Pages

Sunday, July 1, 2012

ရွှေဖီမြေမှ ချစ်ရသူ








ရွှေဖီမြေ မြိုင်ရိပ်ဆီက
နှင်းမှုံ တွေဝေ
စိမ်းစိုတဲ့ ရွှေဖီမြေ
သည်အခါ တောင်ယံတွေကြားမှာ
ခါတော်မှီ ရွှေဖီခူးမို့ 
တောင်ယံဆီ လှမ်းလို့ ပျော် ….. ။

မြိုင်ယံလယ် ရွှေဖီခင်း ဝယ်
ရွှေဖီသူ နွဲ့ နွဲ့  ဟန်က
ချည်လက်ရှည် ရယ်  ထမီတို
ခမောက်ငယ် နဲ့  ပလိုင်းဆင်
ယဉ်တကိုယ် ဆန်းလှပုံက
ကပိုကရို လှကွက်ချယ်တယ် …… ။

ရောင်နီဖြာ အပူသန်း ပြန်တော့
အသားစို အဖြူထက်ဆီက
ရွှေအဆင်းချယ် သနပ်ခါး မှာဖြင့်
ရွှေဖီသူ မောရရှာလို့ 
ချွေးစို့  ကာ စိုရရှာလည်း
လေအဝှေ့  မှာ အေးရပြန်သည် …. ။

အိုး …….
မဖြေသာဘူး ရွှေဖီသူရယ် ….
တပြည်ဆီက မောင့် ရင်မှာ
ရွှေဖီမြေက နှင်းတွေ လို
မှိုင်းအုံ့ အုံ့  ပေါ့ ….
ရွှေဖီမြေမှ ချစ်ရ သူရယ်  ………. ။



ရွှေဖီမြေ


 ရွှေဖီသူ (သို့ ) ကျနော်ရဲ့ ချစ်လှစွာသော ကောင်းကင်ဖြူ




မောင်ဘုန်း

9 comments:

  1. ရွှေဖီမြေမှ ချစ်ရသူကောင်းကင်ဖြူအတွက် ကဗျာလေးအားပေးသွားတယ် မောင်ဘုန်းရေ။
    ကပ်စေးနည်းလိုက်တာ နောက်ကျောဘက်ကပဲ ပြထားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. အန်တီ .... မောင်ဘုန်း တောင်းပန်ပါတယ် ... အန်တီ comment တွေ ကို အခုမှ spam ထဲမှာ တွေ့ လို့ တင်လိုက်တာပါ .... ကျနော် comment ကို ပိတ်ထားတာမရှိပါဘူး အခုတလော လည်း လိုင်းပေါ်မရောက်ဖြစ်ဘူးလေ ... နောက်ပြီ comment မှာ spam တွေ အများကြီး ဝင်နေတယ် ... ဘာဖြစ်တာလည်းတော့ ကျနော် လည်း သိဘူးရော ..... ။

      Delete
  2. လူပျိုကြီးတို့ကတော့ နုချက်ဗျာ... ကိုမောင်ဘုန်း အလွမ်းက ကျွန်တော်တောင် မိုးလွတ် လက်ဖက်ခြောက်နံလေး သင်းသွားသေးတယ်...

    ReplyDelete
  3.း) အဲဒီဒေသကိုရောက်ဖူးချင်တယ်
    ပြီးတော့ လက်ဖက်ခူးနေတဲ့ တိုင်းရင်းသူလေးတွေနဲ့ စကားပြောချင်တယ်း)း)
    လက်ဖက်ကူခူးရင်း အမောပြေရေနွေးကြမ်းခါးရှရှလေးသောက်ရင်းးး)း)


    မောင်ဘကြိုင်

    ReplyDelete
  4. ချစ်လှစွာသော ကောင်းကင်ဖြူ
    မြင်စမ်းချင်ပါရဲ့ကွယ် ဒီဖက်လေးလှည့်ရိုက်ရောပေါ့

    ReplyDelete
  5. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete
  6. ဟုတ်ပါ့မောင်ဘုန်းရာ ပြမယ်ဆိုလည်း မျက်နာလေးတော့ပြပါလို့ 
    ချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ

    ReplyDelete
  7. အချစ်တွေအလွမ်းတွေအထင်းသားပါလား မောင်ဘုန်းရေး))

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  8. ရွှေဖီမြေက လက်ဖက်က သိပ်ကောင်းမှာပဲ..မျက်နှာလေးတော့ ပြမှပေါ့ မောင်ဘုန်းရဲ့ 

    ReplyDelete