မင်္ဂလာပါဗျာ ။ တဂ်ပိုစ့်
မရေးရတာတော်တော်ကို ကြာပါပြီ ။ အခုတော့ အပျိုကြီး သမီစံ က My Treasure ဆိုတဲ့ ခေါင်းစဉ်လေးတဲ
့ တဂ်ထားတွေ့ လို့  ဝမ်းသာစွာ ရေးရပါပြီ ။ အယ် …. My Treasure
ဆိုတဲ့ ခေါင်းစဉ်လေးကို
အစပြုခဲ့တာတော့ blogger မောင်နွေလလို့  သိခဲ့ရပါတယ် ။ အပျိုကြီပြောသလို blog
တိုင်းထားရှိသင့်တဲ့ တဂ်ပိုစ့်လေးတစ်ခု ဖြစ်ပါတယ် ။ အမှတ်တရ တစ်ခုပေါ့ဗျာ ... ။
(၁)သင့်ဘလော့လေးကို
ဘယ်အချိန်ကစပြီးတည်ထောင်ခဲ့ပါသလဲ…ဘယ်လိုတည်ဆောက်ခဲ့ရသလဲ?
ကျနော် blog ကို ၉/၂၀၁၀
လောက်က စခဲ့တာပါ ။ အချိန်လည်းမရ ၊ နည်းပညာ အားနည်း နဲ့  သူများတွေ နာရီဝက်အတွင်း
blog တစ်ခု ဖြစ်အောင်လုပ်နိုင်ပင်မဲ့  ကျနော် လုပ်တာ ၃လ ကြာသွားပါတယ် ။ အဲ့လို
့တော်တာပါ ။ နည်းပညာနဲ့ ပတ်သက်လို့  လက်ဦးဆရာကတော့ blogger ကိုနေမျိုး
(ထားဝယ်နေမျိုး) ဖြစ်ပါတယ် ။ မှတ်မှတ်ရရ ၂၂ . ၁၂ . ၂၀၁၀ မှာတော့ blog setting ထဲက Blog
Readers မှာ Anybody
ကိုရွေးပြီ ဒီ blog လေးကို စတင်ခဲ့တာပါ ။ အဲ့ဒီနေ့  ဟာ ကောင်းကင်ဖြူနဲ့  ချစ်သူဖြစ်တဲ့
၂ လပြည့် အမှတ်တရပေါ့ … ။
(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ
?
အယ်
… ဒီမေးခွန်းကိုဖတ်မိတော့ အခုမှ စဉ်းစားမိတယ် လုပ်ပြီဆိုမှတော့ ရည်ရွယ်ချက်ရှိရမှာပေါ့နော်
… ။ တောက်တိုမယ်ရ ရေးမိရေးရာတွေ ရေးရင်း နိုင်ငံကျော် စာရေးဆရာကြီး ၊ အောင်မြင်တဲ့
blogger ကြီးဖြစ်မို့  …. လုံးဝ … လုံဝ … မရည်ရွယ်ပါဘူး ။ မတော်တဆလည်း ဖြစ်စရာအကြောင်းမရှိပါဘူး
ကိုယ့်အခြေနေကို သိပါတယ် … :D … ။
အမှန်တိုင်းမရှက်ပဲ
ဝန်ခံရရင် ကောင်းကင်ဖြူကို ကြွားချင်လို့  ပါ ။ “ ငါ့လည်း စာတွေ ကဗျာတွေ ရေးတက်တယ်ပေါ့
” …… ။ ဖြစ်ပုံက ဒီလိုပါ …. ကျနော်တို့ ချစ်သူ ဖြစ်ကာစက အလုပ်တစ်ဖက်စီနဲ့ ခက်ခက်ခဲခဲ
တွေ့ ရတဲ့အချိန်တိုင်းမှာ ချစ်သူကောင်းကင်ဖြူက …. “ ဘယ် blog မှာရေးထားတာတော့ အရမ်းကောင်းတယ်
…. ဟိုကဗျာလေး တော့ အ၇မ်းကြိုက်တယ် …. ” နဲ့  ခဏခဏ ပြောပါတယ် ။ ကြာလာတော့ ကျနော် မောင်ဘုန်းလည်း
…. “ ငါ့လည်း စာတွေ ကဗျာတွေ ရေးတက်တယ်” ဆိုပြီ ပြချင်လို့  ဒီ blog လေး ကို လုပ်ဖြစ်တာပါ
။ လုပ်ပြီသွားတော့မှ ချစ်သူက မှတ်ချက်ပေးပါတယ် ။ “ ကို …. က စာလည်းမရေးတက် ကဗျာလည်း
မဖြစ်ဘူးနော် ……” တဲ့ ……. ။ အဲ့သလိုပါ ….
ဗျာ ….. ။
(၃) သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ
မြတ်နိုးတန်ဖိုးထားသလဲ ?
