Pages

Tuesday, September 27, 2011

အလွမ်းကြယ် ....



ပန်းတွေကြွေရင် မြေခ ပါတယ်
ကြယ်တွေ ကြွေရင်တော့ … ဘယ်ရောက်သွားမှန်း မသိဘူးလေ

ဘဝဆိုတာ ကြယ်တွေလိုပါပဲ … ချစ်သူ

လင်းလက်တောက်ပ ခွင့်ရတဲ့ အချိန်လေးမှာ
ရှင်သန်ရပ်တည် ကြတယ်လေ


တောက်ပခွင့်ရတဲ့ ကို ရဲ့ အချိန်လေးမှာ

မြတ်နိုးရသူ အတွက် နွေးထွေးမှု့  ဆိုတဲ့
အလင်းရောင်လေး …. ဖြစ်ပါရစေ … ချစ်သူ ..... ရယ် ..

နေ့ တွေ ညတွေသာ ကုန်လွန်ပြောင်းလဲပင်မဲ့

မိုင်ထောင်ချီး ဖြစ်နေတဲ့ အလွမ်းတွေကတော့
ကို ရဲ့ နေ့ သစ်တိုင်း ကို ဖော်ပြုနေတယ်လေ …

ချစ်သူ ရေ ….

ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါကွာ
ကို … အလွမ်းတွေနဲ့  တောက်ပ နေတဲ့ ကြယ်တစ်လုံးရှိပါတယ်
ချစ်သူအတွက် ထာဝရအေးချမ်းစေမဲ့
အလင်းရောင်တွေနဲ့  …
ရှင်သန်တောက်ပနေပါတယ် …..
ရောက်ရာအရပ်ကနေ မြင်ရပါစေ …. ချစ်သူ ...... ရယ်

မောင်ဘုန်း

7 comments:

  1. မောင်ဘုန်း..နင့်ကဗျာကကောင်းပေမဲ့
    နင်ရေးထားတဲ့စာလုံးပေါင်းတွေကတချို့နေရာမှာ
    မှားနေတော့ဖတ်ရတာရင်ထဲကန့်လန့်ဝင်သွားတယ်
    စာလုံးလေးဘာလေးပြင်ဦး...

    ခင်တဲ့အမ blackroze

    ReplyDelete
  2. မမြင်ရဘူး သေးနေလို့း)
    ဘက်ထရီနည်းနေပုံရတယ် အလင်းမှိန်နေတယ်း)

    ကဗျာလေးကိုအားပေးသွားတယ်ကိုမောင်ဘုန်းရေ
    (ကိုရင်လင့်တွေချိတ်တာလိုနေလို့ ရှာမတွေ့လို့ခုမှလာရတာ စိတ်မရှိပါနဲ့နော် )

    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  3. ကောင်းကင်ပေါ်က ကြယ်လေးကို ကမ္ဘာကြီးရဲ့ ဘယ်အရပ်မှာ ရောက်နေပစေ မြင်နေရမှာပါ။
    မြစ်စေချင်တဲ့သူ မြင်နိုင်ပါစေလို့

    ReplyDelete
  4. ချစ်သူ ကို ချယ်သူလို့ရေးထားတာလေ... ပြင်လိုက်နော်...။ ကဗျာလေးလှတယ်....။ ဒီတလော ဘလော့ဂါတွေ တိုင်ပင်ထားသလားအောက်မေ့ရတယ် ကဗျာတွေချည်းတင်နေကြတယ်...။

    ReplyDelete
  5. အရမ်းကောင်းတယ်မောင်ဘုန်းရေ
    ကဗျာမြင်ပြီး ငါတောင် လွမ်းချင်သလိုလိုး)
    အလွမ်းတွေဝေးပါစေ မောင်ဘုန်းရေ
    ချစ်ခင်စွာဖြင့်

    ReplyDelete
  6. မောင်ဘုန်းက စာလုံးပေါင်းမှားတာ
    မမြင်ဘူး..ကောင်းကင်ဖြူကိုပဲမြင်နေတာလေ
    ချစ်ရသူကကောင်းကင်ဆိုတော့
    မောင်ဘုန်းက ကြယ်စင်လေးပေါ့နော်..

    ReplyDelete
  7. အားလုံးကိုတောင်းပန်ပါတယ်ဗျာ ... ည ကနောက်ကျမှ ဒီကဗျာလေးကို ရေးချင်တာနဲ့  ရေးလိုက်ပြီ ပြန်မစစ်မိခဲ့ဘူး ... ပြန်ပြင်လိုက်ပါပြီနော် ... လာရောက် အားပေးတဲ့ အတွက် မောင်းဘုန်း အတိုင်းမသိ ဝမ်းသာရပါတယ် ...

    ReplyDelete