Pages

Tuesday, December 27, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)



မင်္ဂလာ ညချမ်းလေးပါ ဗျာ …. “ သခိုးပြေးမှ ထိုးကွင်း ထ ….. မိုး လွန်မှ ထွန် ချ ” ဆိုသလို တော့ ဖြစ်နေပြီ … ။ ခရစ်စမတ် လည်းပြီးသွားပြီ ။ မောင်ဘုန်း တို့  ဘာမှန်တောင် မသိလိုက်ဘူး ။ ချစ်သူက merry christmas မလုပ်လို့  ဆိုပြီး စိတ်ဆိုးသွားလို့  မနည်း ချော့ ယူရတယ် … ။ ဖြစ်ပုံ ကို ပြောရရင်တော့ အတူတူ အလုပ် လုပ်တဲ့ အင်ဒို နှစ်ယောက်က ၂၄ ရက်နေ့ ရောက်မှ  ခရစ်ယာန် ဖြစ်သွားတယ်လေ …  ရှိတာမှ သုံးယောက် သူတို့ က ခရစ်ယာန် ဆိုပြီး အလုပ် ၂ ရက်နားလိုက်တော့ မောင်ဘုန်း တစ်ယောက်  ခရစ်စမတ် မှာ အလုပ် ချိန် ၈ + ၆ နာရီ စုစုပေါင်း ၁၄ နာရီ လုပ်လိုက်ရလို့  ဒီနှစ်တော့ အမှတ်တရ ဖြစ်သွားတာပေါ့ … ။

တဂ်ပေးထားတဲ့ နိုင်ငံကျော် အဆိုတော် လေဘာတီ ဒေါ်မြရင် ရဲ့ မြစ် နှစ်ဝမ်းကွဲ ၊ ပြိုင်ဖက်ကင်း blogger အဆိုတော် လေဘာတီ candy (blogger တွေထဲမှာ သူ့ လို ဆို တက်တဲ့သူ မရှိလို့  ပြိုင်ဖက်ကင်း ဘွဲ့ ပါ ရထားခြင်း ဖြစ်သည် ) နှင့် အခုတလော off line လုပ်ပြီး online ကို စိတ်နာနေတဲ့ အပျိုကြီး (သမီးစံ) တို့ ကို နောက် ကျသွားတဲ့ အတွက် တောင်းပန်ပါတယ် .. နော် …

ကယ် … ထွေထွေထူးထူး တွေလည်း မရေးတက်တော့ မေးတာပဲ ဖြေတော့ မယ်နော် …

ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။

“ .. ဟင့်ဟင်း … တစ်မှ မဖြစ်ဖူး ဘူး … ခရစ်စမတ်ဆိုတာ ကျနော် နဲ့  နည်းနည်း စိမ်းတယ်လေ ”

 ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

“ အခု အသက်ရွယ် ထိတော့ မလုပ်ဖြစ်သေး ဘူး ”

နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

“ အယ် … အရမ်း ကြီး အေးတဲ့ နေရာတော့ မကြိုက်ဘူး ဗျ … ကျနော် လောက်ကိုင် ရောက်ဘူးတယ် အဲ့မှာ မနက်ဆို ရေခဲ တယ် ဗျ …. အရမ်း အေးတယ် ရော … အရိုးတွေပါ ကိုက်တယ်လေ … အဲ့လောက်ကြီးအေးတာတော့ မကြိုက်ဘူး … မေမြို့  အေးတာ လောက်ကို အ၇မ်း ကြိုက်တယ် … အယ် … မေမြို့ လို ရာသီတု မျိုး ခရစ်စမတ် ကိုရွေး ဖြစ်မယ် ထင်တယ် … ”

 ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။

“ ချစ်သူ သွားချင်တဲ့ ချောင်းသာ ဖြစ်ဖြစ် ကျိုက်ထီးရိုး ဖြစ်ဖြစ် လိုက် မို့ ချင် တယ် …. အရင် ကတော့ ခရစ်စမက် ပိတ်ရက်မှာ ဘယ်မှ မသွားဖြစ်ဘူး ထင်တာပဲ … ”

 ချစ်တဲ့ခင်တဲ့သူတွေကိုဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

“ တန်ဖိုး မရှိတဲ့ christmas ကတ်လေး တစ်ခု မနှစ်က christmas မှာ ချစ်သူကိုပေးခဲ့တယ် … အဲ့ဒါ ဘဝမှာ ပထမဦးဆုံး ပေးဖြစ်တဲ့ christmas လက်ဆောင်လို့ ပြောလို့ ရပါတယ် …”


 ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

“ ရှိပါတယ် ….… မနှစ်က ခရစ်စမတ် ရောက်မို့  ၂ ရက်အလို  ဒီဇင်ဘာ ၂၂ ည မှာ ကောင်းကင်ဖြူ ကို ချစ်ခွင့် ရခဲ့ပါတယ် … အယ် …ခရစ်စမတ် နေ့ မှာတော့ ချစ်သူပေးတဲ့ ခရစ်စမတ် လက်ဆောင် တစ်ခုရခဲ့ ပါတယ် … ဒီ ခရစ်စမတ် လက်ဆောင် ဟာ ကျနော် ဘဝအတွက်တော့ ပထမဦး ဆုံး လက်ခံရရှိတဲ့ ခရစ်စမတ် လက်ဆောင် ဖြစ်သလို ကျနော် တန်ဖိုးထား ချစ်ရတဲ့ ချစ်သူ က ပေးတဲ့ အတွက် တစ်သက်လုံး အမှတ်တရအဖြစ် သိမ်းထားမို့  ဆုံးဖြတ်ထားပါတယ် …. ”


 နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

“ ချစ်သူနဲ့ ပေါ့ ဗျာ … ဒီနှစ်တော့ ဖုန်းနဲ့ ပဲ နှစ်ကူး ရတော့မယ် … ”

 New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

“ မလုပ်ဖြစ်သေးဘူး ဗျ … ”

 နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။


“ ဟုတ်ရှိပါတယ် … ချစ်သူ ဘေးမှာ နေပြီ ကုန်ဆုံးချင်ပါတယ် … အယ် … ကျောင်းသား ဘဝ တုန်းကတော့ ချောင်းသာ သွားဖြစ်ပါတယ် …  

 နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

“ အယ် … ကိုယ်ပိုင် ရှာလို့ ရတဲ့ ဝင်ငွေကို နှစ်စဉ်  ခန့် မှန်း ပြီး မှတ်သား ထားတက်ပါတယ် …ဒီလောက်ပါပဲ  ”

 နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
 
“ မရှိပါဘူး ”


 နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။

“  ဟုတ် … တခါမှ မလုပ်ဖြစ် ခဲ့ဘူး … ဖုန်း နဲ New Year wish  လုပ်တာ လောက်ပဲ လုပ်ခဲ့ ဘူးတယ်”




 ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

ဟုတ်ကဲ့ … ဒီလောက်နဲ့ ပဲ ကျေနပ် နားလည်ပေးပါ .. ဒီနေ့  အလုပ်ထဲ မှာ လက်ကို နည်းနည်း ထိထားလို့  စာအများကြီး မရေး နိုင်လို့ ပါ ….

အခုလို ရေးခွင့် ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာရပါတယ် … အထူးသဖြင့် လေဘာတီ ကန်ဒီ နှင့် အပျိုကြီး တို့ ကို တဂ် ပေးတဲ့ အတွက် ကျေးဇူးအထူး တင်ရပါတယ် …


ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်း များအားလုံး ဒီဇင်ဘာနှင်း တွေနဲ့ အတူ အေးချမ်း ပြီး ကံကောင်းခြင်းတွေ ယူဆောင်လာသော နှစ်သစ်ဖြစ်ပါစေလို့  နှင်း တွေမရှိတဲ့ ဒီနေရာကနေ ဆုတောင်းရင်း တဂ် post လေးကို အဆုံးသတ်ခွင့် ပြုပါ … ဗျာ …








မောင်ဘုန်း

8 comments:

  1. ပိတ်ရက်က ကုန်သေးဘူးလား.. :D
    အေး..လုပ်ချင်တာတွေ လုပ်နိုင်ကြပါစေဗျာ..

    ReplyDelete
  2. အာလူး ဘူးသီး အာလူးဘူးသီး
    ရထားဖြစ်လား ပိတ်ရက်လုပ်ချင်ရာ လုပ်
    ရထားလား.....

    ReplyDelete
  3. မောင်တစ်လုံးကလဲ တိလဲတိဝူး
    ဘာလဲ ချယ်ရီဖြူ အချစ်ရလား
    ချယ်ရီဖြူ အချစ်ရလား လုပ်စမ်းပါဟာ
    ပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေလို့

    ReplyDelete
  4. ပျော်ရွှင်သောနှစ်သစ်ကိုချစ်တဲ့သူနဲ့ဖြတ်သန်း
    နိုင်ပါစေနော်

    ReplyDelete
  5. အော်မောင်ဘုန်းတရေးနိုးပဟဲး)

    ReplyDelete
  6. သူခိုးပြေးမှ.ထိုးကွင်းထတာဟုတ်ဘူး
    မိုးလွန်မှထွန်ချတာဟး))
    အွန်လိုင်းကို.စိတ်နာတယ်လဲ
    ဟုတ်ပါဘူးမောင်ဘုန်းရယ်
    နာ့ဘာ့သာ..မအားတာပါးP
    ပျော်ရွှင်ဖွယ်ဒီဇင်ဘာလေးပါနော်
    တက်ပို့လေးရေးပေးလို့
    ကျေးကျေးပါနော်မောင်ဘုန်း

    ReplyDelete
  7. ဟ ဟ belated post ပေါ့....။

    ReplyDelete
  8. ခရစ္စမတ်နားနီးမှ ချစ်သူရဲ့ ချစ်ခွင့်ရခဲ့တာ တကယ်ကို အမှတ်ရစရာဖြစ်ခဲ့တာပေါ့..
    ပျော်စရာကြီး
    နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ မင်္ဂလာရှိစွာ ကြိုဆိုနိုင်ပါစေ
    ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ နှစ်သစ်ဖြစ်ပါစေနော်

    ReplyDelete