Pages

Monday, March 11, 2013

ရွှေလို့  ခေါ်ကြတဲ့ ကျနော် တို့  မြန်မာပေါ့ဗျာ


ဒီေ န့ ညနေ ၄နာရီ ခွဲ ထိထိအချိန် အလုပ်ထဲမှာ accident တစ်ခုဖြစ်ပါတယ် ။ လုပ်ဖော်ကိုင်ဖက် တစ်ယောက် မျက်လုံးထိသွားပါတယ် ။ ဖြစ်ဖြစ်ချင်းဆေးရုံပို့  ပြီး ၅နာရီ ခွဲအချိန်မှာ ကြားရတဲ့ သတင်းကတော့ ကျနော် ရင်ထဲ အတိုင်းအဆမရှိ ခံစားလိုက်ရပါတယ် .... ။ သူရဲ့ မျက်လုံးတစ်ဖက်ခွဲထုတ်ပစ်ရမယ်တဲ့ ... ။ သူ့  မျက်လုံး တစ်ဖက် ဆုံးရှုံးရတော့မယ် ။ ဒီသတင်းကို စက်ရုံမှာ ပထဦးဆုံး သိရတဲ့ သူကတော့ ကျနော် အပါဝင် သုံးယောက်ပါ ... ။ သူဌေးက အလုပ်သမား ၆၀ ကျော် အားလုံး ဒီသတင်းကို သိရရင် ဘယ်သူမှ အလုပ်ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့  ပြောပြီး ၊
နောက် ၂နာရီ လောက်မှ အားလုံးကိုသူကိုယ်တိုင် ပြောပြမယ်ဆိုပြီး ပထမဆုံးသိတဲ့ ကျနော် တို့ ကို ၂နာရီလောက် ဒီသတင်းကို ဘယ်သူမှ မပြောမို့  ကူညီပေးပါလို့  ပြောပါတယ် ။ ကျနော် တို့ လည်း ဘယ်သူကိုမှ မပြောခဲ့ပါဘူး ။ နာရီ ဝက် အကြာမှာတော့ ဆိုက်က တာဝန်ခံတွေပဲ ကို သူဌေး ကိုယ်တိုင်လိုက်ပြောပြီး ဆေးကုသမှု ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ကြောင့် ရှင်းပြပါတယ် .... ။

အဲ့မှာ ဆိုက်တာဝန်ခံ ခေါင်းဆောင် တစ်ဦးက ဆေးရုံကို လိုက်သွားပြီ လက်ရှိ သူဌေး ဦးဆောင်ပြီးလုပ်နေတဲ့ ဆေးကုသမှု ကို ဝင်ရောက် ဦးဆောင်လိုက်ပါတယ် ... ။ တရာဝင် ငါ ဦးဆောင်ပြီးလုပ်မယ် ဆိုတဲ့ သဘောလည်းမဟုတ်ပါဘူး ။ လက်ရှိ အခြေအရ ခွဲစိတ်ကုသမို့  အခက်ခဲလေး တစ်ခုရှိနေပါတယ် ။ ဒါတော့ ကျနော် မပြောချင်ပါဘူး ။ ဒီတော့ သူဌေးဖြစ်သူ ပါးနပ်စွာ ဘေးထွက်ပြီး မင်းတို့  စိတ်ကြိုက်လုပ် ကျသမျှ ငါ ပေးမယ်ဆိုတဲ့သဘောမျိုး ဖြစ်သွားပါတယ် ။ ကျနော် ဒီစာကို ရေးနေချိန် မှာ ၁၁ နာရီ ခွဲပါပြီ လူနာက အခုထိ ခွဲစိတ်ခန်းထဲ မဝင်ရသေးပါဘူး ။ ကျနော် ရင်ထဲက ဒေါသ က ဘယ်လိုမှ ထိန်းမအောင်ပါပဲ ။

ခေါင်းဆောင်ဆို တက်ရင် သိရင် လုပ်ပါ ။ တက်ယောင်ဝါးတော့ မလုပ်ရဘူး ။  ဖြစ်စဉ်က ရိုးရိုးလေးပါ လုပ်ငန်ခွင်မှာ အမှန်တကယ် ဖြစ်ခဲ့ မတော်တဆမှု ပါ ။ တာဝန်ရှိတဲ့ သူက သူဌေးပါ ။ သူတာဝန်ယူ လုပ်နေတာ ကို ကျနော် တို့ က ဘေးနေ ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူးလို့  ပြက်ပြက်သာသာ ပြောယုံပဲ  .... ။

အခုတော့ သိသလို တက်သလိုနဲ့  တစ်ကယ် ခံစားနေရတာ က လူနာပါ ... ။ စိတ်မကောင်းဖြစ်တာရော ဒေါသဖြစ်တာရော အစုံပဲ ။ ခက်တယ် လူတွေ နည်းနည်းလောက်သိရင် ဟုတ်လှပြီထင်နေကြတယ် ။ နေဝင်မိုးချူပ် ကျနော် တို့  ဘဝတွေ ကို ပိုက်ဆံ နဲ့  ကျေကျေနပ်နပ်ကြီးရောင်းစားခံနေရတာချင်းတူတူ ။ ပွဲလန့် တုန်း ဖျာခင်းကြတယ် ။ ကျနော် တို့ အတွက် တရားဥပဒေ စိုးမိုးမှု ဆိုတာ ဘာမှ မရှိဘူးဆိုတာ အားလုံး သိပြီးသာပါ ။

ဖြစ်တာက ဖြစ်ပြီးသွားပြီ မျက်လုံးတစ်ဖက်လည်း ဆုံးရှုံး ခဲ့ရပြီ ။ အခု သံစ က အထဲမှာရှိနေသေးတယ် တဲ့ နောက် တစ်ဖက်ပါ မဆုံးရှုံးမို့  အမြန်ခွဲစိတ် ရမယ် ။ သူအတွက် တရာမျှတမို့  တန်ရာတန်ကြေးရမို့  အဆိုးထဲကပဲ အကောင်းဆုံးဖြစ်မို့  ကျနော် တို့  ဘက်က စည်းလုံးနေရမဲ့ အခြေနေမှာ အခုတော့ ဘယ်လိုမှ စုစည်းမရအောင် ဒေါသတွေ ဖြစ်ကုန်တော့ .... တယ် ။ အဲ့ဒါ ရွှေလို့  ခေါ်ကြတဲ့ ကျနော် တို့  မြန်မာပေါ့ဗျာ ... ။



မောင်ဘုန်း



4 comments:

  1. မောင်ဘုန်းရေ...
    အဲတာက အသေချာဆုံးဘဲ။ဘယ်နိုင်ငံဘဲရောက်ရောက် ဗဗာဆိုတာ ဒီလိုတွေ
    ချည်းပါဘဲ။အခြေနေတွေမတူလာကြသလို လာရာတွေလည်းမတူကြတော့ ခံစားတတ်မှု့ စာနာနားလည်မှု့။အောက်ခြေမခိုင်တဲ့လူတွေမှာ ပိုသိသာပါ
    တယ်။ပြည်ပ ရောက်တာဘဲ မသိရင် နတ်ပြည်ရောက်ပြီး တသက်လုံးထိုင်စား ရတော့မဲ့ပုံ...ငွေမြင်လေလေ
    မူ ပြင်လေလေဘဲ။ ဒီလိုလူတွေမြင်တိုင်း ကိုယ်ဆင်ခြင်စရာလေးတွေ ရလာသလို အသိတစ်ခုတိုးလာတာပေါ့..

    ခင်တဲ့
    အကြီးလွမ်း

    ReplyDelete
  2. ဘယ်နေရာပဲဖြစ်ဖြစ် မြန်မာတွေအများစုက ဒီလိုပါပဲမောင်ဘုန်းရေ
    မဂျီးတို့ လဲ ဆင်တူရိုးမား ပြသနာတွေကြုံဖူးပါတယ်
    ကိုယ်သာတည့်မတ်နိုင်သလောက်တည့်မတ်လိုက်ပါတော့နော်

    ReplyDelete
  3. အကိုမောင်ဘုန်းရေ...ပြောရရင်လဲ မကောင်းပါဘူးးးးးးးးးး
    စိတ်ကိုလျော့ပြီး မဂျီးလွမ်းနဲ့ မဂျီးဂျက်ပြောသလိုသာ ကိုယ်တတ်နိုင်သလောက်
    အကောင်းဆုံးလုပ်ပေးလိုက်ပါ.....ကျန်တာကတော့ ကိုယ့်စိတ်ကို
    ကိုယ်ဖြေပြီး လျှော့ထားမှ နေသာထိုင်သာရှိမယ်လေ...မဟုတ်ရင်
    စိတ်ဆိုးလွန်းလို့ သေတော့မယ်လို့ ပြောလေ့ရှိသလို ကိုယ်ပဲ စိတ်ဆိုးလို့
    ရောဂါရရတော့မယ်...အင်းးး ဗမာတွေ ဗမာတွေ ဘယ်တော့များမှ
    စိတ်ထားတွေပြုပြင်နိုင်ကြမှာလဲ မသိ :((((

    ReplyDelete
  4. စိတ်မကောင်းဘူး မောင်ဘုန်းရေ.. ကိုယ်တက်နိုင်သလောက် ကူညီလုပ်ပေးရုံက လွဲပြီး ဘာတက်နိုင်တော့မှာလဲ..

    ReplyDelete