Pages

Sunday, October 30, 2011

မိန်းကလေး တစ်ယောက်ရဲ့ ရွေးချယ်မှု့  ...






အားလုံးပဲ မင်္ဂလာ ညချမ်း လေးပါဗျာ …ဒီနေ့  တော့ အလုပ်စောစောသိမ်းလို့  အချိန်လေး ၇တာနဲ့  ပုံပြင်လေး တစ်ပုံ ပြောပြချင်ပါတယ် ….


ဒီပုံပြင် လေးကို ကျနော် ၇န်ကုန်မှာ CBL တက်စဉ်တုန်း က ရန်ကုန် တက္ကသုလ်  ရာမည ဆောင် ဘေးက happy hour (အခုတော့မရှိတော့ဘူးလို့ သိရပါတယ်) ဆိုတဲ့ ဆိုင်လေးမှာ ကျနော် တို့ သူငယ်ချင်း တစ်စုကို ကိုဇော် ဆိုတဲ့ သူငယ်ချင်း တစ်ယောက်က ပြောပြတာပါ …

ဒီ ပုံပြင် လေးကို  … ကိုဇော် ကမပြောခင် ကျနော် တို့  သူငယ်ချင်းတွေ ကြားမှာ အငြင်းပွားနေတဲ့ အကြောင်းရာလေးတစ်ခုရှိခဲ့ပါတယ် ..

အဲဒီ ကြောင်းရာလေးကတော့ … ကောင်မလေးတွေဟာ မိမိအိမ်ထောင်ဘက် ကို ရွေးချယ် တဲ့ နေရာမှာ အချစ်ကိုဦးစားမပေးတက်ပဲ အချစ်ဆိုတာထက် .. မိမိဘဝ အတွက် လုံခြုံ စိတ်ချရတဲ့သူ … ပြည့်စုံတဲ့ သူ .. အားကိုးလောက်တဲ့သူ ကို ဦးစားပေး ရွေးချယ်တက်တယ် လို့  ဒီအဆိုကို ကိုဇော် ကပင်စပြောခဲ့တာပါ .…

သူငယ်ချင်းတွေထဲမှာ ရှိတဲ့ ကောင်မလေးတွေ က .. အားလုံးတော့မဟုတ်ပါဘူး လို့  ကိုဇော် ရဲ့ အဆိုကို
ကန့် ကွက် ကျတာပေါ့ … 

ကျနော် တို့ ကတော့ ကိုဇော် ဖက်ကပေါ့ … အဲ့လို တစ်ဖက်နှင့် တစ်ဖက် အငြင်းပွားနေတုံး ကိုဇော် ကအားလုံးကို မိန်းကလေးတစ်ရဲ့ ရွေးချယ်တက်မှု့  ပတ်သက်ပြီး ပုံပြင်လေး  ပြောပြမယ် … ဆိုပြီ … အောက်ပါ ပုံပြင်လေးကို ပြောပြပါတော့တယ် … 

တခါတုန်းက A ဆိုတဲ့ ကောင်လေးနဲ့  B ဆိုတဲ့ ကောင်လေးဟာ အရမ်းချစ်ကြတဲ့ ငယ် သူငယ်ချင်းတွေတဲ့

ချမ်းသာတဲ့ မိဘတွေ ကြောင့် အရာရာပြည့်စုံတဲ့ သူငယ်ချင်းနှစ်ယောက် ဟာ ညီကို အရင်းတွေ ထက်ကို ပိုချစ်ကြသတဲ့ ….

အယ် … တစ်နေ့ မှာတော့ အဲ့ဒီ ကောင်လေးနှစ်ယောက်ဟာ .....
C ဆိုတဲ့ ကောင်မလေး ကိုတူတူတွေ့ ခဲ့ကြပြီး မြင်မြင်ချင်း ချစ်မိ ဆိုသလို နှစ်ယောက် စလုံးက ကောင်မလေး အရမ်း ချစ်သွား ပါရောလေ …

အဲ့ဒီမှာ သူငယ်ချင်း နှစ်ယောက် ကတိ တစ်ခုထားခဲ့ တယ်တဲ့ … ကောင်မလေး က တစ်ယောက် ယောက် ကို ရွေးချယ် ရင် သူတို့  နှစ်ဦး အရင်လို ပဲ အခင်မင် မပျက် ဆက်လက်နေထိုင် သွားမို့ နဲ့  ကောင်မလေးရဲ့ ဆုံးဖြတ်ချက်ကို အလေးထားမို့  နှစ်သဘောတူခဲ့ပါတယ် …

ကောင်မလေး က လည်း ရွေး ရခက်တာ ပေါ့ … နှစ် ယောက် စလုံး ကလည်း အပြစ်ပြောစရာမရှိ
သူ့ အပေါ်ထားတဲ့ အချစ်တွေ ကလည်း တူတူ ဖြစ်နေတော့  ကောင်မလေး က ရွေးရခက်နေတာပေါ့ …

ဒီလိုနဲ့  အချိန်တွေကြာလာတော့ ကောင်မလေး က တစ်ယောက် ယောက်ကို တော့ ရွေးမှဖြစ်တော့ မယ်ဆိုပြီ ..
ကောင်လေးနှစ်ယောက် စလုံး ကို ခေါ်ပြီး ….. အခုသွားမဲ့ ခရီးက ပြန်လာရင် တစ်ယောက် ကို ရွေးချယ်မယ်
လို့  ပြောခဲ့ သတဲ့ .. အဲ့ဒီမှာ ကောင်မလေးက ခရီးထွက်သွားတာပေါ့ ............................

ကယ် … ပုံပြင်က အခုမှ စ မှာနော် … အဲ့ဒီ သုံးယောက် ရဲ့ ကံတရား က ဒီလို လေးဖြစ်သွားပါတယ် ….

ကောင်မလေး က ခရီး သွားရင်နဲ့  လမ်းမှာ လှေမှောက်ပြီ ရေနစ် ဆုံးသွာပါလေရော ဗျာ …..

ကောင်မလေး ဆုံးသွားတယ် ဆိုတဲ့ သတင်းကို A ဆိုတဲ့ ကောင်လေးက အရင် သိပါ သတဲ့ ….
အဲ့ဒီ ကောင်လေးက ကောင်မလေးကို အ၇မ်း ချစ်လို့  ချစ်သူနောက်ကို လိုက်ခဲ့မယ် ဆိုပြီ မြစ်ထဲ ခုန်ချ ကာ … သူလည်း ရေနစ် ပြီး ဆုံးသွားသတဲ့ ….

အယ် … B ဆိုတဲ့ ကောင်လေးကတော့ … အရမ်းချစ်ရတဲ့ ချစ်သူ နှင့် သူငယ်ချင်း ဆုံးသွားပြီ ဆိုတဲ့ သတင်းလည်းကြားရော ...... ရှုး သွားပါသတဲ့ ….

အဲ့ဒီ ရှုး နေတဲ့ ကောင်လေးဟာ  ဆုံးသွားတဲ့ သူငယ်ချင်း အုပ်ဂှု နဲ့  ချစ်သူ အုပ်ဂှု ရှေ့ မှာ နေ့ တိုင်း ပြန်လည်ရှင် သန် လာပါစေလို့  ဆုတောင်းနေရှာ သတဲ့ ….

အဲ့လို နေ့ တိုင်း ဆုတောင်းနေလိုက်တာ ဘယ်လောက်တောင်ကြားသလည်း ဆိုတော့ နှစ် ပေါင်း ၄၀ တိတိ ကြားသွားပါရော ..ဗျာ ..

အယ် … အဖြစ်ပျက်အားလုံးကို သိတဲ့ မိုးနတ်မင်းကြီးက နေ့ တိုင်း ဆုတောင်းနေတဲ့ ကောင်လေးကို သနားလို့  ဆိုပြီ  သူ့ တန်ခိုးနဲ့  အားလုံး ပြန်ပြီး အသက်သွင်း ပေးခဲ့ပါတယ်  …

မိုးနတ်မင်းကြီး ရဲ့ တန်ခိုး တော် ကြောင့် …..

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် ….
၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် …
၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် …
၎ … သုံးယောက် စလုံး သူတို့  ဘာဖြစ်ခဲ့ တယ်ဆိုတာ ပြန်မှတ်မိစေတယ် …..

ကယ် … C ဆိုတဲ့ ကောင်မလေးက … ဘယ်သူကို မိမိဘဝ လက်တွဲဖော် အဖြစ် ရွေး မလဲ ဗျာ …….
ဒီပုံပြင် လေးထဲ က C ဆိုတဲ့ ကောင်မလေး ရွေးချယ်မှု့  ဟာ အများအားဖြင့် မိန်းကလေး တစ်ယောက် ရဲ့ ရွေးချယ်မှု့ ပဲ ဖြစ်ပါတယ် …

ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများနှင့် .. အထူးသဖြင့် မိန်ကလေး blogger များ ဖြစ်ကြသော သမီးစံ (အပျိုကြီး) ၊ အစ်မ စံပယ် ( Jasmine တောင်ကြီး ) ၊ မဒိုးတန်(မဒမ်ကိုး) ၊ အစ်မ အိပ့်မက်စေရာ ၊ အစ်မ jerry pigpig ( ခံစားမှု့ သံစဉ်) ၊ အစ်မကြီး ချော (အစိမ်းရောင်လွင်ပြင်) ၊ အစ်မ မိုးငွေ့ (မိုးငွေ့ နှင့်အတူ) ၊ မေတ္တာရိပ် …. တို့  … ရေ …

C ဆိုတဲ့ ကောင်မလေး နေရာမှာသာ ဆို၇င် ဘယ်သူကို ရွေးမလဲ ဟင် … ဘာကြောင့် ရွေးတယ် ဆိုတာလေးပါ ပြောပြပေးပါနော် …

ပုံပြင်လေးရဲ့ အဖြေ ကို နောက်တစ်ပတ် မှာဖော်ပြပေးပါမယ် …
သိပြီးသား ဆို၇င်တော့ တောင်းပန်ပါတယ် ဗျာ ….


C.B.L အပတ်စဉ် (၉) ရာမညဆောင် မှ ကိုဇော် နှင့် သူငယ်ချင်းများ ကို အစဉ် သတိရလျှက် …..

မောင်ဘုန်း


Wednesday, October 26, 2011

ကျနော်၏ ..... မြတ်နိုးရာ သို့  ...






အိပ်တန်းပြန်တဲ့ ဌက်တစ်ကောင်လို
ကို… ရဲ့ အလွမ်းတွေကို ထုပ်ပိုးပြီး
ပြန်ခဲ့ ချင်ပြီ ချစ်သူရယ် …

တစ်နေ့ တာ အတွက်
ဖုန်းပြောခွင့် ရမဲ့ အချိန် လေးကို
စောင့်မျှော်ရင်း လွမ်းရက်တွေလည်း
များလှပါပြီ ….

ချစ်သူလက်ကို တွဲပြီး
မြတ်နိုးရာ လို့  အမည်ပေးထားတဲ့
အိမ်လေးရဲ့ တံခါးကို ဖွင့်မို့  …
ဘယ်လောက်ထိ စောင့်ရအုံးမှာ လည်း  ကွယ် …

မြတ်နိုးရာရဲ့ အရှင် သခင်မ အဖြစ်
ကို ရဲ့ အနားမှာ ထာဝရ ရှိနေမယ် ဆိုရင်
ဘဝ ဆိုတဲ့ အခက်ခဲတွေကို
ရင်ဆိုင်ပစ် လိုက်ချင်ပြီ …  ချစ်သူ … ရေ ….


မောင်ဘုန်း

Saturday, October 22, 2011

မှားနေတဲ့ အမှန်တရား





အားလုံးပဲ မင်္ဂလာပါ .... လွတ်လပ်စွာ ရေးသာခွင့်ရှိတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ထဲရှိတာလေး တစ်ခုလောက် ပြောပြချင်ပါတယ် ….

ပတ်ဝန်းကျင်မှာလည်း အကြိမ်ကြိမ် တွေ့ နေ မြင်နေရလို့  ရေးချင်တာနဲ့  ရေးမိပါတယ် ….

ဒီနှစ်ထဲမှာ သူငယ်ချင်း တော်တော် များများ အိမ်ထောင်ပြုကြပါတယ် …. တစ်ဦးနှင့် တစ်ဦး အရမ်းချစ်လို့  တကယ်တမ်း လက်ထပ်မယ် လုပ်ရော … ထင်သလောက်မလွယ် တာတွေ တွေ့ ရပါတယ်

အဲလို လက်ထပ်ကြတဲ့ အထဲမှာ သူငယ်ချင်းတစ်ယောက်ကတော့ လက်ထပ်မို့ အားလုံး စီစဉ်ပြီးကာမှ ဘာမဟုတ်တဲ့ အကြောင်းလေးတစ်ခုကြောင့် အခုဆို ချစ်သူအဖြစ်ကနေပါ လမ်းခွဲတဲ့ အဆင့်ကို ရောက်သွားပါတယ် ….အများပြောကြသလို ဖူးစာမပါလို့ ဆိုတဲ့ အကြောင်းပြချက်ကို ကျနော် လက်ခံမို့  အခက်တွေ့ ရပါတယ် …

လူ့ လောကကြီးမှာ တချို့  အမှန်တရားတွေဟာ မှားနေတယ်လို့ မြင်မိပါတယ် … အခုလို ခေတ်မှာ ယောက်ကျား မိန်းမ ခွဲခြားတက်ပါသလားလို့ မေးရင် … မခွဲခြားပါဘူးလို့  အားလုံးဖြေကြမှာပါ …

ခက်တာက တကယ်တမ်း အိမ်ထောင်ပြုမို့  စဉ်းစားတဲ့ အချိန်ကြရင် မျှတမှု့ မရှိတဲ့ ခွဲခြားမှု့ လေး တစ်ခုတွေ့ ရလို့ ပါ … သေချာ စဉ်းစားကြည့်တော့လည်း ဒီအကြောင်းရာကို မတရားဘူးလို့  ဘယ်သူမှ ပြာကြတာ မတွေ့ ပါဘူး … ဒီလိုပါ ….

သတိုးသားလောင်းတော်တော်များများနဲ့  သတိုးသားဘက် အသိုင်းဝိုင်း သတိုးသမီး ကို အဖြူစင်ဆုံးဖြစ်ချင်တဲ့ အကြောင်းပါပဲ … ကျနော် တို့ ယောက်ကျား လေးတွေ ဟာ ကိုယ့်လက်ထပ်မဲ့ သတိုးသမီး ကို အဖြူစင်ဆုံး ဖြစ်စေ ချင်ကြပါတယ် …  အားလုံးပဲနော် … ငါ့  တို့ တော့မပါဘူးလို့ မပြောပါနဲ့ …

ဒါပင်မဲ့ ကိုယ်တိုင် ရော ဖြူစင်ပါသလားလို့  မတွေးမိတက်ကြပါဘူး … သတိုးသမီးနှင့် အသိုင်းဝိုင်းက ဒီသတိုးသားဟာ အိမ်ထောင်မရှိဘူး လို့ ဆိုရင်ပဲ လက်ခံတက်ကြပါတယ် … သတိုးသားကဖြူစင်ပါသလား လူပျိုစစ်ပါသလား ဆိုတဲ့ အတွေးမျိုးမရှိပါဘူး …

သတိုးသားတွေဘက်ကတော့ ကိုယ်လက်ထပ်မဲ့ သတိုးသမီး ဖြူစင်ရဲ့လားဆိုတဲ့ အတွေးမျိုးလောက်ပဲ ရှိပင်မဲ့ … ခက်တာက သတိုးသားထက်ကို သတိုးသားမိဘတွေနဲ့ အသိုင်းဝိုင်းက ဒီသတိုးသမီး ဖြူစင်ပါသလားဆိုတဲ့ မေးခွန်းများစွာမေးတက်ကြပါတယ် … ဒါဟာ ကျနော် တို့ မြန်မာရိုးရာ အစဉ်လာတစ်ခုလိုဖြစ်နေပါပြီ …

သေချာ တွေးကြည့်ပါ .. ကိုယ့်တိုင်က ဖြူစင်တဲ့ သတိုးသမီးကို လက်ထပ်ချင်ရင် ကိုယ်တိုင်ရော ဖြူစင်သင့်ပါသလား … လို့ တွေးကြည့်သင့်တယ်လို့ ထင်ပါတယ် …

ကျနော် တို့ မြန်မာရိုးရာမှာ ယောက်ကျားလေး တစ်ယောက်ဟာ လူပျို ဘဝ ကို ထိန်းသိမ်း ရမယ်လို့ ဘယ်သူကမှ မပြောကြသလို တချို့ ဆို၇င် အခုလို ပြောရင်ပဲ “ မင်းတော့ရှုးသွားပြီး “ လို့  ပြန်ပြောတက်ကြပါတယ် …. ဒီနေရာမှာ နှမချင်းမစာနာ ခက်ညံ့ညံ့ ယုတ်မာတဲ့ သူတွေ ပြောတဲ့ စကားတစ်ခွန်းရှိပါတယ် … “ အသား မစားတဲ့ ကျား မရှိဘူးတဲ့  “ ဒါဟာ ဆင်ခြေပေးတဲ့ စကားတစ်ခွန်းပါ …

