Pages

Sunday, August 19, 2012

သမိုင်းသစ် ရေးကြသူများ





ဥာဏ်နည်းတဲ့ သူကို “  သားကောင် ” တဲ့
ဥာဏ်များတဲ့ သူက နိုင်ယူတယ်
ကိုယ်အသက်ရှင်မို့  ဥာဏ်အားကိုးနဲ့ 
သတ်ဖျတ် စားသောက်တယ်
ဒါ … ငြင်းမရတဲ့  သမိုင်း … ။

အချိန်တွေရော ဥာဏ်တွေရော အသုံးပြုပြီ
ဒီသမိုင်းကို ဖုံးကွယ်တယ်
လွတ်လပ် ရမည် … ။
မျှတ ရမည် …. ။
တရား ရမည် … ။
စာနာ ရမည် … ။
သနား ရမည် … ။
ဒါဟာ သမိုင်းသစ် ရဲ့ မျက်နှာဖုံး …..… ။

 သမိုင်းသစ် စာမျက်နှာမှာ
အာဏာရှင် အုပ်ချုပ်မှု့ တွေ …
အရင်းရှင် လက်ကျန် မှုဝါဒ တွေ ….
အဖြူအမဲ ခွဲခြားမှု့ တွေ …
ဆင်းရဲချမ်းသား ခွဲခြားမှု့ တွေ က
“ ဒီမိုကရေစီ ”  ရွှေရောင် ခေါင်းစဉ်အောက်မှာ
အရောင်တွေ မွဲ လို့  ……. ။

နောက် စာမျက်နှာ ……
ငါ့ ………………. တိုင်းပြည် .........
ငါ့ ………………. ဒေသ ...........
ငါ့ ……………….. လူမျိုး .............
“ ငါ ” ပေါင်းများစွာ အကြောင်းတွေဖွဲ့ 
သူသတ် ငါသတ် တဲ့  လူသတ်ပွဲတွေ နဲ့ 
“ ငြိမ်းချမ်းရေး ”  ခေါင်းစဉ် အောက်မှာ
နေစရာမဲ့ လူအများ ရောင်တွေ မွဲ လို့  …  

နောက်စာမျက်နှာ ……..
လူသတ်လက်နက်တွေ စီးပွားဖြစ်ထုတ် ……….. သတဲ့ …
ဒီမိုကရေစီ လိုင်စင်ရ ပွဲစားကြီးများ ဒီလက်နက်တွေ ကုန်ကူး ….. သတဲ့ …
ပညာမတက်ရင် ရမ်းကား ပါ ….. သတဲ့ …
ပညာတက်များ ရဲ့  “ လူသားချင်းစာနာတောက်ထားရေး ”  ခေါင်းစဉ်အောက်မှာ
သန်းပေါင်းများစွာသော လူအများ ဆာလောင်ငတ်မွတ် ရင်း
ငြင်းမရတဲ့ လူ့ သမိုင်း ကို ဖုံးကွယ်လျက်
သမိုင်းသစ်ကို ရေးကြတော့ ၏ .... ။


မောင်ဘုန်း

2 comments:

  1. အတ္တတွေပေါ့ မောင်ဘုန်းရေ

    ReplyDelete
  2. သရုပ်ဖေါ်ထားတာလေး အရမ်းကောင်းတယ်...
    လူဖြစ်လာတဲ့အခိုက် သမိုင်းဆိုတာ ကျန်နေခဲ့ရမှာပဲ.
    ကိုယ်ရေးတဲ့သမိုင်း ကိုယ့်လက်မှတ်တော့ ပါကြရမယ်..

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete