Pages

Wednesday, December 26, 2012

2012 ကိုပြန်လှည့်ကြည့်ခြင်း (Tag)



အားလုံးပဲ မင်္ဂလာပါဗျာ …. ။ တဂ်ပို့ စ် မရေးရတာတော်တော် ကိုကြာပါပြီ … ။ အစ်မ ပစ်ပစ် က သတိတရ တဂ်ပေးထားလို့  ဝမ်းသာအားရ ချရေးမိပါတယ် … ။ 


2012 ကိုပြန်လှည့်ကြည့်ခြင်း

ကမ္ဘာပျက်မယ်ဆိုပြီ
ရုပ်ရှင်ရုံတွေထဲမှာ ရောင်းစားခံလိုက်ရတဲ့ …..  2012 …

ပြောင်းလဲမှုတွေ ကြားမှာ
ရခိုင်လူမျိုးများ အတွက် စိတ်မကောင်းဖြစ်ရတဲ့  ….. 2012 ….

ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ
တိုက်ပွဲတွေ ၊ ဆန္ဒ ပြပွဲတွေ ခဏခဏ မြင်ရတဲ့  . 2012 ….. 

ပြောင်းလဲခြင်း ခေါင်းစဉ်အောက်မှာ 
မပြောင်လဲနိုင်တဲ့ ကွဲလွဲမှုတွေ အများကြီးဖြစ်ခဲ့တဲ့  .....2012 .....


အဲ့ ၂၀၁၂ ဟာ ကျနော်အတွက်တော့ ခရီးသွားနှစ်  ပါပဲ ။  နှစ်လည်း ကုန်တော့မယ် ကျနော် လည်း ဘယ်မှ မသွားရတော့ပါဘူး  ။ ၂၀၁၂ နှစ်ဟာ ကျနော် အတွက် ထူးခြားတဲ့ နှစ် တစ်နှစ်လည်း ဖြစ်ပါတယ် ။

ပထမ ထူးခြားမှု ကတော့ ကျနော် အလုပ်ပါ ။ အပြောင်းအလဲ အ၇မ်းများပါတယ် ။ စိတ်မဝင်စားတဲ့ အလုပ်ကို စိတ်ဝင်စားဖွယ်ရာ လခ ကြောင့် မြန်မာပြည်ပြန်မဲ့ အစီစဉ်ကို ဖျတ်သိမ်းပြီး ရွေးချယ်ခဲ့မိပါတယ် ။  တစ်ခုကို လိုချင်ရင် တစ်ခုဆုံးရှုံးတယ်ဆိုသလိုပါပဲ ။ အလုပ်ချိန် တနေ့ ၁၃ နာ၇ီ ဖြစ်သွားကြောင့် ကျနော်  အတွက် ကိုယ်ပိုင်အချိန် အရမ်းရှားသွားပါတယ် ။ အရင်လို blog မှာ စာများများမရေးဖြစ်တော့ပါဘူး ။ နောက်တစ်ခုကတော့ အလုပ်မှာ တာဝန်ယူရတဲ့ အပိုင်းတွေ များလာတာကြောင့် ကျနော်အတွက် ဖိအားတွေ များခဲ့ပါတယ် ။ လူတိုင်း လောဘ ဆိုတာရှိတာကြောင့် ပြိုင်ဆိုင်မှု တွေလည်းရှိခဲ့ပါ ။ ကျနော် ရွေးချယ်လိုက်တဲ့ အလုပ်ဟာ အစပိုင်းမှာ ဖိအားတွေ ပြိုင်ဆိုင်မှုတွေနဲ့  ကျနော် အတွက်ပျော်စရာဆိုတဲ့ အချိန်အလွန်းရှားခဲ့ရပါတယ် … ။

အဲ့ အကျိုးဆက်တွေ လားတော့မသိပါ ။ ၂၀၁၂ မှာ မကြာမကြာ ကျန်းမာရေးမကောင်း တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ် ။ ကျနော် ပျော်ရတဲ့ နေ့ ၇က်တွေကတော့ လစာ ထုတ်တဲ့နေ့ ပါ ။ ကျနော် မျှော်လင့် ထားတဲ့ လစာ ရလို့ ပါ ။ ဘယ်လိုပဲဖြစ်ဖြစ်  ကိုယ်တိုင်ကျေကျေနပ်နပ် ရွေးချယ်ထားခဲ့လို့  ဒီ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ဆက်လုပ်မယ်လို့  ဆုံးဖြတ်ထားပါတယ် ။ ဖိအားတွေ ပြိုင်ဆိုင်မှု တွေကြားမှာ အချိန်ကြာလာတာနဲ့  ကျနော် နေသားကျလာပါပြီ ။ တခါတခါ အလုပ် လုပ်ရင်း ကျနော် သိမ့်ကြိုက်တဲ့ ဟန်ထူးလွင်သီချင်းလေး ဆိုရင်း ပျော်တက်နေပါပြီ … ။

ဒုတိယ ထူးခြားတာ ကတော့  ၂၀၁၂ မှာ ကျနော် ရဲ့  ချစ်သူနဲ့  လက်ထပ်မို့  ဆွေးနွေး ပြင်ဆင် ခဲ့ပါတယ် ။ ဘဝ တစ်ခုနဲ့  တစ်ခု ပေါင်းစပ်မို့  ထင်သလောက် မလွယ်မှန်းကျနော် နားလည်ခဲ့ပါတယ် ။ ကျနော် ရော ချစ်သူမှာ အခြေခံပိုင်ဆိုင်မှု့  မရှိတာကြောင့် ကျနော် တို့  ဘဝကို အခြေခံကနေ စပြီး တည်ဆောက် ခဲ့ရပါတယ် ။ ကျနော် တို့  လက်ထပ်မယ် လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကစ ပြီး ။ ကျနော်တို့  နှစ်ဦးကြားမှာ ရှိတဲ့ အလိုမကျမှု့ လေးတွေ  ၊ သာတယ် နာတယ် ဆိုတဲ့ အတွေး တွေဟာ အလိုလို ပျောက်ဆုံးသွားပါတယ် ။

ချစ်သူ ဖြစ်ကာစက တစ်ဦးနဲ့ တစ်ဦး စိတ်ဆိုးကြတာ ၊ သာတယ် နာတယ်လို့  တွေးမိတာတွေဟာ တစ်ကယ် တမ်း ဘဝတစ်ခုကို ရင်ဆိုင်မို့  တွေ့ ကြုံရတဲ့ အခက်ခဲတွေ နဲ့  နှိုင်းယှဉ် မယ်ဆိုရင် ဘာမှကိုမပြောပလောက်အောင် သေးငယ်သွားပါတယ် ။ တစ်ဦးကို တစ်ဦးလည်းပိုပြီး သံယောဇဉ် ဖြစ်လာပါတယ် ။ အရင်ကထက်ပိုပြီး နားလည်မှု့ တွေ ပေးလာနိုင်ခဲ့ပါတယ် ။ ကျနော် တို့  ရည်မှန်းထားတဲ့ တစ်ခု ပြီးမြှောက်တိုင်း ပီတိ တစ်ခု ခံစားမိတယ် ။  ချမ်းသာတယ်ဆိုတဲ့ ဘဝ တစ်ခု ကိုမမျှော်မှန်းခဲ့ပါဘူး ။ အေးချမ်းတဲ့ ဘဝတစ်ခုကိုပဲ မျှော်မှန်းပြီး တည်းဆောက်ခဲ့တာပါ ။

ဒီလို အေးချမ်းတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်မို့  အစပြုခဲ့တဲ့ ၂၀၁၂ ဟာ ကျနော်တို့ အတွက် တစ်သက်တာမေ့မရတဲ့ နေ့ ရက်တွေအဖြစ်အမြဲ ရှိနေမှာပါ …. ။
  
အချိန်ဆိုတာ ကုန်ဆုံးတက်သည်မဟုတ်ပါလော … ။ ၂၀၁၂ လည်းကုန်တော့မယ် တစ်နှစ်ကုန်သွားတိုင်း ကျနော် ပြန်သုံးသပ်မိပါတယ် ဒီနှစ်မှာ ကိုယ့်အတွက် ဘာတွေ ဖြစ်သွားလည်းပေါ့ .. ။

၂၀၁၂ မှာ ကျနော် အတွက် ဖိအားတွေနဲ့  အလုပ်တိုးတက်ခဲ့ပါ ။ အဲ့ဖိအားတွေကြောင့် ထင်တယ် ကျနော် နည်းနည်း ရင့်ကျက်လာသလိုပဲ … ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ရွေးချယ်ခွင့်ဆိုတာ များများ မရှိတဲ့ ဘဝ ထဲမှာ အရာအားလုံးကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရင် ၂၀၁၂ ဆို ကုန်ဆုံးတော့ပါမယ် ။

နှစ်သစ်ဖြစ်တဲ့ ၂၀၁၃ မှာတော့ စိန်ခေါ်မှု တွေ အများကြီးရှိနေမယ်ဆိုတာ မျှော်လင့်ပြီးသာပါ ။ ရင်ခုန်မှု တွေလည်းအပြည့်ပါပဲ ။ ချစ်သူနဲ့  လက်ထပ် ရမည့် နှစ်ပေါ့ ။ အိမ်ထောင်သည်ဆိုတဲ့ ဘဝကို ပိုင်ဆိုင်ရမဲ့ နှစ်ပေါ့ ။ ဒါကြောင့် ၂၀၁၃ ဆိုတာကို ရင်ခုန်စွာမျှော်လင့်မိရင်း … ဒီ Post လေးကို အဆုံးသက်လိုက်ပါတယ် … ။


ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများအားလုံး နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပြီ ၊ ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ မင်္ဂလာ နှစ်သစ်လေး ဖြစ်ပါစေ … ။

ဒီ post လေးကိုရေးမို့  တဂ်ပေးတဲ့ အစ်မ ပစ်ပစ် ကို ကျေးဇူးမိပါတယ် ။ အခုတလော ကျနော် မိတ်ဆွေသူငယ်ချင်းတွေလည်း ကျနော်လို  စာရေးနည်းသွားသလိုပါပဲ ။ တချို့ လည်း facebook မှာ ပျော်နေကြသတဲ့ ။  ကျနော် ကိုယ်တိုင်လည်း စာများများမရေးဖြစ်တော့ပါဘူး ။ နောက်ပြီ ကျနော် blog လေးကိုလာလည်တဲ့ blogger အသစ်တွေ ကို ကျေးဇူးတင်ရတယ် ။ ဒါကြောင့် ဒီ Post လေးကို ခင်မင်စွာဖြင့် ဆက်လက်ပြီ တဂ် ပေးလိုက်ရပါတယ် ။ အချိန်လေးများရရင် ရေးပေးကြပါနော် …. ။


၁ ။ သမီးစံ ( facebook ကနေ ခဏလေးဆင်းခဲ့ပါ )
၂ ။ မဒမ်ကိုး ( အစ်မကြီး မဒမ်  )
၃ ။ အစ်မ မိုးငွေ့ 
၎ ။ အစ်မ ချော ( အစိမ်းရောင်လွင်ပြင်)
၅ ။ ကိုဘကြိုင် ( ကွန် မကောင်းဘူးလို့  သတင်းရထားပါတယ် အစဉ်ပြေရင်ပေါ့ဗျာ )
၆ ။ မောင်တစ်လုံး 
၇ ။ ချစ်စံအိမ် ( ကျနော်လိုပဲ စာရေးနည်းသွားတယ် )
၈ ။ အန်တီတင့်
၉ ။ ကိုအောင်ထွဋ် ( ချောင်းသာမှာ သူမ နဲ့  ပျော်နေတာ နှောက်ယှက်သလို ဖြစ်သွား မလား ... :D )
၁၀ ။ ကိုလွင်ပြင်
၁၁ ။ အစ်မစံပယ်ချို
၁၂ ။ အစ်မ အိပ်မက်စေရာ
၁၃ ။ မိုးနတ်ကြယ်စင် 
၁၄ ။ လရိပ်အိမ်


ကျန်အုံးမယ်ထင်ပါတယ် ... ။  ဒီ  post လေးကို ဖတ်မိတဲ့ ကျနော် မိတ်ဆွေသူငယ်ချင်း အားလုံးကို တဂ် ပါတယ် ... ။ အချိန်က အရမ်းနောက်ကျနေလို ပါ ...။  အားလုံးပဲ အဆင်ပြေရင် ရေးပေးကြပါဗျာ ... ။



ခင်မင်စွာဖြင့်


မောင်ဘုန်း 






11 comments:

  1. မောင်ဘုန်းရဲ့
    2012 သံစဉ်လေးကို
    ခံစားသွားပါတယ်

    ReplyDelete
  2. မောင်ဘုန်း ပိုစ့်လေးဖတ်ရတာ ပီတိဖြစ်မိတယ် သိလား.. ချစ်သူနှစ်ဦး ပေါင်းစည်းကြတာဟာ မင်္ဂလာပါပဲကွယ် အစစအရာရာ အဆင်ပြေပြီနှစ်သစ်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကွယ် စာရေးနည်းတာကတော့ အမလည်းမြန်မာပြည်ပြန်မယ်စိတ်ကူးထားတော့စာရေးတဲ့သံယောဇဉ်ဖြတ်ထားကြတာပါ မောင်ဘုန်းရေ သိတဲ့အတိုင်းပဲဟိုရောက်ရင်ရေးနိုင်မယ်မထင်တော့ဘူးလေ..