မိန်းကလေးတစ်ယောက် အရွယ်ရောက်လာ၇င်တော့ မိဘ ပတ်ဝန်းကျင်း အသိုင်းဝိုင်းက ကိုယ့် ဘဝကိုတန်ဖိုးထားဖြူစင်မို့  အမြဲတည်း သင်ပေးဆုံးမ တက်ကြပါတယ် ….

ပတ်ဝန်းကျင်မှာ ယောက်ကျားလေးတစ်ယောက် ရည်းစားနှစ်ယောက်ရှိရင် ဂုဏ်ယူပြောဆိုတက်ကြပင်မဲ့ … မိန်းကလေး တစ်ယောက် ချစ်သူ တစ်ဦး ပြီး တစ်ဦး ထားရင်ဆိုယုံပဲ ဒီကောင်မလေးက တန်ဖိုးမရှိတော့ဘူးလို့  ကဲ့ရဲ့ပြောဆိုတက်ကြပါတယ် ...

ကျနော် အစ မှာ ပြောခဲ့သလို အားလုံးပဲ အမျိုးသားအ မျိုးသမီး မခွဲခြားဘူးဆိုးရင် .. ဒီလို တော့လွဲမနေသင့်ပါဘူး … အခုတော့ ဒီဖြစ်ရပ်တွေဟာ ရိုးရာလို ဖြစ်နေပါပြီး ….

လောကကြီးမှာ ကိုယ် ယုံကြည့်တဲ့ မည့်သည့်ဘာသာတရားအရပဲ ကြည့်ကြည့် ခေတ်မှီတဲ့ နည်းပညာ အရပဲကြည့်ကြည့် တန်ပြန် သက်ရောက်မှု့ ရှိတယ် ဆိုတာ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါ …

ကိုယ်တိုင်က ဖြူစင်မှု့ ကို လိုချင်၇င် ကိုယ်တိုင်လည်း လည်းဖြူစင်ရမယ် လေ … တန်ပြန် မှု့ ပဲပေါ့
ကိုယ်တိုင်ဖြူစင်သင့်မှန်း ၊ ဖြူစင်ရကောင်းမှန်း မသိပဲနဲ့  ကိုယ် ချစ်လို့ ဆိုပြီ လက်ထပ်မဲ့ ချစ်သူကို ဖြူစင်ရဲ့ လားဆိုတဲ့ အတွေးမျိုး မရှိသင့်ပါဘူး …

ခက်တာက သတိုးသားလောင်းတော်တော် များများ ဒီ အတွေးမျိုး ရှိနေတက်ပါတယ် .. ဒါ ဟာ ကျနော် ပြောချင်တဲ့ မှားနေတဲ့ အမှန်တရား တစ်ခုပါပဲ ….

မည်သူကိုမှ ရည်ရွယ်ပြီးရေးတာမဟုတ်ပါဘူး … ကျနော် အတွေး တွေ မှားနေတယ်ဆိုရင်လည်း လွတ်လပ်စွာ ပြောလို့ ရပါတယ် …..

ခင်မင်စွာ ဖြင့် ....

မောင်ဘုန်း


Tuesday, September 27, 2011

အလွမ်းကြယ် ....



ပန်းတွေကြွေရင် မြေခ ပါတယ်
ကြယ်တွေ ကြွေရင်တော့ … ဘယ်ရောက်သွားမှန်း မသိဘူးလေ

ဘဝဆိုတာ ကြယ်တွေလိုပါပဲ … ချစ်သူ

လင်းလက်တောက်ပ ခွင့်ရတဲ့ အချိန်လေးမှာ
ရှင်သန်ရပ်တည် ကြတယ်လေ


တောက်ပခွင့်ရတဲ့ ကို ရဲ့ အချိန်လေးမှာ

မြတ်နိုးရသူ အတွက် နွေးထွေးမှု့  ဆိုတဲ့
အလင်းရောင်လေး …. ဖြစ်ပါရစေ … ချစ်သူ ..... ရယ် ..

