Pages

Friday, April 13, 2012

သင်္ကြန် သံချပ်



ဓာတ်ပုံကို ဒီနေရာ က ယူခဲ့ပါတယ် >>>> (http://moemaka.com)


မင်္ဂလာပါ ဗျာ ။  အားလုံးပဲ မင်္ဂလာ နှစ်သစ်လေး ဖြစ်ပါစေ လို့  ကျနော် မောင်ဘုန်း နဲ့ ကောင်းကင်ဖြူ မှ ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများ ကို ဆုတောင်းလိုက်ပါတယ် ... ။

ကျောင်းတက်စဉ် က ကျောင်းကပွဲ မှာ သံချပ် လေး ရေးမိရာ ကနေ အစပြု ပြီး  ။ သင်္ကြန် ဆိုရင် ရက်ကွက်က လူတွေနဲ ပေါင်းပြီး သံချပ်တွေ ရေးခဲ့ပါတယ် .. ။ ကိုယ်တိုင်တော့ စင်ပေါ် တက်ပြီ မဆိုရဲ ပင်မဲ့ သင်္ကြန် ရောက်တိုင်း သံချပ် အဖွဲ့  ဖြစ်မြောက် ရေးအတွက် ကြိုးစား ခဲ့ရတာ ဝါသနာ တစ်ခု လို ဖြစ်နေပါပြီ ။

ပြည်ပ ရောက်မှ သံချပ် မရေး ဖြစ်တာ ၄ နှစ်တိတိ ရှိသွားပါပြီ ... ။ ဒီနှစ် သင်္ကြန် မှာ အမိမြန်မာ ပြည်ကို လွမ်းရင်း အရင်က သင်္ကြန် ဆိုရင် သံချပ် ရေး ၊ သံချပ် တိုက်နဲ့  သူငယ်ချင်း တစ်စုကို လွမ်း မိလို့ ဒီနေ့   ညမှာ သံချပ်လေး တစ်ပုဒ်ရေးမိပါတယ် ... ။ 

ဦးနှောက် ကလည်း အသက်လေး ရလာလေ ... လေ ။ ချာလေ လေ ...ပါပဲ ။ ရှေ့ ကို ဆက်ရေးလိုက် နောက်ကို ပြန်ပြင်လိုက်နဲ့  ဘယ်လို မှ စိတ်တိုင်းမကျ ပါဘူး ။ ဆက်ရေး ပြန်တော့လည်း ဘယ်လို့  မှ ဆက်ရေးလို့  မရတာနဲ့  ကျနော် ရဲ့ မကောင်းမကန်း သံချပ်လေး ကို အမှတ်တရ  အနေနဲ့  တင်လိုက်ပါ တယ် ။


ဟေ …. မိုး … မိုး …မိုးလား …  မောင် တို့  …. ( အယ် …. ရေ …ရေ ….  ရေဗျ … လောင်းစို့ )

သင်္ကြန် အခါ ရောက်လို့ လာ …….....     ( တို့  ဗမာ့ ရိုးရာပွဲ ပဲ … )
သပြေခက်နဲ့  ရေပတ်တာ ……… ....      ( စာအုပ်ထဲ မှာ ရေးထား တာ လား)
တို့ ရဲ့ မဟာ ရိုးရာပွဲ ဟ  ……… ........... ( မူးမှုး ရှုးရှုး တွေ့ တဲ့ အတိုင်းပဲ …. )
သင်္ကြန် မယ်တွေ အလှ ဆင် …........... ( ဒူး အပေါ် နှစ်မိုက် ...  လည်ဟိုက် လို့ ဗျ )၂

ဟေ…… မိုး … မိုး …. မိုးလား … မောင်တို့  …… ( အယ် …. ရေ … ရေ ….ရေဗျ …. လောင်းစို့  )

သကြားမင်း ကြီး ဆင်းတယ်ဆို ……...... ( ခရီးပန်း လို့  မာဆက် မှာ တဲ့ )
ကောင်းသူ ဆိုးသူ မ မှတ်ဘူး လား ….... ( ခွေးသရေ မလောက် ဘူး ဗျ )၂

ဟေ့…… ရွှေ …. လား …. (ဟေ့ …ငွေ …လား )

ရေဗှုးနဲ့  ဖိနပ် မပါရင် ….............. ( နွေအခါ မှာ သိလိမ့်မယ် …. ဗျ )
နွေအခါမှာ သိလိမ့်မယ် ဗျ …........ (ရေဗူး နဲ့  ဖိနပ်မပါ .. ရင် )
ဒါန နဲ့  သီလ မပါရင်  …........ ..   (နောင်အခါ မှာ သိလိမ့်မယ် ဗျ )
နောင်ခါမှာ သိလိမ့်မယ် ဗျ ……...   (ဒါန နဲ့  သီလမပါ ရင် )
မီးစက်နဲ့  ဖယောင်းတိုင် မပါရင် …..( ရန်ကုန် ရောက်ရင် သိလိမ့် ဗျ ) ၂

အယ် …… မိုး … မိုး …. မိုးလား … မောင်တို့  …… ( အယ် …. ရေ … ရေ ….ရေဗျ …. လောင်းစို့  )

တို့ တိုင်းပြည် ကြီး မဲမှောင် နေ …..... ( လျှပ်စစ် ဓာတ်တွေ ရောင်းစား မလို့  …တဲ့ )
ဟို …. အရှေ့ က မဲမဲမှောင် ……....... ( ကျူပ်တို့  ရန်ကုန် ရွှေမြို့ တော် ….. ဗျ )
 မီဂါဝပ် တွေ ပိုတယ် ဆို …….......... ( သူ့ အိမ် တစ်အိမ် သာ ပြောတာဘာ …..  ဗျ … )
စီမံကိန်း ကြီးမရပ် ဘူး ဟ …........... ( ဒါမှ မလုပ် ဘာသွားစား မလဲ… )
စင်္ကာပူလို လုပ်မှာ … ကွ …............ ( နည်းနည်း တူတာ ရှိလာပြီ ….. )
ဘာများ တူသလဲ အမောင်တို့  ရဲ့ …… ( KTV ၊ မာဆက် … ဝင်ငွေကောင်း သတဲ့ …. )၂


ဟေ …… မိုး … မိုး …. မိုးလား … မောင်တို့  …… ( အယ် …. ရေ … ရေ ….ရေဗျ …. လောင်းစို့  )

ကြား … ကြား သလား မောင် တို့  …......... (သစ်ပင် အောက်မို့  မရပါ )
မြန် … မြန် သလား မောင် တို့  …...........  ( ပတ်ကျိ ရူံးအောင် မြန်လိုက်တာ)
ကျော် …ကျော် ထား  မောင် တို့  …......... ( မတော်တရော် တွေပဲ ပိတ်တာ... ဗျ )
ဟိုင်းပါ … ဟိုင်းပါ … အမောင်တို့ .. ရဲ့ ……..... ( ဟိုင်းတယ် .. ဟိုင်းတယ် … ညီမ တို့ ရေ )
အကောင့် တစ်ခု add လို့ လာ …….......... ( ကောင်းမလေး ထင်လို့  လုပ်မိတာ ….. ဗျ )
ကြည့်လည်း လုပ်ပါ အမောင် တို့ …. …… ( Q ….. တာ … ဆန်းသလား အဘ ….. ရယ် )
Mr …. ဆိုပြီ …… ညီမ ဖြစ်မလား ……........ ( အဲ့ဒါ မသိ …. Block … လိုက်ပြီ …. )
ဆွေ့ ဆွေ့ ခုန်ပေါ့ …. ကျနော် မှာ …… ........ ( online ဆိုတာ အဲ့ လိုပဲ …. ဟ  …. )၂


ဟေ..............လာ...................မောင်....................ရို့ ..................... ဝါး




 မောင်ဘုန်း




5 comments:

  1. သံချပ်ဖတ်ပြီလိုက်အော်မိပါတယ်..:)

    ReplyDelete
  2. ရေးတက်လိုက်တာ ကိုဘုန်းရေ
    သံချပ် လေးလိုက်အော်မိရင်း
    သင်္ကြန်ကို လွမ်းမိတယ်ဗျာ

    ReplyDelete
  3. မောင်ဘုန်းရေ သံချပ်လေး ကောင်းလိုက်တာ
    ရယ်လဲရယ်ရတယ်.
    မောင်ဘုန်းတစ်ယောက်လည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ..
    စိတ်ဆန္ဒအားလုံးပြည့်ဝပါစေနော်။

    ReplyDelete
  4. သံချပ်ကိုသဘောကျသွားတယ် ကိုမောင်ဘုန်းရေ

    မင်္ဂလာနှစ်သစ်ပါဗျိုးးး

    ခင်မင်လျှက်

    ဂျာရစ်

    ReplyDelete