Pages
Thursday, August 1, 2013
တေး၏ ကျိန်စာ
အမှန် နည်းခိုက် ၊ ဤ လောက ဝယ်
တက်သိ စုံစေ ၊ မျိုးဂုဏ် တင့် နှင့်
ချစ်ဆန်း သာလို့  ၊ ချစ်ကြိုက် တွေ့ ဆုံ
ချည်မျှဉ် တစ်လွှာ ၊ အပ် တစ်ချောင်းခြား
ရှိစေ များလည်း ၊ စိတ် ၏ ကွယ်ရာ
ယုံမှား ထင်လျှက် ၊ မုသားမဲ့ ကင်း
မာယာ ရှင်းစေ ၊ ဆန္ဒ စေရာ
သိက္ခာ ကင်းမဲ့  ၊ ပန်းခြွေ မြေခ
ငို မျက်ရည် လည်း ၊ ကတိ ကိုထပ်
သစ္စာ ထိပ်တင် ၊ ချစ်ရင်း စိတ်ဖြင့်
ချော့တေး ဆို တဲ့ ……. ကို လူငယ် ……… ။
ကတိသစ္စာ ၊ သည်းသည်း ရွာပြီး
ပျော်ရွင် မြူးကာ ၊ အိပ့်တန်း ဝင်ချိန်
အိမ်ရှေ့ ရောက်မှ ၊ အသွင် ထူးထူး
ဒေါသ ဖုံး တဲ့ ၊ အဖေ အသံ
အိမ်လုံး လွှမ်း လျှက် ၊ အမေ့ မျက်ရည်
မိုးသည်း ထက်မှ ၊ အသံ တိတ်ဆိတ်
ရှိုက် ရှိုက် ငိုငြီး ၊ ရင် နစ် စေရာ
အကြောင်း စုတော့ ၊ ချစ်လှ စွာသော
ပျိုစင် နှမ ၊ ကိုယ်ဝန် နှစ်လ
မိုက်ဇာတ် ရယ် ပေါ် ၊ ရင်ထက် ငို ငြီး
အရှုက် ဒေါသ ၊ သိမ့်သိမ့် မြို ၍
ချစ်ရင်း စိတ်ဖြင့် ၊ ချော့တေး ဆို ရာ
တေး၏ ကျိန်စာ ၊ ရင်၌လောင် လေတော့ ….. ၏  …… ။
မောင်ဘုန်း
5 comments:
  1. အင်း
    ကိုဘုန်းတို့များ ရေးလိုက်ရင်ဖြင့်
    နင့်အင့် နေအောင် ခံစားရတယ် ။
    ReplyDelete
  2. မောင်ဘုန်းရေ
    ကောင်းလိုက်တဲ့ အရေးအသား။ဖတ်ရသူ ကျေနပ်ပီတိဖြစ်ရတယ်။
    ကိုယ်သာဘာမှ မတတ်တာ။ခုလို ရေးတတ်သူတွေကို အစဉ်လေးစားတယ်။
    မကြီးလွမ်း
    ReplyDelete
  3. အသံနေအသံထားနဲ့ ရွတ်ကြည့်ရင် တော်တော်ရွတ်လို့ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ။
    ReplyDelete
  4. ကိုဘုန်းရေ ပျောက်နေပါလား ရှိသေးလား
    From. မောင်တလုံး
    ReplyDelete
  5. ကဗျာဖတ်လိုက်ရတာ ဒေါသတောင်ထွက်လာသလိုဘဲ
    မောင်ဘုန်းရေ
    အေ၇းအသားက ဆွဲခေါ်သွားတာ
    ReplyDelete