ကော်ဖီ အေး မှာ သောက်တယ်လေ ….

 
ညနေစာကိုဘယ်မှာစားတတ်ပါလဲ…… ?????????????

အယ် …. OT ရှိတဲ့ နေ့ တွေမှာ တော့ ကင်တင်း ကကျွေးပါတယ် …  OT မရှိရင်တော့ အိမ်မှာ ပဲပေါ့ ….


ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ ???????

မနက်ဖြန် ဘာချက်ရင် ကောင်းမလည်း လို့  တွေးမိပါတယ် … ချစ်သူ ရော စားပြီးပြီ လားလို့  တွေးနေတက်ပြီး ဖုန်းဆက် မေးတက် ပါတယ် …. ။


အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်…… ????????????

အလုပ်ဆင်းတဲ့ အချိန် မှာ တွေးမိတာ ကတော့ ပထမဦး ဆုံး ဒီနေ့ လုပ်ခဲ့ အလုပ်ကို ပြန်တွေးပြီး မှတ်ထား ပါတယ် နောက်နေ့ ဘယ်ကနေ စလုပ် ရမလည်းပေါ့ … ပြီးတော့ psss card ပေါ်က နေ့ တွေကြည့်ပြီး လစာထုတ်မို့  လိုသေးပါလား တွေးမိ ပြန်တယ် ….

 
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ …..???????????

 ဖိနပ် အရင် သိမ်း ပါတယ် … အခု မွေးထားတဲ့ ခွေးက အရင်ဘဝ က ဖိနပ် နဲ့  ရန်သူ ဖြစ်ခဲ့ ပုံ ရတယ် ဗျ … ကုန်ပေါင်း မနည်းတော့ ဘူးလေ ….


ဒုတိယလုပ်မိတာလေး …………… ????????????????
 
ဖိနပ် စင် အောက်မှာ ဘယ်သူမှ မသိအောင် ဝှက် ထားတဲ့ အခန်းသော့ ကို ယူပါတယ် (နောက်နေ့ တော့ နေရာပြောင်းပြီ နော် )  


ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား ………????????????

ဟုတ် … OT မရှိတဲ့ နေ့  ည ၈ နာရီ ဆို ရင် ကျနော် ကော်ဖီ သောက်ရမဲ့ အချိန်ပါ … အခုတော့ ကော်ဖီ ကုန်နေလို့  ရေနွေး ကြမ်း ပဲ သောက်ဖြစ်တယ် ….

 
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ ………….. ????????????

အိပ့်ရာခင်းတယ် … ဘုရာ ရှစ်ခိုးတယ်  …

 
အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ ……... ???????????????

အယ် …. ဖြစ်ခဲ တယ်ရော …  အိပ့်ဆို ….. တုန်း …. ကနည်းပဲ …
 

တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုးစိတ်အားငယ်တဲ့အခါမျိုးတွေမှာဘာလုပ်တတ်သလဲ??????????

တရား နာဖြစ်တယ် …  အယ် … အခု နှစ်ပိုင်းမှာ ချစ်သူ ကို ရင်ဖွင့် ပြီး ပြောပြတက် တာ အကျင့် တောင် ဖြစ်နေပြီ ….


အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း …… ??????????????

ပတ်ပို့ စ် ကော်ပီ ….


မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ …… ????????????????

ရန်တိုက်ပေးတာတော့ … မဟုတ်ပါဘူးနော် … အမေ့ ကိုလည်း ချစ်တယ် ၊ အဖေ ကိုလည်း ချစ်တယ် ၊ အစ်မ ကိုလည်း ချစ်တယ် ၊ ညီမလေးကို လည်း ချစ်တယ် ၊ ညီလေး ကိုလည်း ချစ်တယ် ၊ အိမ်မှာ မွေးထား ငါးလေးတွေ ကိုလည်း ချစ်တယ် ၊ မဲလုံး လို့ နာမည်ပေးထားတဲ့ အိမ်က ခွေးလေး ကိုလည်း ချစ်တယ်  … ပြီးတော့ အစ်မ ကို ယူပြီး ကြည့်မရ တဲ့ ဟိုလူကြီး ကိုလည်း ချစ်တယ် … ။


သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ ……….. ?????????????

