ဒီဇင်ဘာ လေသွေး
အေးပါဘိ ဒီ
ဆောင်းခို
တောင်ညိုမှာ
မြူ သန်းပါလို့ 
ငွေနှင်းက
စို
လေညုင်းက
ချို ကာမှ
ဆောင်းသဇင်
နဲ့ ယှဉ်ကာထွန်းတဲ့
မွေးရက် အခါတော် ….. ။
ဆောင်း အတိတ်မို
့
အေးချမ်းရာ
ထွန်းစေတော့
နောင် အရိပ်
မှာ
ပျော်ရာတွေ
လွှမ်းစေ တော့
ကြင်သူ အရိပ်မှာ
မခွဲမခွာ
မြဲရစေ တော့
happy
birthday မှာ
ဆောင်းနှင့်အတူ အေးချမ်းပျော်ရွှင်ရပါစေ .... ။
ယနေ့ ကျရောက်သော အစ်မ ပစ်ပစ် ရဲ့ မွေးနေ့ မှ သည်နောင်နှစ်များစွာထိ ကျန်းမာပျော်ရွှင်ပါစေလို့  ဆုတောင်းလိုက်ပါတယ် ... ။
မောင်ဘုန်း
မောင်ဘုန်း
မွေးနေ့ရှင် ပစ်ပစ်တစ်ယောက် ယနေ့မှစ လျှောက်တဲ့လမ်းတိုင်း
ReplyDeleteဖြောင့်ဖြူးသာယာပါစေ ။။ ။မောင်ဘုန်းကဗျာလေးကလဲ လှလိုက်တာ ။
မွေးနေ့ရှင် ပစ်ပစ်နဲ့ မွေးနေ့ရှင်အတွက် ကဗျာကောင်းလေးတစ်ပုဒ် စပ်ပေးတဲ့ မောင်ဘုန်းတို့ ဘဝအခက်အခဲပေါင်းများစွာကို စိတ်နှလုံးကြည်လင်အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေကွယ်။
ReplyDeleteစကားမစပ် အဲဒီမွေးနေ့ကိတ်မုန့်စားချင်တယ် :P
မေတ္တာဖြင့်
အန်တီတင့်
မောင်ဘုန်းရေ
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ်ရှင်..
ပစ်ပစ်ရဲ့မွေးနေ့ကိုအခုလိုတကူးတကနဲ့
အမှတ်တရ ဖြစ်အောင် ကဗျာလေးလက်ဆောင်ပေးတဲ့
အတွက် ကျေးဇူးကုဋေကုဋာ ပါလို့ပြောပါရစေ
ကဗျာလေးလှလိုက်တာ
ReplyDeleteကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားပါတယ်
ReplyDeleteမွေးနေ့ရှင်ကော် ကဗျာရေးတဲ့သူကော်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
ကဗျာလေးက လှလိုက်တာ....
ReplyDeleteချစ်ဖို့လဲ ကောင်းတယ်..စကားလုံးအသုံးအနှုန်းနဲ့
ရေးထားပုံလေး သဘောကျမိတယ်....
မွေးနေ့ရှင်ရော ဆုတောင်းပေးသူပါ..လိုအင်ဆန္ဒပြည့်ဝပါစေရှင်.
ခင်တဲ့...မိုးနတ်
ကဗျာလေး မိုက်တယ်.. :D
ReplyDelete