Pages

Saturday, November 26, 2011

သူခိုး ဖမ်းပွဲ








“ လူတွေဟာ စိတ်ကွယ် ရာ အရပ်မှာ မကောင်းမှု့  ပြု မို့  ဝန်မလေးတက် သလို စိတ်ကွယ်ရာအရပ်မှာ မကောင်းမှု့  ပြုတဲ့သူဟာ စိတ်ကွယ်ရာ အရပ်မှာ ပဲ ဝန်ခံ လေ့ရှိတက်ပါတယ် ”……………….

ဒီအကြောင်းရာလေး နဲ့  ပတ်သက်ပြီ ပုံပြင်လေး တစ်ပုဒ် လောက်ပြောပြ ပါမယ် ..


ထုံးစံအတိုင်း ပုံပြင်လေးဆုံးရင်တော့ မေးခွန်းလေး တစ်ခု မေးမယ်နော် … အဟီး …


ဒီ ပုံပြင်လေးကို လွန်ခဲ့တဲ့ ၅နှစ် ကျော်ကျော်လောက် က ကျောင်းမှာ  law of contract ဆိုတဲ့ ဘာသာရပ် ကို သင်ကြားပို့ ချတဲ့ ဆရာမ ကပြောပြတာပါ ။


law of contract ဘာသာရပ်ဆိုတာ ဥပဒေ အရ ဘယ်လိုအခြေနေမှာ contract ဖြစ်တယ် ၊ မဖြစ်ဘူးဆိုတဲ့ အကြောင်းရာကို အဓိက သင် ရတာပါ ... ။

  
တခါတလေ ဥပဒေ ဆိုတာနေရာတိုင်းမှာ သုံးလို့ မရတဲ့ အတွက် တရားဥပဒေ

စိုးမိုးမှု့ မရှိတဲ့ နေရာမှာ အကြောင်းရာ တစ်ခုကို contract ဖြစ်တယ် မဖြစ်ဘူး ဆိုတာကို ဆုံးဖြတ်မို့  စိတ်ပညာနှင့် တရားစီရင်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးကို သင်ကြားရင် ဆရာမ က ဒီပုံပြင်လေး ပြောပြခဲ့တာပါ …။

ကယ် .. လိုရင်းကို မရောက်တော့ဘူး  … စ မယ်နော် ….



တစ်ခါတုန်းက လူသူ အရောက်နည်းတဲ့ ရွာ (၇) ရွာကို အုပ်ချုပ်ရတဲ့ စော်ဘွားကြီး တစ်ဦး ရှိသတဲ့ …

ရွာသူ ရွာသား တွေဟာ စော်ဘွားကြီးကို တန်းခိုး ရှိတယ် လို့  ယုံကြည်ပြီ လွန်စွာ ရိုသေ တက်ပါသတဲ့ …
အယ် … တချို့ ဆို သူတို့ ကိုးကွယ်တဲ့ နတ်ဘုရား ရဲ့ သားတော် လို့  မှတ်ယူပြီး ကိုးကွယ် ယုံကြည် ကြတယ်လေ ….။

တစ်နေ့ မှာ တော့ စော်ဘွားကြီးဟာ နှစ်စဉ်ကျင်းပ တဲ့ နတ်ဘုရား ပူဇော် ပွဲကို တက်ရောက်မို့ ရွာ (၇) ရွာမှာရှိတဲ့ ရွာသူ ရွာသား အားလုံးကို မိမိ နေထိုင်တဲ့ ရွာကို ဖိတ်ခေါ် လိုက်တယ်ကွယ် ……။


စော်ဘွားကြီးတို့  လူမျိုးစုဟာ ရိုးရာ နတ်ဘုရားကို ပူဇော် တဲ့ နေရာ မှာ အစဉ်လာလေး တစ်ခုရှိသတဲ့ …


နတ်ဘုရား ပူဇော်ပွဲလုပ်တော့မယ် ဆိုရင် နတ်ဘုရား ရုပ်ထု ရှိရာ ခြံဝန်းကြီးထဲ မှာ စော်ဘွာကြီးအပါဝင် အမျိုးသား များသာ ခြံဝန်းကြီးထဲကို ဝင်ခွင့်ရှိပြီး၊ နတ်ဘုရားပူဇော်ပွဲ တစ်နေ့ နဲ့  တစ်ည အချိန်ထိ အပြင်ထွက်ခွင့် မရှိပါဘူး အမျိုးသမီးများကတော့ ခြံဝင်ကြီးရဲ့ အပြင်ဘက်နေ ပူဇော် ရတော့ပေါ့ကွယ် …


အယ် …ဒီလိုနဲ့  နတ်ဘုရားပွဲ လုပ်ပြီးလို့  အမျိုးသားအားလုံး ခြံဝန်း ထဲက ထွက် ရတော့မဲ့ အချိန်ရောက်မှ ပြဿနာ တစ်ခုဖြစ် သတဲ့ …


ဖြစ်ပုံကတော့ နတ်ဘုရားရုပ်ထုရှေ့ မှာ ပူဇော်ထားတဲ့ စော်ဘွားကြီး ဆွေစဉ်မျိုးဆက် ပိုင် အရည်သွေးအလွန် ကောင်းတဲ့ ကျောက်စိမ်း တုန်း … ၃ တုန်း ပြောက်နေ တယ်လေ ….


 ဒီသတင်းကြားတော့ စော်ဘွားကြီးက ဘယ်သူမှ အပြင် ထွက်ခွင့် မရှိဘူးလို့ 

အမိန့် ထုတ်ပြန်ပြီ ဖြစ်စဉ် ကို သေချာ မေးသတဲ့ …

အဲ့ဒီ ကျောက် စိမ်း တွေဟာ မနေ့ က ညနေထိ နတ်ဘုရားရုပ်ထု ရှေ့ မှာ ရှိနေပြီး ည ကမှ ပြောက်သွား တယ်လို့  စော်ဘွာကြီးရဲ့ အစောင့်တွေ က ပြောသတဲ့ … ။


နောက်ပြီး အပြင်လူလည်း ဘယ်သူမှ အဝင်ထွက်မရှိ တော့ သူခိုးဟာ ဒီထဲမှာပဲလို့  စော်ဘွားကြီးက ကောက်ချက် ချသတဲ့ .... ။


ဒါနဲ့  စော်ဘွာကြီးက  (၇)ရွာပေါင်း အမျိုးသား အယောက် တစ်ရာ ကျော်လောက်ရှိတဲ့ သူတွေကို နတ်ဘုးရားရဲ့ ကျောက်စိမ်း ကို ပြန်ပေးမို့  တောင်းဆိုးပြီး အခုချိန် ပြန်ပေးမယ် ဆိုရင်

အပြစ်ဒဏ်ကို သက်ညှာ စွာ စဉ်းစားပေးမယ်လို့  ပြောပြီ အချိန် နာရီ ဝက် ပေးသတဲ့…

ဒါပင်မဲ့ အချိန်ပြည့်တဲ့အထိ ဘယ်သူမှ ထွက်မလာဘူးလေ …။


အဲ့ဒီအချိန်မှာ စော်ဘွားကြီးက လင်းတ ဌက် တစ်ကောင် ကို ယူလာပြီ အခုလိုပြော သတဲ့ ……

“ရွာသားအပေါင်းတို့  နတ်ဘုရားရဲ့ ကျောက်စိမ်း ကို ခိုးတဲ့ သူဟာ အခု ဒီလူ စုမှာ ပဲရှိနေပါတယ် … ဒီ သူခိုးဟာ နတ်ဘုရာရဲ့ ပစ္စည်းကို ခိုးသောကြောင့် လွန်စွာမှ အပြစ်ကြီး ၍ သေဒဏ် ပေးရပါမယ် ...

အခု ငါ့ လက်ထဲက ဌက် ဟာ လွန်စွာမှ တန်ခိုးရှိတဲ့ ဌက်တစ်ကောင်ဖြစ်တယ် ....

ဒီဌက်ကို လက်နှစ်ဖတ် နှင့် ကိုင်ပြီး နတ်ဘုရားရဲ့ ပစ္စည်းကို မခိုးပါဘူးလို့  သစ္စာ ဆိုရပါမယ် ....

နတ်ဘုရာရဲ့ ပစ္စည်းကို ခိုးတဲ့ လက်နဲ့  ဒီ ဌက်ကို ကိုင်မိရင် … တန်ခိုးရှိတဲ့ ဒီ ဌက်ဟာ အသံပြု မည်ဖြစ် တယ် ….

ဒါကြောင့် နတ်ဘုရာရဲ့ ပစ္စည်းကို မခိုးပါဘူးလို့  ဒီ ဌက်ကို ကိုင်ပြီး တစ်ဦး ချင်စီ သစ္စာပြုမို့  မိမိရွာ အလိုက် အဖွဲခွဲကာ တန်းစီးထားကြပါ …. ”


အဲ့လို စော်ဘွာကြီးက ပြောတော့ အားလုံးက စော်ဘွာကြီး လက်ထဲက ဌက်ကို သေချာကြည့် တာပေါ့ …

စော်ဘွာကြီး လက်ထဲက လင်းတ ဌက်ဟာ ဘာမှ ထွေထွေ ထူးထူး ဌက်မဟုတ်တဲ့ အပြင် အလွန် ညစ်ပတ် နေတဲ့ လင်းတ ဌက်တစ်ကောင် ဖြစ်နေတော့ တချို့ လည်း ဒီဌက်ဟာ တန်းခိုးရှိတယ် လို့  မယုံ ဘူးပေါ့ကွယ် …

ဒါပင်မဲ့ စော်ဘွားကြီးကို ကြောက်ရတော့  စော်ဘွာကြီး ပြောသလိုပဲ သစ္စာပြုမို့  တန်းစီ ရတာပေါ့ကွယ် …

စော်ဘွာကြီး က တော့ လက်ထဲက ဌက်ကို ခြံဝန်းကြီးထဲက မိမိရဲ့ ယာယီ တဲ အိမ်ထဲမှာ ထည့်ပြီ တဲ အိမ်အပြင်ဘက်ကနေ ထိုင်ခုံ နဲ့  ထိုင်နေတာပေါ့ …

ဒီလိုနဲ့ ရွာသားတွေ ဟာ တစ်ယောက်ပြီး တစ်ယောက်  စော်ဘွားကြီးရဲ့ ဌက်ကို ကိုင်ပြီ မခိုးပါဘူးလို့  သစ္စာပြု ကြသတဲ့


သူတို့  သစ္စာပြုပုံ ဒီလိုပါ …..

၁ …. သစ္စာပြုမဲ့သူဟာ စော်ဘွာကြီးကို အရင်ဆုံး အရိုသေပြုရပါတယ် လူမျိုးစု ရိုးရာအတိုင်း လက်နှစ်ဖက် နှင့်  လက်ဆွဲ နှုတ်ဆက်ပြီး စော်ဘွားကြီးကို အရိုသေပြုပြီး

၂ … အခန်းထဲ ဝင် ကာ ဌက်ကို လက်နှစ်ဖက်ကိုင် ၍ မခိုးပါဘူးလို့  သစ္စာပြုရပါတယ်

၃ …. သစ္စာပြုပြီးလို့  ပြန်အထွက်မှာ ဝင်လာတုန်း ကအတိုင်း စော်ဘွားကြီ ကို အရိုသေ ပြုပြီး သက်မှတ်ထားတဲ့ နေကို ပြန်ရပါတယ် ….

အဲလို တစ်ယောက်ပြီး တစ်ယောက် သစ္စာပြု ကြတာ ရှိသမျှ လူတွေသာ 
 ကုန်သွားတယ် စော်ဘွာကြီး ပြောသလို တန်ခိုးရှိတယ်ဆိုတဲ့ ဌက် က ဘာအသံမှ မထွက်ဘူးလေ ….

ဒါပင်မဲ့ အားလုံး သစ္စာပြု ပြီးတဲ့ အချိန်မှာတော့ စော်ဘွားကြီးက သူ့ အစောင့်တွေ ကို လူနှစ်ယောက်ကို ဖမ်းမို့  အမိန့် ပေးလိုက်တယ်……….  ကွဲ့ ….


နောက်ဆုံးတော့ အဲ့ လူနှစ်ယောက်က ခိုးမိကြောင်း ဝန်ခံပြီ သူတို့  ဝှက်ထားတဲ့ ကျောက်စိမ်းတွေ ကို ပြန်ပေးရတော့တာပေါ့ ….

ကယ် … ပုံပြင်လေးကတော့ ဒီမှာ တင်ပြီးပါပြီ


အတက်နိုင်ဆုံးတော့ ရှင်းအောင် ရေးထာပါတယ် … ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တော့ ရှုပ်နေသလိုပဲ …

ကျနော် မေးခွန်းလေး မေးမယ်နော် ….


၁ … စော်ဘွားကြီးက … လူတွေအများကြီးထဲကမှ အဲ့ဒီ လူနှစ်ယောက်ကို သူခိုးပါလို့  … ဘယ်လိုသိပါ သလဲ …???


၂ … စော်ဘွားကြီးပြော သလို သူ့ ရဲ့ လင်းတ ဌက် က တစ်ကယ်ပဲ တန်းခိုး ရှိတယ်လို့  ထင်မိပါသလား ….???


ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်း နှင့် ဒီ ပုံပြင်လေးကို မတော်တဆ ဖတ်မိ သူတို့ ခဗျာ …. ပုံပြင်လေးရဲ့ အဖြေ ကို စဉ်းစား ပေးပါလို့  .. လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ် ….


ဒီပုံပြင်လေးနဲ့  ခပ်ဆင်ဆင် ဝတ္တု တိုတစ်ပုဒ် ကို ကျနော် ဖတ်ဘူးပါတယ် … သိပြီးသာဆိုရင်တော့ တောင်းပန်ပါတယ် ဗျာ … ပုံပြင်လေးရဲ့ အဖြေ ကို နောက်တစ်ပတ် မှာ ဖော်ပြ ပေးပါမယ် ….


ပုံကို တည်ဖြတ်၍ ပြန်ဆွဲထားသည် လင်းတ ပုံစံ တော့ ထွက်မလာပါ 


ခင်မင်စွာဖြင့်


မောင်ဘုန်း

11 comments:

  1. ဟီဟီ နောက်တစ်ပတ်မှာအဖြေစောင့်တော့မယ်နော်
    :P

    ReplyDelete
  2. မောင်ဘုန်းတော့..ခေါင်းစားပြီနော် :) ဒီပုံပြင်မျိုး.ကြားဖူးတယ်ဟ.
    မဟောသဓာဇာတ်တော်ထဲမှာလားမသိဘူး။
    (မမှတ်မိတာခက်တယ် :)
    ဒီမေးခွန်းမှာ..အဖြေက
    အသွားအပြန်ကိုင်ရတဲ့စော်ဘွားကြီး
    လက်ကြောင့်ဖြစ်မယ်
    ပြီးတော့..လင်းတငှက်.
    အော်သံရယ်လို့..တစ်ခါမှမကြားဖူးဘူး အဲ့ဒီ့ငှက်က.မအော်တတ်ဘူးလို့ယူဆပါတယ် :P


    ဒါနဲ့စကားမစပ်...မောင်ဘုန်း..
    ပုံဆွဲထားတာ..အားကြီးလှတယ် :))

    ReplyDelete
  3. အလို အပျိုကြီးက ဇောတ်တော် ထဲမှာ ဖတ်ဘူးတယ်
    ကျနော် ကတော့ ဆရာမ ပြောပြလို့  မှတ်မိနေတာ
    ကျနော် လည်း ဝတ္တုတိုလေး ဖတ်ဘူးတယ်
    ခပ်ဆင်ဆင်ပဲ ...

