Pages

Monday, February 13, 2012

အနှိုင်းမဲ့ .... ချစ်သူ







ရိုးရာ အဆင်
ဆန်း ကာ ရွေးတော့
ယဉ်မှု ဆန်းပုံ
 နှိုင်းမဲ့ ကင်းလွတ်
ဆန်းလှ အသွင်
လှဂုဏ် ကြွယ် တဲ့
ချစ်သူ ငယ် …… ။


အသား ရယ် စို
ဖြူကာ လှတယ်
စကား ရယ် ဆို
 ကြူကာ ဟ ရင်
“ ကို”  ရင်မှာ စွဲ ပါလို့ 
ချစ်ကြိုး ခွေမည်
ချစ်သူ ငယ် …. ။


လှဘုံ စုဝေး
လှဂုဏ် ဝင့်လည်း
စိတ်မှာ အစဉ်
မကြွား ဖြူ လို့ 
မြတ်နိုး ချစ်ခင်
သစ္စာ ပုံ ပြီ
ချစ်သူ ငယ် … ။



တော်ဝင် ဆန်းတဲ့
ပင်ကို လှ  ရယ်
 ပန်းချီ ချယ် ရေး
တော်ဝင် သွင်းမှ
နတ် ပန်းချီ မှာ
 ငို ရ ရှာလို့ 
နှိုင်းမဲ့ လွန်း တဲ့
 ချစ်သူ  ငယ် …..။ 




ချစ်တဲ့ သူတိုင်း ပျော်ရွင် ခြင်းများစွာ ဖြင့် ပြည့်စုံစေ သော နေ့ ရက် လေးဖြစ်ပါစေ ... ။



ကျနော် မောင်ဘုန်း တစ်ယောက် တော့ ထို ဓာတ်ပုံလေး ကြည့်ပြီး  အလွမ်း တွေနှင့်
ကုန်လွန် ရမည့် နေ့ ရက် လေးပေါ့ ..... ။ 


ခင်မင်စွာဖြင့် 


မောင်ဘုန်း

11 comments:

  1. ကိုယ်ချင်းစာနာခဲ့ရပြီလေ
    ကိုယ်ချင်းစာာာာာာာာ



    မောင်ဘကြိုင်

    ReplyDelete
  2. အပေါ်ကလူပျိုလေးက ဘာတွေကိုယ်ချင်းစာခဲ့တာလဲ
    မောင်ဘုန်းရေ-----ချစ်သူကိုတမ်းတလွမ်းပြီး တင်စားထားပုံလေးကလှတယ်

    ReplyDelete
  3. ဦးလေး ဘုန်းကလည်း သားသား လည်း လွမ်းနေတာ ဘ၀တူတွေနော် ဦးလေး..တိန်

    ReplyDelete
  4. မြန်မာဆန်ဆန် ချစ်သူများနေ့ကဗျာလေးပဲ....။

    ReplyDelete
  5. ယောက်မလေးကဂျစ်စရာလေးနော်မောင်ဘုန်း
    အလွမ်းတွေဝေးပါစေ

    ReplyDelete
  6. မြောက်လိုက်တဲ့စာသားလေးတွေး)
    ယောင်းမလေးက..မျှော်နေရှာတဲ့ပုံပဲမောင်ဘုန်းရေ
    ကြိုးစားထား...း)

    ReplyDelete
  7. ကဗျာလေးကထူးထူးခြားခြားလေးကောင်းတယ် မောင်ဘုန်းရေ။
    လွမ်းမောရတဲ့ရက်တွေ အမြန်ကုန်ဆုံးပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အဟမ်း အဟမ်း အဟမ်း အလွမ်းတွေလျှံလာမယ်နော်
    ဒါနဲ့စကားမစပ် ကြိုးခွေများရောင်းတယ်ဆိုလို့ နှစ်ကိုက်လောက် :D

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  9. ကဗျာဆရာလေးရော၊ ကဗျာ့ဆရာချစ်သူလေးရော ထာဝရ အတူတူ ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေ။

    ခင်လျက်
    မြတ်

    ReplyDelete
  10. ကိုဘုန်းကဗျာကတော့ တော်တော်ကိုကောင်းတယ်ဗျာ...
    ပုံလေးပါကြည့်သွားတယ်နော့ အလွမ်းများငြိမ်းစေသတည်း.... :P

    ခင်မင်လေးစာလျက်-လေလွင့်

    ReplyDelete
  11. ဟုတ်ကဲ.ရောက်ခဲ.တယ်သက်ဆုံးတိုင်းပေါင်းဖက်နိုင်ပါစေပေါ.နော်

    ReplyDelete