ရည်မှန်ချက်တော့ မယ်မယ်ရရ
မရှိပါဘူး …. ။ မြတ်နိုးတန်းဖိုးထား တယ်ဆိုတာထက် သံယောဇဉ် တော့တော်တော်
ဖြစ်မိပါတယ် ။ အခုဆိုရင် ကွန်ပြူတာဖွင့်လိုက်တာနဲ့  ကျနော် blog ထဲကို ဝင်တာ
အကျင့်လို့  ပြောရမလိုတောင်ဖြစ်နေပါပြီ … ။ ကွန်ပြူတာရှေ့ မရောက်ဖြစ်ရင်တောင် ရောက်ရာ
အရပ်ကနေ ဖုန်းနဲ့  ဝင်ကြည့်ဖြစ်ပါတယ် …. ။
(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား
?
မဖြစ်ဖူးပါဘူး
…. ။ ဒါပင်မဲ့ blog ရေးတဲ့ mail ကိုတော့ နှစ်ပတ်တစ်ခါ (သို့ ) တစ်လ တစ်ကြိမ်တော့ ခဏခဏ
hack ခံရပါတယ် ။ hack တဲ့သူက အရင်ကတော့
thailand IP နဲ့ ပါ အခုတော့ china IP ဖြစ်သွားပါတယ် ။ တစ်ခြားလူမဟုတ်ပါဘူး ။ ကောင်းကင်ဖြူပါပဲ
…. :D ။
ကျနော်လိုပဲ
ခဏခဏ hack ခံရတဲ့ blogger တစ်ယောက်ရှိပါသေးပါတယ်
။ တစ်ခြားလူ မဟုတ်ပါဘူး အားလုံးသိတဲ့ ကျနော်
တို့ ရဲ့ဆရာ ကိုရင် ပါ … ။ ဟိုတလောက အချိန်မဟုတ် ဆရာရင် မီးလင်းနေတာတွေ့ တာနဲ့  “ မအိပ့်သေးဘူးလား
ဆရာလို့  ” ….. နှုတ်ဆက်လိုက်တာ ဆရာမဟုတ်ဘူးဆရာကတော်
….. တဲ့ဗျာ ……:D ။
(၅)
ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင်
ဘယ်လိုခံစားရမလဲ … ?
အယ်
…. မပျောက်ဖူးသေးတော့ မပြောတက်ဘူးဗျ … ။ အဲ့လိုပျောက်မှာ ကြောက်လို့  backup လည်းလုပ်ထား
ပါတယ် ။ နောက်ပြီး blog Admin မှာလည်း mail နှစ်ခု ထည့်ထားပါတယ် ။ ဆိုင်မလားတော့ မသိဘူး
အတွေးကတော့ တစ်ခုပါသွားရင် တစ်ခုကျန်တယ်ပေါ့ ဗျာ … ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
တဂ်ပို့စ်လေးဖတ်ရတာ ပေါ့ပေါ့ပါးပါး လိုရင်းတိုရှင်းလေးပါလား မောင်ဘုန်းရေ။ မောင်ဘုန်းရေးတဲ့ ကဗျာလေးတွေ ဖတ်လို့ကောင်းပါတယ် ။ ဘလော့သက်တမ်းက တီတင့်ထက် တစ်နှစ်စီနီယာမို့ အားကိုးပါတယ်နော်။
ReplyDeleteစိတဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အားပေး ဖတ်သွားတယ်။
ReplyDeletebackup လည်းလုပ်ထား ပါတယ် ။ နောက်ပြီး blog Admin မှာလည်း mail နှစ်ခု ထည့်ထားပါတယ် ....ဒါလေးလည်း မှတ်သားသွားဦးမယ်...ဆိုင် ဆိုင် မဆိုင်ဆိုင်ပေါ့
တဂ်လေးအားပေးသွားတယ် မောင်ဘုန်းရေ ။ ကောင်းကင်ဖြူကဘာကြောင့်ခဏခဏhackတာလဲဟင် ။
ReplyDeleteအဟား.. အဟက်ခံရပုံချင်း တူနေပြီ နောင်တော်...
ReplyDeleteပျောက်လိုက်တာ.. တက်(Tag ဟုအသံထွက်ပါ) လုပ်ခံရမှပဲ ပြန်ပေါ်တယ် :P.. ကန်ဒီပဲ ပိုစ့်အသစ်တွေမမြင်လို့လား မပြောတတ် :P
ReplyDeleteအားပေးသွားပါတယ်နော်
ReplyDeleteကျွန်တော် မောင်နွေလ
ReplyDeleteရောက်ခဲ့တယ်ဗျာ
ဟုတ်တယ် ... အစ်ကိုပြောသလို
backup လည်း လုပ်ထားသင့်သလို
Admin မှာလည်း acc နှစ်ခုလောက် ဖြည့်ထားသင့်တယ်