Pages

Sunday, April 7, 2013

လမိုက် လျှက်








လယ်ပြင် မှာ ကျွဲသေ လို့ 
လင်းတ ဝဲ တယ် ဆိုမလား
လသာလို့  ခွေးအူ  တယ်
ပြောရမလား ….. ???

သူ့ အရပ်နဲ့  သူ့ ဇတ်ဆိုပင်မဲ့
ဒီဇတ်နဲ့  ဒီအရပ်မှာတော့
ခဏခဏ ပွဲ လန့်  တက်တယ် …… ။

အလင်းမဲ့ ငိုသံတွေ
အသံတိတ် သလောက်
အစာဝ ဝံပုလွေ များ ….   တော့
အမှောင်ည တွေ အကြောင်းပြုရင်း
အသံ ကျယ် လွန်းတယ် …… ။

သမိုင်းတစ်ခုရဲ့ ကျိန်စာတွေ လို
အမှောင်ည တွေထက်မှာ
အလင်းမဲ့  ဘဝတွေလည်း
လမိုက် လျှက် ….. ပေါ့ ….. ။




မောင်ဘုန်း 


photo  : AlertNet
 

0 comments:

Post a Comment