Pages

Saturday, February 4, 2012

လတ်တလော ....


ကျနော် မောင်ဘုန်း တစ်ယောက် ဒီနှစ် အစ မှာ တရုတ် ကားတွေ နဲ့  အကျိုးပေး တယ်လို့  ပြောရမှာ ပဲ ဗျာ ... ။

အခုရက် ပိုင်းအတွင်း လိုင်းပေါ် လည်းမရောက်ဖြစ် ၊ ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်း တွေ ဆီ တွေ လည်း မရောက် ဖြစ် ၊ အလုပ်ချိန် တစ်ရက် ၁၄ နာရီ ဖြစ်နေတော့ အလုပ်ပြီး နားယူ တဲ့ အချိန် နဲ့  ကွန်ပြူတာလေး တောင် မဖွင့် ဖြစ်ပါဘူး ... ။

ဒီနှစ် အစ ပိုင်းမှာ ကျနော် သူဌေး ရဲ့ လုပ်ငန်း ခွဲ တစ်ခုမှာ လုပ်ငန်းသုံး တရုတ်ကား project တစ်ခု စလုပ်ပါတယ် ။  နေရာ က မောင်ဘုန်း နေတဲ့ နေရာနဲ့  မိုင် ၆၀ လောက်ဝေးနဲ့  west port ဆိုတဲ့
နေရာမှာပါ ။


ဒါ ပထမ တစ်ခေါက် လုပ်ခဲ့ တဲ့ ကားတွေ ပါ ... ။ ဒီကား တွေကို တစ်စ စီ ဖြုတ်ပြီး တရုတ် ကနေသွင်းတာပါ ။ ဒီနေရာမှာ ပြန်ဆင် ပြီး အင်တို ကိုပြန်ရောင်းပါတယ် ... မလေး ပြည်တွင်း လည်း သုံးပါတယ် ... ။ မောင်ဘုန်း က ဝယ်မဲ့ သူ စိတ်ကြိုက် အရောင် ပြန် မှုတ် ပေးရတဲ့ ဆေးမှုတ် တဲ့ အပိုင်းမှာ တာဝန် ယူ လုပ်ခဲ့ရတာပါ ... ။ ဒီမှာ ရှိတဲ့ ဆေးမှုတ် တဲ့ သူတွေ ကားကြီး လုပ်လေ့ လုပ်ထ မရှိတော့ ၊ ကားကြီး လုပ်ခဲ့ ဖူးတဲ့ မောင်ဘုန်း နဲ့  တွဲ ပြီး ၁ လလောက် တူတူ လုပ်ခဲ့ရပါတယ် .... ။


အခု ဒုတိယ အကြိမ် ရောက်ခဲ့ တာကတော့ အပေါ်က မြင်ရတဲ့ ကားတွေ ပါ ။ ဒီ ကား တွေကို အခုလို ဖြုတ်ပြီး သွင်း လာတာပါ ... ။ အင်တို ၊ မြန်မာ ၊ ထိုင်း က ဝယ်မဲ့ ကုမ္မဏီ တွေ ကမ်းလှမ်း ထား တယ်လို့  လည်း သိရပါတယ် ... ။

ဒီကားတွေ ကိုတော့ ဆေးပြန် မမှုတ်တော့ပါဘူး ဒီအတိုင်း ပြန်ရောင်း မှာပါ ။ ဒီမှာ ပြန်ဆင် တဲ့ အပိုင်း ပဲ လုပ်မယ် တဲ့ ... ။

မောင်ဘုန်း က ကျန်စစ်သား လို့ ပြောရမှာပဲ လွန်ခဲ့ ၂ နှစ်လောက် က ဒီလို မျိုးကားတွေ ကို ပြန်ဆင် တဲ့ အပိုင်းမှာ ဝိုင်းလုပ် ခဲ့ ဖူးပါတယ် ... ။ အခု လူ ဟောင်းတွေ လည်း ပြန်ကုန် ကြ တော့ ဒီ ကားတွေ ပြန်ဆင် တဲ့ အပိုင်းမှာ နေရာ လေး ရခဲ့ တာပေါ့  ။ ကျနော် က ကားအတွင်းခန်း တပ်ဆင် မှု့ အပိုင်းမှာ တာဝန် ယူခဲ့ရပါတယ် ... ။


