Pages

Tuesday, August 21, 2012

ဆုတောင်း







ချမ်းမြေ့သာယာ တစ်သက်တာ
နှောင်းရက်ကြာတိုင်
မနွမ်း ပါလေ
စမ်းစိမ့်ပန်းက စိတ်မှာလန်း …… ။



ချမ်းမြေ့လိုရာ တစ်သက်တာ
လောက ခရီး
အတားမဲ့ လေ
အောင်ပန်းတံခွန် စိတ်မှာလန်း …. ။



ချမ်းမြေ့ပျော်ရာ တစ်သက်တာ
မြတ်နိုး ကြင်ဖော်
စုရုံးကာ လေ
တော်ဝင်ပန်းက စိတ်မှာလန်း …. ။



ချမ်းမြေ့ပိုင်ရာ တစ်သက်တာ
သူသူ ငါငါ
တစ်မူထူး လေ
သဒ္ဒါပန်းက စိတ်ဝယ်လန်း …. ။





ယနေ့ ကျရောက်သော ချစ်သူရဲ့ မင်္ဂလာမွေးနေ့  မှ သည် နောင်နှစ်ပေါင်းများစွာထိ ချမ်းမြေ့သာယာ ပါစေလို ဆုတောင်းလိုက်ပါတယ် ချစ်သူ ရယ် .... ။ 



မောင်ဘုန်း 






8 comments:

  1. ပျော်ရွှင်ဖွယ်မွေးနေ့ မင်္ဂလာရက်မြတ်လေးပါ မောင်ဘုန်းချစ်သူလေးရေ။
    မောင်ဘုန်းရဲ့ ချစ်သူလေးအတွက် ကဗျာလေးက ကြည်နူးစရာ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မောင်ဘုန်းချစ်သူ ကောင်းကင်ဖြူ
    သက်တော်ရှည်ပြီး
    မောင်ဘုန်းကို တ၇က်ထက်တရက်ပိုချစ်နိုင်ပါစေနော် ။

    ReplyDelete
  3. ပျော်ရွှင်ဖွယ်ရာမွေးနေ့ လေးဖြစ်ပါစေ ..... ။


    ကျော်ဇင်

    ReplyDelete
  4. လာဆုတောင်းပေးတာ နောက်ကျသွားတယ်...ပျော်ရွှင်သော သည်မွေးနေ့မှ နောင်မွေးနေ့ပေါင်းများစွာအထိ ချစ်သောသူနဲ့အတူ ဆင်နွှဲနိုင်ပါစေလို့ ဆုမွန်းကောင်းတောင်းပေးလိုက်ပါတယ် ညီမ...း)

    ReplyDelete
    Replies
    1. သိသိချင်းပဲ လာခဲ့ပါတယ်
      ချစ်သူအတွက်ရေးထားတဲ့ ကဗျာလေးက လည်းနူးညံ့လိုက်တာ
      သည်နှစ်မွေးနေ့ မက နောက်နှစ်မွေးနေ့ ပေါင်းများစွာကိုလည်းချစ်သူနှစ်ဦးပျော်ရွှင်စွာအတူဖြတ်သန်း
      သွားနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ^_^

      Delete
  5. ဒီလို ကဗျာလက်ဆောင်လေးရမှတော့ သူပျော်မှာပါ :D

    ReplyDelete
  6. မောင်ဘုန်းရဲ့ ချစ်သူလေး မွေးနေ့မှစလို့ နောင်နေ့ရက်ပေါင်းများစွာ ဆန္ဒနဲ့ဘဝ ထပ်တူကျပါစေလို့။
    ပျော်ရွှင်ချမ်းမြေ့ကြပါစေ ရှင်။

    ခင်မင်စွာဖြင့်ဖြင့်
    မြတ်

    ReplyDelete
  7. မောင်ဘုန်းရဲ့ချစ်သူလေး မွေးနေ့တိုင်းမှာ ပျော်ရွှင်ပြီး ချစ်သူနှစ်ဦး ချမ်းမြေ့တဲ့ခရီးဖြစ်ပါစေ။
    ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေ..။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete