Pages

Thursday, November 22, 2012

လွမ်းစိတ် ..... ။







ချစ်သူမျက်နှာ ရွှင်ပြ
မမြင်ရ အချိန်တွေကြာ
ညယံတွေ အဖော်ပြုလို့ 
မှေးစက်ကာ မပျော်ဘူး
မရွှင်းသာ လွမ်းဆိပ်က စူး …..။

မျှော်သာ မျှော် ပေါ်မလာဘူး
ခေါ်သာ ခေါ် ပြန်မထူး
လွမ်းစိတ်က …. ရှုး …..
ထူးလေတဲ့  ဒီ …. စိတ်
ရူးလေတောင် မပြေဘူး …..
လွမ်းဓာတ်တွေစူး
လွမ်းဆိပ်တွေစူး
လွမ်းစိတ်နဲ့ ရှုး …….. ။



အမှတ်တရ ၂၂.၁၁.၁၂ 


ချစ်သူရေ ကိုတို့ ရဲ့ အမှတ်တရနေ့ လေးမှာ အရင်လိုပဲ လွမ်းတွေနဲ့  ကုန်ရပြန်ပြီ .... ။ ရွှေဖီမြေ ရောက်နေတဲ့ ကို ... ရဲ့ ချစ်သူ ကျန်းမာပါစေလို့  ဆုတောင်းနေမိပါတယ် .... ။



မောင်ဘုန်း






5 comments:

  1. ချစ်သူမျက်နှာ ရွှင်ပြ
    မမြင်ရ အချိန်တွေကြာ
    ညယံတွေ အဖော်ပြုလို့ 
    မှေးစက်ကာ မပျော်ဘူး
    မရွှင်းသာ လွမ်းဆိပ်က စူး …..။
    ချစ်သူနှစ်ယောက်အမြန်ဆုံးဆုံနိုင်ပါစေကွယ်

    ReplyDelete
  2. မောင်ဘုန်းကို လွမ်းတတ်မယ်မထင်ထားဘူး
    ( မျှော်သာ မျှော် ပေါ်မလာဘူး
    ခေါ်သာ ခေါ် ပြန်မထူး
    လွမ်းစိတ်က …. ရှုး )ကောင်းကင်ဖြူလေးရေ.....မောင်ဘုန်းခေါ်နေတာကြာပေါ့လေ
    ပြန်ထူးလိုက်ပါအုန်းနော်
    ခင်ရတဲ့ မကြီး jasmine

    ReplyDelete
  3. သူ...သတိရနေမှာဘဲ..ဆိုတဲ့မြတ်နိးယုံကြည်တဲ့စိတ်ကလေးနဲ့..နေလိုက်ပါ
    နော်..။
    တရံတခါမှာ..လွမ်းတဲ့စိတ်ကလေးကဘဲ..ကိုယ့်ကိုဖေါ်ပြုနေတတ်ပါတယ်..။
    ဘယ်လိုဖြစ်ပါစေ..ကိုယ့်ဘက်က မြတ်နိုးစိတ်ကလေးတည်တန့်နေပါစေလို့
    ပြောကြားလိုပါတယ်..။
    မခင်မိုးညို....။

    ReplyDelete
  4. မောင်ဘုန်းရဲ့ အလွမ်းလေးလာရောက်ခံစားသွားပါ၏....ဟိဟိ
    နာလဲ လွမ်းထှာ...ဘာမှလဲဆိုင်ဝူး....

    ReplyDelete
  5. အလွမ်းတွေအမြန်ဆုံးပြေပါစေဟယ်..

    ReplyDelete