ဘယ်သူ ရှိရမှာ လည်း ဗျာ … အရမ်း ချစ်ရတဲ့ ချစ်သူ ကောင်းကင်ဖြူ လေး ပေါ့ … ဘယ်လောက်တောင် ယုံ ကြည်လည်း ဆို ၇င် ၁၅ နှစ်သား လောက်က ရေကန်ထဲ ရေကူး ရင် ဘောင်ဘီး ကျွတ်ပြီး ရေထဲမှာ ဘယ်လို မှ ပြန်ရှာ လို့  မရတော့လို့  ရေထဲမှာ အကြာကြီးနေခဲ့ ရတဲ့ ကြောင်းကို ဘယ်သူကို မှ မပြောပြခဲ့ ဘူးလေ  ချစ်သူကို ပဲ ပြောပြခဲ့တာ … အဲ့လောက်ကို ယုံကြည်တာလေ ….. သူများတွေ သိ၇င်တော့ ရှက်စရာကြီးလေ … ဘယ်ပြောလို့  ဖြစ်မလည်း … နော် ….


အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ …. ????????????

အင်ဒို လူမျိုးတစ်ယောက်ပါ … အလုပ် လုပ်လို့  အခက်ခဲ တစ်တစ်ခုခု ဖြစ်လာ ၇င် အမြဲတည်း အကြံ ပေး အားပေးတက် တယ်လေ ….   

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု…… ????????????

ကျနော် မွေးနေ့ မှာ ချစ်သူ ဝယ် ပေးတဲ့ အဖြူ ရောင် အင်္ကျီ လေးပါ … 

လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု ….????????????

ပေါ်မှာ ပြောခဲ့ အင်္ကျီ လေးပါပဲ …


ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ ….. ????????????


ချစ်သူ ပါ …

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ …. ???????????????

ခြင် ကိုက်တယ် …..  ခြင် မကိုက်တဲ့ နေရာမှာ ထိုင်ပြီး ဒီ တဂ် လေးကို သေသေချာချာ ကို ရေးချင်တာ
ခြင်ဆေး ကုန်နေတယ် လေ … ဒီနေ့  မှ ခြင်တွေ လည်း ဘယ်ကနေ ဘယ်လို လာမှန် ကို မသိဘူး …

အယ် … မေးခွန်းလည်း မရှိတော့ ဘူး …
တစ်နေ့  တစ်နေ့  ချစ်သူကို ဘယ်လို လွမ်း ရတယ် … ဘယ်လောက်ထိ လွမ်း ရတယ်ဆိုတဲ့ အကြောင်း လည်း မမေး ဘူး …. ပြောပြချင်ပါတယ် ဆို ….  အစ်မ ပစ်ပစ် ရေ … နောက်တစ်ခါ တဂ် ပေးမယ် ဆိုရင် အဲ့ အကြောင်းတွေ ထည့်မေးနော် … 


ခင်မင်ရတဲ့

မောင်ဘုန်း


 

8 comments:

  1. တစ်နေ့တာကလဲဒါပဲလား
    အဲခွေးမွေးထားတာလားအဖော်ရတာပေါ့နော်ဂျက်လဲခွေးတို့ကြောင်တို့ချစ်တယ်
    မောင်ဘုန်းရေ နာလဲခြင်ကြောက်တယ်ဟ

    ReplyDelete
  2. မောင်ဘုန်းရေ တနေ့တာအကြောင်းလေးဖတ်သွားပါတယ်

    ReplyDelete
  3. ချစ်သူဝယ်ပေးတဲ့ပစ္စည်းကိုတော့လူတိုင်းကြိုက်တတ်တာယုံသွားပါပြီဗျာ

    ReplyDelete
  4. မထင်ရင် မထင်သလို အာဘွားတဲ့. ညက်နာလဲ မသစ် သွားလဲမတိုက်ပဲနဲ့နော်.. ဓာတ်ပုံမိုက တော်သေးတယ်..လူဆိုတေပီ.. :D

    ReplyDelete
  5. ဖတ်သွားပါတယ် စကားမစပ် ဘောင်ဘီကော ပြန်တွေ့ရဲ့လား ဟိ

    ReplyDelete
  6. တနေ့တာ တဂ်ပို့စ်လေးဖတ်သွားပါတယ်...ကိုမောင်ဘုန်းရေ

    ReplyDelete
  7. ဘုန်း ရထားလား
    ဖတ်တွားတယ်နော်

    ReplyDelete
  8. ကဲနောက်တခါတက်ဂ်ရင်
    မောင်ဘုန်းရေးချင်တာတွေ
    ပါအောင်တက်ဂ်မယ်နော်

    ReplyDelete