နေ့ တွေ ညတွေသာ ကုန်လွန်ပြောင်းလဲပင်မဲ့

မိုင်ထောင်ချီး ဖြစ်နေတဲ့ အလွမ်းတွေကတော့
ကို ရဲ့ နေ့ သစ်တိုင်း ကို ဖော်ပြုနေတယ်လေ …

ချစ်သူ ရေ ….

ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါကွာ
ကို … အလွမ်းတွေနဲ့  တောက်ပ နေတဲ့ ကြယ်တစ်လုံးရှိပါတယ်
ချစ်သူအတွက် ထာဝရအေးချမ်းစေမဲ့
အလင်းရောင်တွေနဲ့  …
ရှင်သန်တောက်ပနေပါတယ် …..
ရောက်ရာအရပ်ကနေ မြင်ရပါစေ …. ချစ်သူ ...... ရယ်

မောင်ဘုန်း

Friday, September 23, 2011

ဧရာဝတီ ...

အစ်မရွှေစင်ဦး က ဧရာဝတီအတွက် ကန့် ကွက် ပို့  ဒီနေ့ မှာ bloger အားလုံးကို နိုးဆော် ထားတာတွေ့ ရလို့ .....
ကျနော်လည်း ဒီနေ့  အလုပ်စောစောသိမ်းမယ်ဆိုပြီ စဉ်းစားထားတာ ... အလုပ်က အပြတ်တာနဲ့  ... ၁၀နာရီ ထိုးမှ သိမ်းရတယ်လေ ... ရေချိုး ထမင်းစားနဲ့  အခုတောင် ၁၁နာရီ ထိုးသွားပြီ .. တော်သေးတာပေါ့ အချိန်လေးမှီလိုက်လို့  ...

 ဒီသတင်း စ သိရကတည်းက ကန့် ကွက်ကြောင်း post လေးတစ်ခုရေးမို့  အစီစဉ်ရှိပင်မဲ့ ... မရေးတက်တာရယ်
အချိန်မရတာကြောင့် ... မရေးဖြစ်ခဲ့ပါဘူး ...

အခုလည်း ထွေးထွေးထူးထူးတွေ မရေးတက်ပင်မဲ့ ... ကျနော် မောင်ဘုန်း က ကောင်းကင်ဖြူ ဆိုတဲ့ blog လေးမှနေ၍ .....

 ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးကို ကန့်ကွက်ပါတယ်..
လုံးဝ....ကို ကန့်ကွက်ပါသည် .... ။





အများကြီးတော့ မပြောတက်ပါဘူး ... တစ်ခုလောက်တော့ ပြောပါရစေ ... ဒီ မြစ်ဆုံဆည် စီမံကိန်း ဆိုတာ ... ငယ်ငယ်တုံးကသင်ခဲ့ဘူးတဲ့ ... အလိုကြီးအရနည်း ဆိုတဲ့ ပုံပြင်ထဲကလိုပဲ ငန်းဗိုက်ထဲမှ ရွှေဥ ရှာတဲ့ ဖြစ်ရပ်မျိုးနဲ့ တူပါတယ် ... တစ်နေ့ တစ်လုံး ရနေတဲ့ ရွှေဥကို တန်ဖိုးထားရမသိ ပဲ ... ရွှေဥအများကြီးရမယ်ထင်ပြီး ဗိုက်ခွဲတဲ့ လူမိုက်လို ဖြစ်နေပါပြီ ....

ဤပုံပြင်လေးဟာ ကလေးပင်သိပါသောလည်း နိုင်ငံအုပ်ချုပ် မင်းလုပ်ကုန်ကြသော လူကြီးမင်းများ မသင်ခဲ့ ရသည်ကို မောင်ဘုန်း နားမလည်နိုင်အောင်ရှိပါတော့သည် ...။

မည်သည့်ပါတီ မည်သည့်အဖွဲ့ စည်းမဆို တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်း ပြုလုပ်မည်ဆိုလျှင် .. နိုင်ငံသာတစ်ယောက်အနေနဲ့  တောက်ခံအားပေးနေမှာပါ ...

အခုဖြစ်ရပ်မှာ ... ခေတ်မှီနည်းကိုသုံးမယ်ပြောပြီ made in china ဖြစ်နေသည်ကတစ်ကြောင်း .

made in china မဟုတ်ပဲ တစ်ခြား ဖြစ်နေရင်တောင် ဧရာဝတီ ဆိုတာ စိုက်ပျိုးရေးကို ခြေခံတဲ့
မြန်မာပြည်အတွက် ရွှေဥ တစ်လုံးလို တန်ဖိုး ရှိပါတယ် ... ဤ သည်ကို အရနည်းသည်ဟု ထင်မှတ်ကာ ငန်းဗိုက်ခွဲသလို လုပ်မည်ဆိုပါက ... လေးစားအပ်ပါသော လူကြီးမင်းအပေါင်းတို့  မည်သို့ ဖြစ်ကုန်မည်ကို တွေးကြည့်ကြပါဗျာ ...ဒါကြောင့် ကျနော် မောင်ဘုန်း က ပြင်းပြင်းထန်ထန်ကို ကန့် ကွက်ပါတယ် ...

မောင်ဘုန်း





Thursday, September 22, 2011

ဆေး ၊ ဘော်ဒီအကဲခက်ခြင်း (အပိုင်း၂)




ကျနော် မထမပိုင်းမှာ ရေးခဲ့ တဲ့ အချက် ၅ ချက်နဲ့ ပြည့်စုံရင် အော်ဆေး လို့ ပြော လို့ ရပါပြီ …. အဲ့လို အချက် ၅ ချက်နဲ့  ပြည့်စုံတဲ့ ကားဆိုတာ အလွန်ရှားပါတယ် ….


ဘာကြောင့်လည်းဆိုရင် … ကျနော် အခု အလုပ်လုပ်နေ တဲ့ ကုမ္မဏီက ဂျပန်းကားတွေကို အဓိက သွင်းပြီး  ကိုယ်ပိုင် အရောင်းပြခန်းနဲ့  ပြန်ရောင်းပါတယ် ….

ဒီတော့ ဂျပန်က နေ ကွန်တိန်နာ နဲ့  ကားတွေကို တိုက်ရိုက် သယ်ယူတဲ့နေရာမှာ အနည်းငယ်တော့ ကားကို ဒဏ်ရာရစေပါတယ် … ကွန်တိန်နာ ကနေ ချချ ချင်း အေ၇ာင်းပြခန်းကို ပို့ တာမဟုတ်ဘူးနော် …
လမ်းမှာ သယ်ယူရင်နဲ့  ဖြစ်လာတဲ့ ဒဏ်ရာ သေးသေးလေးတွေကို ကျနော် တို့ အလုပ်ရုံ ဆေးပြန် မှုတ်ပြီးမှ
အရောင်းပြခန်းကို ပို့ တာပါ ….

ဒီတော့ …ဆေးပြန်မှုတ်တယ်ဆို မှ တော့ ကျနော် ပြောခဲ့တဲ့ အချက် ၅ ချက်နဲ့  အားလုံးမဟုတ်တောင် တစ်ခုခုတော့ လွဲနေမှာပါ …. နောက်ပြီး ကားအရောင်းပြခန်းတွေမှာ … မှုရင်း ဆေး ဟုတ်မဟုတ်ကို ခွဲလို့ မရအောင် ပညာလေးနည်းနည်းပြထားပါသေးတယ် ….

ကျနော် ပထမပိုင်းမှာ ပြောခဲ့တယ်နော် .. အလင်းရောင်လာတဲ့ ဘက်ကို မျက်နှာ မှုပြီး ဘေးတိုက်အနေထား ကြည့်၇င် မှုရင်းဆေး ဟုတ်မဟုတ် ခွဲခြားလို့ ရတယ်လို့ ရေးခဲ့ပါတယ် ….

