Pages

Sunday, March 30, 2014

အပြင်ဘက်



နှင်းမှုံတွေကို လွမ်းရင်း
နွေတေး တစ်ပုဒ် ဆိုမိတော့
ကိုဥသြ က အသံကျယ်ကျယ်လှောင် ရီ လေ ရဲ့

ခပ်ဝေးဝေးက …..
တူးပို့  တေးသံတွေ ကြားမိတော့
တစ်ချိန်က တမ်းတမိတဲ့
ရင်ခုန်သံတွေကို ပြန်ရှာမိတယ်
ခပ်အေးအေး အသက်ရှုးသံတွေကြားမှာ
အဝါရောင်ပန်းပွင့်တွေ ထဲက
ဘယ်ဟာ ပိတောက်ပန်း ဖြစ်နေမလဲ အတွေးများနဲ့ 
ရာသီစက်ဝန်းရဲ့ အပြင်ဘက် တစ်နေရာမှာ ....
နေညိုချိန် ဆည်းဆာအောက်က
အိပ့်တန်ပြန် ဌက် တွေကို ငေးကြည့်မိတာ
အကျင့်တစ်ခုပေါ့ ….ဗျာ ….. ။


မောင်ဘုန်း 



1 comment:

  1. ပိတောက်ပန်းလေးကိုတောင် အရှာရခက်နေတဲ့ အဝေးရောက် မောင်ဘုန်းရဲ့
    ကဗျာလေးဖတ်ရတာ ၀မ်းနည်းစရာလေး....

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete