Pages

Thursday, December 13, 2012

ဆောင်းနှင့်အတူ





ဒီဇင်ဘာ လေသွေး
အေးပါဘိ ဒီ ဆောင်းခို
တောင်ညိုမှာ မြူ သန်းပါလို့ 
ငွေနှင်းက စို
လေညုင်းက ချို ကာမှ
ဆောင်းသဇင် နဲ့ ယှဉ်ကာထွန်းတဲ့
 မွေးရက် အခါတော် ….. ။
                                                                                                                            
ဆောင်း အတိတ်မို့ 
အေးချမ်းရာ ထွန်းစေတော့
နောင် အရိပ် မှာ
ပျော်ရာတွေ လွှမ်းစေ တော့
ကြင်သူ အရိပ်မှာ
မခွဲမခွာ မြဲရစေ တော့
happy birthday မှာ
ဆောင်းနှင့်အတူ အေးချမ်းပျော်ရွှင်ရပါစေ .... ။ 





ယနေ့ ကျရောက်သော အစ်မ ပစ်ပစ် ရဲ့ မွေးနေ့ မှ သည်နောင်နှစ်များစွာထိ ကျန်းမာပျော်ရွှင်ပါစေလို့  ဆုတောင်းလိုက်ပါတယ် ... ။



မောင်ဘုန်း



7 comments:

  1. မွေးနေ့ရှင် ပစ်ပစ်တစ်ယောက် ယနေ့မှစ လျှောက်တဲ့လမ်းတိုင်း
    ဖြောင့်ဖြူးသာယာပါစေ ။။ ။မောင်ဘုန်းကဗျာလေးကလဲ လှလိုက်တာ ။

    ReplyDelete
  2. မွေးနေ့ရှင် ပစ်ပစ်နဲ့ မွေးနေ့ရှင်အတွက် ကဗျာကောင်းလေးတစ်ပုဒ် စပ်ပေးတဲ့ မောင်ဘုန်းတို့ ဘဝအခက်အခဲပေါင်းများစွာကို စိတ်နှလုံးကြည်လင်အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေကွယ်။
    စကားမစပ် အဲဒီမွေးနေ့ကိတ်မုန့်စားချင်တယ် :P

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မောင်ဘုန်းရေ
    ကျေးဇူးအများကြီးတင်ပါတယ်ရှင်..
    ပစ်ပစ်ရဲ့မွေးနေ့ကိုအခုလိုတကူးတကနဲ့
    အမှတ်တရ ဖြစ်အောင် ကဗျာလေးလက်ဆောင်ပေးတဲ့
    အတွက် ကျေးဇူးကုဋေကုဋာ ပါလို့ပြောပါရစေ

    ReplyDelete
  4. ကဗျာလေးလှလိုက်တာ

    ReplyDelete
  5. ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားပါတယ်
    မွေးနေ့ရှင်ကော် ကဗျာရေးတဲ့သူကော်
    ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  6. ကဗျာလေးက လှလိုက်တာ....
    ချစ်ဖို့လဲ ကောင်းတယ်..စကားလုံးအသုံးအနှုန်းနဲ့
    ရေးထားပုံလေး သဘောကျမိတယ်....
    မွေးနေ့ရှင်ရော ဆုတောင်းပေးသူပါ..လိုအင်ဆန္ဒပြည့်ဝပါစေရှင်.
    ခင်တဲ့...မိုးနတ်

    ReplyDelete
  7. ကဗျာလေး မိုက်တယ်.. :D

    ReplyDelete