    ReplyDelete
  4. အဖြေပေးနော် ကိုဘုန်းးးး လာရောက်ဖတ်သွာတယ် အဖြေကတော့ မပေးဘူး..ဟန်ဂျီအင်းပေးရမှာမလို့ ..နော်
    ချင်းချင်းတွေ ဖြေတောင်း၇ဘူး

    ReplyDelete
  5. မီးမီးမသိပါဘူး...

    ReplyDelete
  6. ထင်တဲ့အဖြေကိုရေးမယ်နော်..
    စော်ဘွားကြီးက အဲဒီလူ၂ယောက်ကို ဘာလို့သူခိုးလို့ ထင်သလဲဆိုတော့ အဲဒီ ၂ယောက်ဟာ လင်းတရဲ့ လက်၂ဖက်ကို မကိုင်ခဲ့လို့ ပါဘဲ.
    သူခိုးဆိုတာက တကယ်ခိုးထားတဲ့သူ ဖြစ်လေတော့ စိတ်ထဲက မလုံပါဘူး.. သူကိုင်လိုက်ရင် ငှက်က အော်လိုက်မှာကိုစိုးပါတယ်. ဒါကြောင့် လင်းတကို မကိုင်ရဲပါဘူး။
    စော်ဘွားက သူတို့၂ယောက် ငှက်ကို မကိုင်မှန်း ဘာကြောင့်သိသလဲဆိုတော့ လင်းတဟာ အလွန် ညစ်ပတ် ပေရေနေတယ်လို့ စာထဲမှာရေးထားတဲ့အတွက် လင်းတကို ကိုင်လိုက်ရင် ကိုင်တဲ့လူရဲ့ လက်ဟာလည်း ညစ်ပေသွားမယ်ဆိုတာသိနိုင်ပါတယ်။ ဒီလိုဆိုတော့လင်းတကိုမကိုင်ခင်အဝင်အထွက်မှာ စော်ဘွားရဲ့ လက်ကိုကိုင်ပြီး ဂါရဝပြုရတယ်ဆိုတော့ လင်းတကို မကိုင်တဲ့လက်ကို (မညစ်ပတ်တဲ့လက်ကို) စော်ဘွားက အလွယ်တကူ စစ်ဆေးရှာဖွေနိုင်ပါတယ်. ဒီနည်းနဲ့ သူခိုးဖမ်းမိသွားတာပါ
    လင်းတဟာ ဘာတန်ခိုးမှ မရှိတဲ့ သာမန် ငှက်တစ်ကောင်ပါ။
    (မှန်ရင် ဘာလက်ဆောင်ပေးမတုန်း) :P

    ReplyDelete
  7. တီတင့်လည်း အဖြေကိုနောက်အပတ်မှ ဖတ်တော့မယ် မောင်ဘုန်းရေး)
    ချောဖြေတာမှန်လို့ တစ်ခုခုကျွေးမယ်ဆိုရင်တော့ တီတင့်ကို လက်တို့လိုက် လာအားပေးချင်လို့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. လက်ကိုမကိုင်ပဲ လင်းတရဲ့ ပါးစပ်ကို ပိတ်ပြီး ကိုင်ထားလို့ ဖြစ်မှာပေါ့... :)

    ReplyDelete
  9. နောက်တပတ် အဖြေစောင့်ဖတ်မည်

    ReplyDelete
  10. ဂျက်စမင်း မသိပါဘူး
    ခင်မင်တာလေးပဲသိပါတယ်

    ReplyDelete
  11. ဆံပင်ဖြူနေပါတယ်ဆိုမှ ကိုမောင်ဘုန်း လာအုန်းစားပြန်ပြီ
    စောင့်ဖတ်မယ်ဒါဘဲး)

    ReplyDelete