ကားရောင်း ပြခန်းတွေမှာ ကားတစ် စီး ကို ဆလိုက်မီးတွေနဲ့  ထိုးထားတာတွေ့ ရမယ်နော် … အဲ့ ဒီဆလိုက်မီးဟာ … လူတစ်ရပ် အနေထားကို သက်သက် ထိုးထားတာပါ … ဘေးတိုက်အနေထားကြည့်ရင် မီးထိုးထားတဲ့အတွက် အလင်ပြန်မှု့ များပြီး သေချာမမြင်ရတော့ဘူးလေ … မီးထိုးတဲ့ နေရာမှာ တချို့ က သိသိဖြစ်နေပင်မဲ့ အချို့ က အပေါ်ကနေ ထိုးတဲ့ အနေထားလည်းရှိပါတယ် ... အဓိကတော့ အလင်ပြန်မှု့ များအောင်သက်သက် မီးထိုးထားခြင်းဖြစ်ပါတယ် အလင်းမှု့ များလေ ကြည့်ရခက်လေပဲလေ 
အရောင်ပြခန်းတွေမှာ သာမာန်ထက်ကို လင်းရောင်များနေတာတော့ သတိထားမိမှာပါ ...

ကားရောင်းပြခန်းများရောက်ဖြစ်ရင် … ကျနော် ပြောတာလေးကို ဂရုစိုက်ပြီးကြည့် ကြည့်နော် …
အခု … ကျနော် ပြောတာက အသစ်ပါဆိုတဲ့ ကားတွေကိုပြောတာနော် …. ဒီလိုကားတွေတောင် သူ့ နည်းသူ့ ဟန်နဲ့  ဝယ်သူ ပညာပြထားတာရှိပါတယ် ….

ကျနော် တို့ မြန်မာပြည်က ကားဝိုင်းတွေထဲမှာပြောနေတဲ့ အော် ဆေး ဆိုရင် …. သူငယ်ချင်းတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ …. ဗျာ ….

ကျနော် အချိန်မရလို့ ပါ .... ဆက်လက်ရေးသွားပါမယ် .... နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်  . ...

မောင်ဘုန်း

Sunday, September 11, 2011

အလွမ်းနေ့ ရက်




တရွေ့ ရွေ့ ထွက်ခွာသွားတဲ့ ချစ်သူ ခြေလှမ်းတွေကိုကြည့်ရင်း

လည်ပြန်ကြည့်လိုက်တဲ့  ချစ်သူ ရဲ့ ကြင်နာ မျက်ဝန်း တစ်စုံကြောင့်

ကို ... ရင်ခုန်သံတွေ ရပ်တန့် ခဲ့ရတယ် .. ချစ်သူ 

လက်ပြလို့  နှုတ်ဆက် မို့ တောင် မေ့ နေခဲ့တယ်လေ 

ခဏတာ ဆိုတဲ့ အသိ ရင်ထဲရှိပင်မဲ့ 

အလိုလို ဝမ်းနည်းလာတဲ့ စိတ်ကို ထိန်းရင်

ကို .... ပြန်လာခဲ့ပါတယ်

ချစ်သူရေ .... 

ကမ္ဘာကြီး က ဒီနေ့ မှ ဆွဲအားပိုပြင်းနေသလိုပဲ

အပြန်လမ်း မှာ ကို ... ခြေထောက်တွေ အရမ်းလေးနေတယ်လေ

မနက်ဖြန်ဆိုတဲ့ နေ့ ရက် တွေမှာ အရင်လို လွမ်း နေရအုံးမယ်နော် 

ဒီနေ့  sunday လေ ....

မနက်က ကားဂိတ် လေးကိုမျှော်ကြည့်နေမိတယ်

ကော်ဖီဖျှော်တော့ နှစ်ခွက် ဖျှော်မိတယ်

မင်း ကြိုက်တက်တဲ့ ဒိန်ချဉ် ဗူးတွေ ဝယ်လာမိတယ်

အခု မင်းနဲ့  ထိုင်နေကျ online ပေါ်က ထိုင်ခုံ လေးမှာ ကိုတစ်ယောက်တည်လေ

အစ်မ ချော ( အစိမ်းရောင်လွင်ပြင် ) ရေးတဲ့ မန်စီ မြို့ လေးအကြောင်း 

ဖတ်ပြနေတဲ့ မင်းရဲ့ အသံ ...

ကိုရင် ရေးတဲ့ တဂ် ကိုဖတ်ပြီ ရီနေတဲ့ မင်း ရဲ့ မျက်နှာလေးကို ....

မြင်နေမိတယ် ချစ်သူရယ် ...

မနက်ဖြန် ဆိုတဲ့ နေ့ ရက်တိုင်းဟာ

ကို .... အတွက်တော့ အလွမ်း နေ့ ရက်တွေ ဖြစ်ရပြီပေါ့ ... ချစ်သူ ..


မောင်ဘုန်း