ဒါက လာတဲ့ အတိုင်း အတွင်းခန်း ပါ ... ။


အရင်ဆုံး နောက် ခန်း ကို ဆင်ပါတယ် ။ ရှေ့ ပိုင်းက လုပ်စရာ နည်းလို့ ပါ ။ အောက်ပိုင်း ကို ပျဉ်ခင်းလိုက် တာပါ ၊ ဂျပန် ကားတွေ အလူမီနီယံ  ခင်း ပင်မဲ့ ၊ တရုတ် ကား ဆိုတော့ ထုံးစံ အတိုင်း ဈေးသက် သာ တာပဲ လုပ်တယ်လေ ... ။




ပြီးတော့ ရိုးရိုး ကော်ဇော ခင်းပါတယ် ... ။ အများစု တော့ အပူခံ ကော်ဇောခင်း တာပါ ။


ပြီးမှ အခုလို ထိုင်ခုံ ဆင် ပါတယ် ... ။



ဒါကတော့အားလုံး ပြီးတဲ့ အဆင့် ပါ


ဒီကား ရဲ့ ရှေ့ ထိုင်ခုံ အောက် မှာ ပါတဲ့ အချက် လက် ပါ ... ။

ဒီ တရုတ်ကား တွေ နဲ့  တစ် လ လောက် ဒီနေရာ မှာ နေရ အုံးမှာပါ ... ။ ဒီနေ့  တော့ စနေ ဖြစ်လို့  အလုပ်စောစော သိမ်း တာ နဲ့  လိုင်းပေါ် ရောက်ခဲ့ ပါတယ် ... ။


 အရင် ရေးတဲ့  post အတွက် comment တွေ ဖတ်ပြီးတော့ ... ကိုရင် နဲ့  ကို ဘကြိုင် သတိပေးတဲ့ word verification ကို ဖြုတ် တဲ့ နည်း google မှာ လိုက်ရှာ ပါတယ် ... အချိန် တွေသာ ကုန်သွားတယ် မတွေ့ ဘူးလေ ... တွေ့ တဲ့ နည်းကြတော့ လည်း  ကျနော်  blog comment setting မှာ ရှိတဲ့ ပုံစံ နဲ့ လွဲနေပါတယ် ... ။ ကို ဘကြိုင် ပြောတဲ့ Anonymous comment ကိုတော့ ပြန်ထည့် ပေးလိုက်ပါပြီ ။  word verification ကိုတော့ ဘယ်လို လုပ် ရမှန်း မသိလို့ ပါ .. ။

ကျနော် blog ကို လွန်ခဲ့ တဲ့ ၄ လ လောက်က update လုပ်ခဲ့ မိပါတယ် ... ။ အဲ့ အချိန် ကစ ပြီး blog setting အသစ် ဖြစ်သွားပါတယ် ... ။




 









ဒါ ကျနော် blog comment setting မှာ ရှိတာ အကုန်ပါပဲ .... ။ show word  verification ဆိုတာ ဘယ် နား မှာ ရှိလည်း မသိဘူးနော် .... ။

ကျနော်လည်း  အဲ့ဒါကြီး ဖြုတ် ချင်နေတာ ကြာပါပြီ ။ မောင်တစ်လုံး ကိုလည်း မေးခဲ့ ဘူးပါတယ် ။ update မလုပ်ခင် က show word  verification မှာ yes or no ဆိုပြီး တစ်ခု ရှိတာ သတိထားမိ ပါတယ် ...။ အခုတော့  word verification နဲ့  ပတ်သက်တာ ဘာတစ်မှ မတွေ့  လို့  ဘာလုပ် မှန်း မသိတော့လို့ ပါ ..။

သိတဲ့ သူရှိ  ရင် နည်းလေး ပြောပြပါ နော် .... ။

ကိုရင် ဆို သတိပေးတာ နှစ်ခါ ရှိပါပြီ ... ။ ကျနော် လည်း နည်းပညာ အားနည်း လွန်းပါတယ် ။ ကူညီ ကြပါအုံး ဗျာ ..... ။ ဘယ်လို လုပ်ရတယ် ဆိုတဲ့ အ ကြောင်းလေး comment မှာ မျှော်နေမယ် နော် ... ။


ခင်မင်စွာဖြင့်

မောင်ဘုန်း



9 comments:

  1. မောင်ဘုန်း
    ကျမစီမှာလည်း..မောင်ဘုန်းဘလော့လိုဘဲ
    အရင်ဒီဇိုင်းမဟုတ်ဘဲ
    ပုံစံပြောင်းသွားတယ်
    မောင်ဘုန်း တင်ထားတဲ့ပုံလေးအတိုင်းဘဲ
    ကျမရှာကြည့်တာတော့
    Word Verfication ဆိုတာကိုမတွေ့ဘူး
    အရင်ပုံစံမှာတော့ အဲဒီ wordverification ဆိုတာကို click လုပ်လိုက်ရင်ရတယ်
    အခုပုံစံမှာတော့
    setting
    post and comment
ဲပီးရင်
    show backlinks ဆိုတာလေးကို
့hide ပေးကြည့်လိုက်ပါလား
    မောင်ဘုန်းဘလော့မှာ show ဖြစ်နေတယ်
    Hide ပေးပြီး save setting ဆိုပြီး
    ပြန်ဝင်ကြည့်ပါလား
    wordverification ပြုတ်သွားလားလို့
    ကျမဘလော့မှာတော့ အဲတာလေးက
    Hide ဖြစ်နေတယ်...
    ကျမလည်းသေချာနားမလည်ပါဘူး
    ထင်တာလေးပြောကြည့်တာပါ

    ခင်တဲ့ ပစ်ပစ်

    ReplyDelete
  2. post and comment နှိပ်လိုက်ပြီ
    Showcase images with Lightbox သူဘေး
    မှ yes no တွေ့ တယ်ဟုတ်
    no ပေးကြည့်ပါလား
    မမလည်း ဘာမှနားလည်တာဟုတ်ဘူးနော်
    လျှောက်လုပ်နေတာ မရရင်မသိဘူးနော် :P

    ReplyDelete
  3. ပျောက်နေလားလို့ အလုပ်များနေတာကို
    ဗဟုသုတ ရစရာလေးတွေအတွက် ကျေးဇူးပါ

    ReplyDelete
  4. မောင်ဘုန်းရေ မြန်မာပြည်ကိုပြန်ပြီး
    ငါတို့ကားလုပ်ငန်းလုပ်ရအောင်

    ReplyDelete
  5. ဒါ့ကြောင့် ကိုမောင်ဘုန်းတစ်ယောက် ပျောက်ချက်သားကောင်းနေတာကိုး။ ကိုမောင်ဘုန်းရဲ့ ဘလော့ဂ်က Design ကိုဝင်၊ ညာဘက်က ပင်နီယံလေးကို နှိပ်၊ လေးခုမြောက်မှာ Old Blogger Interface ကို နှိပ် ပြီးတော့ Old Interface ကိုပြန်သွား၊ ပြီးရင် word verification ကိုဖြုတ်၊ save လုပ်၊ ပြီးရင် New Interface ကိုပြန်လာလိုက်ရင်.... comments တွေမှာ verification ပြုတ်သွားမယ်လို့ ထင်မိပါကြောင်း။

    ReplyDelete
  6. အကုန်လုံးပြောပြပြီးပြီဆိုတော့
    ဆရာမကြီးမပြောတော့ဘူးကွယ်း)
    ကလေးတွေပြောတဲ့အတိုင်း
    လုပ်ကြည့်လိုက်ပါ။း)
    ကိုအေအိပ်ခ်ျပြောတာအမှန်ပါဘဲကွယ်
    ပင်နယံကိုတွေ့လား..
    မောင်ဘုန်းဆိုတဲ့..နာမည်အောက်က
    စက်သွားဝိုင်းဝိုင်းလေးလေ...:P

    ရောက်လာတဲ့ကားတွေအားလုံးကို
    ကြမ်းခင်းကအစ.ပြန်ပြင်ရောင်းကြတာတွေ့တော့
    ကားတောင်မစီးချင်တော့ပါဘူးး)
    သတိလည်းထားအုံးနော်မောင်ဘုန်း
    ရေးထားတာတွေ..သူဌေးတွေ့သွားမှဖြင့်

    ခင်မင်လျှက်

    ReplyDelete
  7. ကားတပ်ဆင်ပုံ၊ ပြင်ဆင်ပုံကို ဖတ်သွားတယ်။ ဒါ မသိသေးတဲ့အကြောင်းရာမို့ သိခွင့်ရတဲ့အတွက် ကျေးဇူးပါ မောင်ဘုန်း။း)

    ခင်တဲ့
    မြတ်

    ReplyDelete
  8. ကားတွေတံခါးမပြုတ်စေနဲ့နော် မောင်ဘုန်းရေး)))

    သေချာလုပ်ပါ မောင်းရင်းနဲ့တဘီးစီပြုတ်မထွက်ရင်တော်ပါဘီအေး))

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  9. မောင်ဘုန်းရေနေကောင်းပါစ..မြန်မာပြည်မှာဒီလိုကားမျိုး
    တွေလူတိုင်းစီးနိုင်ရင်ကောင်းမှာဘဲနော်တရုပ်ကားတောင်မစီးနိုင်တဲ့ဘဝပါလား....

    မေတ္တာဖြင့်...
    ရွှေဝန်းရတနာ...

    ReplyDelete