    ReplyDelete
  3. ၂၀၁၂ လေးကို တံတားလေးလုပ်ပြီး ၂၀၁၃ မှာ နှစ်ယောက်တစ်အိမ်မက် လုပ်တော့မယ်ပေါ့..ပျော်စရာကြီး ဝမ်းသာပါတယ်..အလုပ်ကို ကျေနပ်နေတယ်ဆိုတာ အားရစရာပါ..နောက်နှစ်မှာ ကျန်းမာရေး ဂရုစိုက် ..မိန်းမကိုလဲ ဂရုစိုက်း))..( နောက်နှစ်အတွက် ကြိုခေါ်ပေးထားတာ)...
    တဂ်ထားတာလေး ရေးပေးမယ်နော်.. နဲနဲ နောက်ကျရင် စိတ်မဆိုးနဲ့..
    ခင်တဲ့
    အစ်မ အိမ်မက်

    ReplyDelete
  4. အလုပ်ချိန်ကလည်း..တစ်နေ့မှာ..၁၃နာရီဆိုတော့..လွန်လိုက်တာ..မောင်ဘုန်းရယ်။
    မောင်ဘုန်းပြောသလို..ဖေ့ဘုတ်ကြီးမှာ...ဘလော့ဂါတွေ...ပျော်ဝင်စီးဆင်းနေတာတော့အမှန်ပေါ့ :)
    စိန်ခေါ်မှုတွေအားလုံး..၂၀၁၂မှာ..နိဂုံးချုပ်နိုင်ပါစေနော်။ (မင်္ဂလာပွဲဖိတ်အုံးနော် :P)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကိုမောင်ဘုန်းတို့ ကိုဘကြိုင်တို့ကတော့ စွံတော့မယ်.... သူကြီးမင်းတစ်ယောက် ကျန်သေးတယ်... ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ နောင်တော်...

    ReplyDelete
  6. ဒီပိုစ့်လေးကိုပစ်ပစ်ကလည်း တဂ်ထားသေးတယ် ပြောတယ်
    နှစ်မှ မကုန်သေးတာနော်
    ဖြေးဖြေးတော့ ရေးတာပေါ့..
    ၂၀၁၃ ဟာ မောင်ဘုန်းအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာမဲ့နှစ် ဖြစ်ပါစေလို့..

    ReplyDelete
  7. သူများပျော်လို့ မပျော်နိုင် ရည်းစားမရှိလို့ မှိုင် ငိုချင်းတွေ လာပါတော့မယ် ရေးမယ်နော အူးလေးဘုန်း

    ReplyDelete
  8. ဟယ်.. ပျော်ဂျာကြီးတော့...ကောင်းထှာ..ဂလု ဂလု..
    အဟက် ဘယ်တော့ စားရမလဲ မျှော်နေတာ
    ဒါဆို မကြာမှီ လာပြီပေါ့နော်....၀မ်းသာပါတယ် မောင်ဘုန်းရေ..
    တကယ်ကို ၀မ်းသာပါတယ်..ချစ်တဲ့သူချင်းပေါင်းရတာ
    ဘယ်လောက်ကောင်းသလဲဟင်...အားကျပါအိ..
    ဒါထက် မောင်ဘုန်းရယ်..တီတင့်ပြောလဲပြောချင်စရာ..
    တနေ့အလုပ်ချိန် ၁၃ နာရီဆိုတာ များလွန်းဘူးလားဟယ်...
    ကျန်းမာရေးလဲ ဂရုစိုက်အုံးနော်...
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ.....:)
    ခင်တဲ့..မိုးနတ်

    ReplyDelete
  9. ၂၀၁၂ အတွင်းမောင်ဘုန်းရဲ့ စိတ်ခံစားချက်တွေမြင်တွေ့လိုက်ရတယ်
    အားတာနဲ့ရေးပါ့မယ်မောင်ဘုန်းရေ
    ခရစ်စမတ်ရယ် မွေးနေ့ရယ် နှစ်ကူးရယ် နေမကောင်းတာရယ် အို....အားလုံးရှုပ်နေတာပဲ
    ကိုယ့်ကိုကိုယ်ဘာမှန်းတောင်မသိတော့ဘူးဖြစ်နေတယ်

    ReplyDelete
  10. ဒီနှစ် လူပျိုကြီးတွေ တော်တော် ဟုတ်နေကျပါလား။ ဟိုလူကစွံ ဒီလူကစွံနဲ့။း)
    အရေးထဲ မောင်အွတ်ထောင်က ပိန္နဲပင် လာဆွဲလှုပ်သွားသေးတယ်။း)

    မင်္ဂလာနှစ်သစ်ကလေး ဖြစ်ပါစေဗျာ။

    ReplyDelete
  11. ဆရာမောင်ဘုန်း..
    ရေးပေးမယ်နော်း)

    ReplyDelete